Wednesday, November 23, 2016

♪ အနီးအနားက Wi-Fi network တွေကိုရှာဖွေနိုင်မယ့် Facebook feature အသစ် ♫


အနီးအနားမှာ ရှိနေတဲ့ WiFi network တွေကို ရှာဖွေနိုင်မယ့် Find Wi-Fi ဆိုတဲ့ feature အသစ်ကို Facebook အနေနဲ့ စမ်းသပ်လုပ်ဆောင်နေပြီလို့သိရပါတယ်။ အနီးအနားမှာရှိတဲ့ Public Wi-Fi တွေနဲ့ Business Wi-Fi တွေရဲ့ တည်နေရာတွေ ကို ဖော်ပြပေးမှာဖြစ်ပြီး ရွေးချယ်ထားတဲ့ နိုင်ငံ တွေမှာသာ ရရှိမှာဖြစ်ပါတယ်။

Facebook ဟာ Wi-Fi location တွေကို စာရင်းပြုစုဖို့အတွက် မကြာသေးခင်ကာလက စတင်ပြီး Page တွေကို Physical address မေးမြန်းမှုတွေစတင်လုပ်ဆောင်ခဲ့ပါတယ်။

enable-find-wi-fi-585x1024

Find Wi-Fi ကို Enabled လုပ်လိုက်တာနဲ့ ဖုန်းရဲ့ Location ကိုဖွင့်ပြီး အနီးအနားမှာ ရှိတဲ့ Wi-Fi တွေကို စက္ကန့်ပိုင်း အတွင်းရှာဖွေကာ စာရင်းပြုစုပေးမှာဖြစ်ပါတယ်။

img_5153-150x150

Facebook အနေနဲ့ အခု feature အသစ်ဟာ Live video feature ကို အပြည့်အဝထောက်ပံ့နိုင်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ Live တင်နေတုန်း စိတ်အနှောင့်အယှက်မဖြစ်ရစေဖို့ ကောင်းမွန်တဲ့ အင်တာနက် လိုင်းကို ရွေးချယ်နိုင်စေဖို့ ရည်ရွယ်တာဖြစ်တယ်လို့ သိရပါတယ်။


Credit to ==> Digital Times

No comments:

Post a Comment