Tuesday, November 29, 2016

Diode ဆိုတာ...




Diode



Diode ဆိုတာ အီလက်ထရောနစ်ပံ့ပိုးပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ သဘောတရားအားဖြင့်ပြော ရရင်တော့ သူ့မှာ Anode ( A + ) နဲ့ Cathode ( K – ) ဆိုတဲ့ ငုတ် ၂ မျိုးပဲရှိပါတယ် ။ ငုတ်အရေအတွက်အနေနဲ့ပြောရရင်တော့ ၂ ငုတ်အမျိုးအစား Diode ကနေ ၃ ငုတ်အမျိုးအစား ၊ ၄ ငုတ်အမျိုးအစား အစရှိသဖြင့် ငုတ်အရေအတွက် အမြောက်အများပါတဲ့ Diode တွေရှိနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့မှာ Anode ငုတ်နဲ့ Cathode ငုတ်ဆိုပီးတော့ပဲ သတ်မှတ်ပါတယ်။ Anode တို့ Cathode တို့ဆိုတာ စာသဘောတရားနဲ့ပြောရရင် Electode တွေပါ ၊ ငုတ်အမျိုးအစား ၂ မျိုးပါလို့ ( Di-Electrodes ) ဆိုပီးခေါ်ပါတယ် အဲ့ဒီအနေတစ်ဆင့် Di ရယ် electrode က ode ရယ်ပေါင်းပီး Diode ဆိုပီး ခေါ်ဆိုခဲ့ပါတယ်။

အောက်မှာ Diode အမျိုးအစားတွေကို ဖေါ်ပြထားပါတယ် ။ Mobile Device တွေမှာတော့ အဲ့ဒီ Diode တွေအကုန်မပါဝင်တဲ့အတွက် အကုန်လုံးတော့ ရှင်းပြသွားမှာ မဟုတ်ပါဘူး
• Backward diode
• BARITT diode
• Gunn Diode
• Laser diode
• Light emitting diodes
• Photodiode
• PIN diode
• PN Junction diode
• Transient voltage supression diodes
• Schottky diodes
• Step recovery diode
• Tunnel diode
• Varactor diode or varicap diode
• Zener diode

အထက်ဖေါ်ပြပါ အများအစားတွေထဲကမှ မိုဘိုင်းဖုန်းမှာ အသုံးပြုလေ့ရှိတဲ့ Diode အမျိုးအစားတွေကိုပဲ ဦးစားပေးဖေါ်ပြသွားမှာပါ

1. PN Junction diode
2. Schottky diodes
3. Light emitting diodes
4. Zener diode
5. Transient voltage supression diodes
မှတ်ချက်။ ။ Proximity Sensor တွေဟာ Photo Diode တွေနဲ့အလုပ်လုပ်ပုံဆင်တူပေမယ့် ပုံစံတည်ဆောက်ပုံမတူညီတဲ့အတွက် Proximity Sensor တွေကို diode စာရင်းမသွင်းရပါဘူး သူ့အတွက် သီးသန့် သင်ခန်းစာမှာ ဖတ်ရှုပါ။

PN Junction Diode
ယနေ့ PN Junction diode ကို Standard Diode သို့မဟုတ် Normal Diode တစ်ခုအနေနဲ့ ခေါ်ဝေါ်သတ်မှတ် သုံးစွဲကြပါတယ် ၊
Typical Symbol of Diode
Anode က ( + ) ကို ကိုယ်စားပြုပီး Cathode က ( – ) ကို ကိုယ်စားပြုပါတယ် မျက်လုံးအမြင်နဲ့ပဲ ခွဲခြားဆုံးဖြတ်ရမယ်ဆိုရင် Cathode ( အနုတ်ငုတ် ) ဘက်မှာ ဆေးရောင်အဖြူနဲ့အရစ်လေးတစ်ရစ် ပါ ပါတယ် ( တစ်ချို့အလုံးတွေမှာတော့ အမည်းရစ် နဲ့ပါ ) ၊ သာမာန် Diode တစ်လုံးအနေနဲ့ လျှပ်စီးပတ်လမ်းကို တစ်ဘက်တည်းပဲ One-Way စီးဆင်းစေပါတယ် ၊
• အပေါင်းလျှပ်စီးလိုင်းဟာ Anode ငုတ္ကေန Cathode ငုတ်ဘက်ကို ဖြတ်သန်းစီးဆင်းနိုင်ပါတယ် ပြောင်းပြန်ပုံစံ ပေးသွင်းထားရင်တော့ လျှပ်စစ်မစီးဆင်းတော့ပါဘူး ။

