Friday, November 25, 2016

TWRP Recovery မှ Custom ROM တင်နည်း


TWRP Recovery မှ Custom ROM တင်နည်းကို လေ့လာနေကြတဲ့
ညီအကိုများအတွက် အလွယ်တကူ လေ့လာနိုင်အောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Custom Recovery ထဲတွင် TWRP Recovery အကြောင်းကို လေ့လာမိခဲ့ပြီဆိုရင်တော့
သူ့ရဲ့ ကောင်းကျိုးတွေနဲ့ သူ့အထဲပါဝင်နေတဲ့ Options များဟာ အရေးပါကြောင်းကို သတိထားမိကြပါ။


အများသိထားကြတဲ့ ဒီ Recovery မှ Flashable.zip ဖိုင်များကို အလွယ်တကူ ထည့်သွင်းနိုင်ကြောင်း
ပြီးတော့ custom kernel, boot, recovery, MODs များနဲ့ full custom ROMs များကိုပါ ထည့်သွင်းနိုင်ပါတယ်။

 မိမိဘက်အပိုင်းမှ သိထားရမှာကတော့ အဆိုပါ Rom Custom Rom သည်
XDA-Developers Rom ဖြစ်ကြောင်း ဖုန်းတွင် Root access ရရှိပြီး TWRP Recovery စသည်များထည့်သွင်းထားရမည်ဖြစ်ကြောင်းတွေကိုပေါ့

တကယ်လို့ သင့်ဖုန်းအတွက် Stock Firmware လေးနဲ့ မနေချင်တော့ပဲ Android Version အသစ်များကို
တင်သုံးချင်သပါ့ဆိုရင်တော့ သင်ကိုယ်တိုင်သိထားရမှာ အော်...ငါ့ဘ၀က Android phones တွေနဲ့ Familiar ပါပဲ ဆိုတဲ့ ခံယူချက်လေးပေါ့... ဒီတော့ အောက်ပါ စာကြောင်းလေးကို
အမြဲတမ်းအမှတ်ရပေးလိုက်ပါ၊ သင့်ဖုန်းအတွက် သို့တည်းမဟုတ် Old Models များ အတွက်

"Android is an open source operating system almost everything can be achieved easily."

Custom Rom ဆိုတာဘာလဲ
================
A custom ROM is one that has undergone any modification
 from being a pure distribution of Android.

ဆိုပြီး ဖွင့်ဆိုထားတာကို တွေ့ကြမှာပါ၊ နားလည်လွယ်အောင် ပြောရမယ်ဆိုရင်တော့၊ Custom နဲ့ Rom ကို
နှစ်ခုခွဲခြားပြီး မှတ်လိုက်ရင် ပိုအဆင်ပြေနိုင်ပါတယ်၊ Custom ဆိုတာ Android ဘက်တွင် Developers များ၏ စိတ်ကြိုက် ဖန်တီးရေးဆွဲထားခြင်းမျိုးကို ရည်ညွှန်းထားတာဖြစ်ပြီး ROM ဆိုတာ Read-Only Memory ကိုပြောတာပါ။

အတိုချုံ့ပြောရရင်တော့ Custom Rom ဆိုတာ Developers များရေးဆွဲထားသည့် Rom တစ်မျိုးပါ၊
Stock Rom မဟုတ်သည့် အတွက် Custom Recovery မှ တစ်ဆင့် တင်ယူရမှာပဲဖြစ်ပါတယ်။
Custom Rom ကိုဘာကြောင့်အသုံးပြုသင့်တာလဲ?
============================
ဒီအမေးအတွက် အဖြေက ကွဲပြားခြားနားချက်တွေရှိနိုင်ပါတယ်
လက်လှမ်းမှီသလောက်ပြောရရင်တော့ အကြောင်းအရာ လေးချက်ရှိပါတယ်။

၁။ Performance

ဖုန်းနဲ့ Tablets များ၏ Hardware ပိုင်းကို Manufacturer များက Device Speed အတွက်
အတိုင်းအတာ တစ်ခုဖြင့် အားလုံးကို clock စနစ်ဖြင့် ပြုလုပ်ပေးထားတာပဲဖြစ်ပါတယ်။

Custom Rom မှာတော့ အဲသလိုမဟုတ်တော့ပဲ Hardware ပိုင်းကို overclock စနစ်ဖြင့်
ဝင်ရောက်ပြီး Device speed ကို မြန်နှုန်အားကောင်းလားအောင် modify ပြုလုပ်ယူနိုင်ပါတယ်။

၂။ Battery Life

Overclocking အကြောင်းကိုပြောမိရင်တော့ Underclocking အကြောင်းကိုလည်း
ထည့်ပြောမှအဆင်ပြေမှာပါ သူ့ရဲ့ သဘောတရားက ဥပမာ massive processor လို့ခေါ်တဲ့
 speed အားအတွက် processor error များကို မလိုအပ်ဘူးဆိုရင်လည်း မိမိစိတ်တိုင်းကျ
တိုင်းတာပြီး အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။

မူပိုင်ပါလာတဲ့ Processor က Lower speed ကိုအသုံးပြုထားတာဖြစ်စေမယ့် တစ်ရက်တာအတွက်
battery life ကို increases ပြုလုပ်နိုင်မှာပါတယ်၊ ဒါက ဖုန်း၏ multiple times ကို သိရှိနိုင်မယ့် အချက်ဖြစ်ပါတယ်။

