Monday, November 14, 2016

♪ Android စမတ်ဖုန်းများ အချို့သော AD link ( ကြော်ငြာလင့် ) များကြောင့်လဲ Virus ဝင်ရောက်ခြင်းခံရနိုင် ♫


Android ဖုန်းအသုံးပြုသူတွေအနေနဲ့ application / game / music စတာတွေကို Download ရယူရာတွင်လည်း သတိထားစရာများရှိလာပါပြီ။ တင်ပေးထားတဲ့လင့်တွေကို ကြော်ငြာများခံထားတဲ့ AD လင့်များကြောင့်လည်း virus များဝင်လာနိုင်ပါတယ်။ ဒါပေမဲ့ AD လင့်များကနေတိုက်ရိုက် ဝင်ရောက်ခြင်းတော့မဟုတ်ပါဘူး။ လင့်တွေကိုဝင်လိုက်ရင် apk တစ်ခုကို auto download ပြု လုပ်ပါတယ်။ အဲဒီအခါမှာ install မလုပ်မိဖို့အရေးကြီးပါတယ်။ install လုပ်လိုက်ပြီဆိုရင်တော့ သင့်ဖုန်းအား virus ဝင်ရောက်ရန် လမ်းစပေးလိုက်ပြီလို့သာမှတ်လိုက်ပါ။ ဒါကြောင့် AD ခံထားသောလင့်များအား ဝင်ရောက် Download ရယူတော့မယ်ဆိုရင် auto download ပြုလုပ်ခဲ့ရင်တောင် အဲဒီ apk ကို မတော်မဆတောင် install မပြု လုပ်မိစေရန်သတိထားသင့်တယ်ဆိုတာကို အသိတစ်ခုအဖြစ် အသိပေးလိုက်ရပါတယ်။


အဆင်ပြေပါစေ။
Warmly Welcome
KoHtoo ( MMAS )


No comments:

Post a Comment