Facebook က Messenger ကို ပင်မ Facebook App ကနေ ခွဲထုတ်ခဲ့ပါတယ်။ သူ့ရဲ့ Messenger ကို သီးခြား အသုံးပြုစေချင်တဲ့ သဘောပါ။ Messenger ရဲ့ စွမ်းဆောင်ချက်တွေကိုလည်း ဒီထက် ပိုမို ကောင်းအောင် ပြုလုပ်ပေးဖို့ ရည်ရွယ်ပါတယ်။ အမေရိကန်မှာ Messenger ကနေ ငွေလွှဲနိုင်ပါပြီ။ Messenger အတွက် Bot တွေကို Developer များ ဖန်တီးနိုင်မယ့် ပလက်ဖောင်းကိုလည်း မိတ်ဆက်ခဲ့ပြီးပါပြီ။

စီးပွားရေးလုပ်ငန်းတွေက ဖောက်သည်တွေ မေးမြန်းတာကို လူကိုယ်တိုင် ဖြေစရာမလိုတော့ဘဲ စက်ရုပ်တွေကို ဖြေခိုင်းနေပါပြီ။ CNN ရဲ့ Messenger Bot ကို ဖတ်ချင်တဲ့ သတင်း ရှာခိုင်းလို့ရပါပြီ။ အခုလည်း Facebook က Messenger ကနေ SMS ပေးပို့၊ ဖတ်ရှုနိုင်အောင် ပြုလုပ်ပေးလိုက်ပါပြီ။ သင့်ဖုန်းမှ SMS App ကို ထိစရာမလိုတော့ပါဘူး။

၁။ Messenger ကို ဖွင့်လို့ Read SMS in Messenger ကို မြင်ရရင် သင့်ဖုန်းမှာ ဒီစွမ်းဆောင်ချက်ကို သုံးနိုင်ပါပြီ။ Facebook က စွမ်းဆောင်ချက်များကို ကမ္ဘာတစ်ဝန်းလုံးသို့ တစ်ဖြည်းဖြည်းချင်း ထည့်သွင်းလေ့ရှိတဲ့အတွက် သင့်ဖုန်းမှာ ဒီလို စာသားကို မမြင်ရရင် စောင့်ဆိုင်းရဦးမှာပါ။ စာသားကို မြင်ရရင် Ok ကို နှိပ်ပါ။

1

၂။ ညာဘက်ထောင့်စွန်းမှ လူပုံ ( Settings ) ကို နှိပ်ပါ။ SMS ထဲသွားပါ။

2

၃။ Default SMS App မှ ခလုတ်ကို ညာဘက်ဆွဲပြီး On လုပ်ပေးပါ။ Multi Media Message များကိုလည်း Facebook Messenger ကနေ လက်ခံချင်ရင် Auto-retrieve MMS မှာ On လုပ်ပေးပါ။

3

ဒီလိုလုပ်ပြီးရင်တော့ သင့်ဖုန်းဆီ SMS, MMS များ ၀င်လာရင် Facebook Messenger ကနေ ဖတ်နိုင်ပါပြီ။ Facebook Messenger ကနေလည်း SMS, MMS များ ပို့နိုင်ပါပြီ။