၃။ Updates 

Update ဆိုရင်တော့ သိတဲ့အတိုင်းပဲ official ကတိုက်ရိုက် ချပေးလာမှ Upgrade ပြုလုပ်နိုင်တာက
Stock Rom အတွက်ပါ၊ မချခဲ့လျှင်တော့ ပေါ်လာနိုးဖြင့် စောင့်နေလိုက်တော့ old model များ
အတွက်တော့ ဖြစ်နိုင်လာ %%% နှုန်း နည်းသွားပြီပဲဖြစ်ပါတယ်။

Custm Rom ဘက်မှာတော့ Manufactureres များ၏ offer ပြုလုပ်လာမှုကို စောင့်စားနေစရာမလိုပဲ
အသစ်ထွက်လာသမျှ ဗားရှင်းအသစ်များနဲ့ Roms များကို အလွယ်တကူ Upgrade ပြုလုပ်ရယူနိုင်ပါတယ်။

၎။ Customization

Android စနစ်က Customization အတွက်တော့ already very လို့ပြောလိုက်ဖို့ထက်
right out of the box လို့ပြောလိုက်ရင် ပိုပြီး ပြည့်စုံမယ်လို့ ထင်ပါတယ်။

Custom Rom ဘက်မှာတော့ notification ရဲ့ color များ၊ Vibration နဲ့ Screen resolution
 အတွက် အခြေအနေအားလုံးကို အလွယ်တကူ Modify ပြုလုပ်ရယူနိုင်ပါတယ်။


အထက်ဖေါ်ပြပါ နည်းလမ်းများသည် Custom Rom ကို ဘာကြောင့်
အသုံးပြုသင့်သလဲ ဆိုတဲ့ Out of the box ကို အကြမ်းဖြင့် ဖေါ်ပြခြင်ဖြစ်ပါတယ်။

လိုအပ်ချက်များ
========
၁။ TWRP Recovery တစ်ခုခုထည့်သွင်းထားပြီးသားဖြစ်ရပါမယ်။

၂။ Nandroid Backup တစ်ခုပြုလုပ်ထားပေးပါ။

၃။ ဘက်ထရီအားသည် အနည်းဆုံး 70% ရာခိုင်နှုန်းရှိရပါမည်။

၎။ “သက်ဆိုင်ရာ ဖုန်းအတွက် "Custom Rom” File ကိုဒေါင်းလော့ရယူပါ။

၅။ ဖေါ်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်ပါရန်။



Samsung ဖုန်းများကို Odin ဖြင့် TWRP Recovery ထည့်သွင်းနည်း



 ADB & Fastboot ဖြင့် TWRP Recovery ထည့်သွင်းနည်း



 ငြင်းဆိုချက်
=========
ယခုဖေါ်ပြ Custom Rom Flashing Guide သည် Official အတိုင်းလမ်းညွှန်ပေးထားခြင်း
ဖြစ်ပါသည်၊ အကြောင်းတစ်ခုခုကြောင့် ပျက်စီးသွားခဲ့သည်ရှိသော် လုံးဝတာဝန်မယူပါ။

အထူးပြောကြားလိုတာက ဒီ Custom Rom တင်သွင်းနည်းသည် အတွေ့အကြုံ
အလေ့အထ ရှိသူများအတွက်သာ ပိုသင့်တော်ပြီး တစ်ခါမှ အလေ့အထမရှိတဲ့သူများ
အနေဖြင့်တော့ အမှားတစ်ခုခုဖြစ်နိုင်တာကြောင့် စမ်းသပ်ထည့်သွင်းခြင်းမျိုးမပြုလုပ်ပါရန်

ဖေါ်ပြပါ လမ်းညွှန်သည် ပြည့်စုံမှု မပြည့်စုံမှုထက် Custom Rom တင်ယူရန်အတွက်
မိမိရဲ့ OWN Risk အပေါ်မှာသာ မူတည်ပါလိမ့်မယ်။

 Custom Rom Firmware တင်နည်း
======================
၁။ ပထမဆုံး မိမိဖုန်းမှာ CWM & TWRP Recovery များ
ထည့်သွင်းထားမှုကိုသေချာအောင်ပြုလုပ်ရပါမည်။

၂။ ဖုန်းကို Nandroid Backup ပြုလုပ်ထားလိုက်ပါ။

 ၃။ “သက်ဆိုင်ရာ ဖုန်းအတွက် Custo Rom” File ကို
 ဒေါင်းလော့ရယူပြီး SD Card သို့ Copy ကူးထည့်လိုက်ပါ။

၎။ ဖုန်းကိုပါဝိတ်ပြီး Custom recovery mode သို့ဝင်လိုက်ပါ Custom recovery mode တွင်
Wipe Data/Factory data reset, Wipe Cache များကို ရှင်းထုတ်ပေးပါ
ပြီးရင် Advance > ကိုနှိပ်ပြီး Wipe Devlik Cache များကိုရှင်းထုတ်လိုက်ပါ။

၆။ Custom Recovery Mode တွင် Install Zip > Choose Zip from SD card >
သွားလိုက်ပြီး “Custom Rom” File ဖိုင်ကိုရွေးချယ်ပြီး Flash ပေးလိုက်ပါ။

၇။ ပြီးရင် Advance > ကိုနှိပ်ပြီး Wipe Devlik Cache များကိုရှင်းထုတ်လိုက်ပါ။

၈။ အားလုံးပြီးသွားရင်တော့ Main menu သို့ပြန်လာခဲ့လိုက်ပါ။

၉။ "Reboot system now" ကိုနှိပ်ပေးပြီး ဖုန်းကို Reboot ချလိုက်ပါ
ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Custom Rom လေးလန်းနေပါလိမ့်မယ်။



Android ဖုန်းများကို Custom Rom တင်နည်းများ




ဇူးနစ်(နည်းပညာ)


www.zunite.org
 
 

No comments:

Post a Comment