• အနုတ်လျှပ်စီးလိုင်းဟာ Cathode ကေန Anode ကို ဖြတ်သန်းစီးဆင်းနိုင်ပါတယ် ။ ပြောင်းပြန်ပုံစံ ပေးသွင်းထားရင်တော့ လျှပ်စစ်မစီးဆင်းတော့ပါဘူး ။
အနှစ်ချုပ် မှတ်သားရန်
အနှုတ်လျှပ်စီးလိုင်းဟာ Anode ကို ဖြတ်ပီး Cathode ကို မစီးဆင်းနိုင်ပါဘူး အပေါင်းလျှပ်စီးလိုင်းကလည်း Cathode ကို ဖြတ်ပီး Anode ဘက်ကို မစီးဆင်းနိုင်ပါဘူး ။Diode တွေဟာ Reverse Bias ပေးသွင်းရင် အလုပ်မလုပ်ဘူးလို့ အနှစ်ချုပ်မှတ်သားထားပါ ၊
ဒီတော့ Normal Diode တွေကို ဖုန်းတွေမှာ Battery အပေါင်းအနုတ်မှားယွင်းချိတ်မိရင် ဖုန်းမပျက်စီးရလေအောင် Reverse Bias Protector အနေနဲ့ ထည့်သွင်းတည်ဆောက်လေ့ရှိပါတယ် အောက်ပါပုံကိုကြည့်ပါ
Schottky diodes
Schottky Diode Symbol
အပေါ်မှာ diode တစ်လုံးကို Forward Bias Diode { မီးသီးလင်းအောင်အာပေးသွင်းပုံ } Reverse Bias Protector diode { battery မှားလျှင် ဆားကစ်မပျက်စီးအောင် ကာကွယ်ပုံ } တွေမှာ ဖေါ်ပြခဲ့ပီးဖြစ်ပါတယ် ယခုဖေါ်ပြမှာက Rectifier Diode အကြောင်းပါ ၊ Diode တွေဟာ Positive သို့မဟုတ် Negative တစ်ခုတည်းကိုသာ ဖြတ်သန်းစီးဆင်းခွင့်ပြုထားတဲ့အတွက် AC Current ကေန DC Current အဖြစ်ပြောင်းလဲတဲ့နေရာမှာ အထူးအသုံးဝင်လှပါတယ် ၊ အဲ့ဒီလို Rectifier ပိုင်းမှာ ထည့်သွင်းသုံးစွဲတဲ့ Diode မျိုးကို Rectifier Diode လို့ ခေါ်ဝေါ်ပါတယ် ။ အောက်ပါပုံကို ကြည့်ပါ
Rectifier Diode တွေကို ၄င်းတို့ရဲ့ ခံနိုင်ရည် ဗို့အား ၊ ဖြတ်သန်းစီးဆင်းခံနိုင်တဲ့ အင်ပီယာ ၊ အလုပ်လုပ်နိုင်စွမ်းရှိတဲ့ ကြိမ်နှုန်းတွေပေါ်မူတည်ပီး Diode အမျိုးအစားတွေကိုရွေးချယ်ရပါတယ် ။ မိုဘိုင်းဖုန်းတွေမှာတော့ Schottky Diode တွေကို ထည့်သွင်းအသုံးပြုထားပါတယ်
အားသာချက်များ
• Low turn on voltage: silocon diode တွေထက် turn on voltage level နိမ့်ပါတယ် ၊ 0.2 ကေန 0.3 Volt လောက်ပေးတာနဲ့အလုပ်လုပ်နိုင်စွမ်းရှိပါတယ် ၊
• Fast recovery time: Stored Charge ပမာဏနည်းတဲ့အတွက် recovery time ပိုမြန်ပါတယ် ၊ ဒါကြောင့် Switched Mode Power Supply ( SMPS ) ပတ်လမ်းတွေမှာ အသုံးပြုကြပါတယ်
• Low junction capacitance: .contact ငုတ် ၂ ခုကို အလွန်နီးကပ်စွာ တည်ဆောက်ထား တဲ့ အတွက် junction capacitance level အလွန်နိမ့်သွားပါတယ် ၊
RF mixer နဲ့ Detector ပိုင်းတွေ ၊ Backlight Rectifier Diode တွေမှာ Schottky diode တွေကိုထည့်သွင်းသုံးစွဲလေ့ရှိပါတယ် ။
Light emitting diodes ( L.E.D )
L.E.D
LED ဆိုတာ Diode အမျိုးစားဝင်တစ်မျိုးဖြစ်ပါတယ် ၊ ဗို့အားပေးလိုက်တာနဲ့ အလင်းထုတ်ပေး နိုင်တဲ့ diode အမျိုးအစားတစ်မျိုးပါ၊ AC ရော DC ရော ဘာကျွေးကျွေး မီးလင်းပါတယ် ၊ ဖုန်းတွေမှာတော့ DC Supply နဲ့ပဲအလုပ်လုပ်ပါတယ် ၊ အသုံးပြုလေ့ရှိတဲ့နေရာတွေကတော့
1. Backlight LED Driver
2. Camera Flash
3. Buttom Light တို့ဖြစ်ပါတယ်
Mobile Phone Backlight L.E.D
Zener diode
Zener Diode တွေကို တည်ငြိမ် ဗို့အားပေးပိုင်းတည်ဆောက်ရာမှာ ထည့်သွင်းအသုံးပြုကြပါတယ်။ Zener diode တွေရဲ့တန်ဖိုးကို သူတို့ရဲ့ Breakdown Voltage နဲ့သတ်မှတ်ပါတယ်။ ဥပမာ 3V ZD ,4.7 ZD , 5V ZD အစရှိသဖြင့်တန်ဖိုးသတ်မှတ်ပါတယ် ။ ဒီနေရာမှာ Breakdown Voltage ကို နားလည်လွယ်အောင် ရှင်းပြပေးဖို့လိုလာပါတယ်။

သာမန် PN Junction Diode တွေဟာ A K Cathode မွာ အပေါင်းဗို့ပေးထားလို့ Anode ဘက္ကို Current မစီးဆင်းနိုင်ပါဘူး ။ ဒါပေမယ့်လည်းသူတို့မှာ အကန့်အသတ်ရှိပါသေးတယ် သူတို့ခံနိုင်စွမ်းအားထက်ကျော်လွန်အောင်ပေးသွင်းလိုက်ရင်တော့ကျိုးပျက်မှတ် Breakdown Point ကိုရောက်ရှိသွားရင် လျှပ်စစ်စတင်စီးဆင်းပါတယ် ၊ ဒါကို Breakdown Voltage လို့ခေါ်ပါတယ်။ ဥပမာ 3 V Zener Diode တစ်လုံး ပြောင်းပြန်ဘက်လိုက်ဗို့အားပေးထားတယ် ( Cathode မှာ အပေါင်းရှိ နေပီး Anode မှာ အနုတ်ဗို့အားရှိနေချိန် ) ဆိုပါစို့ ၊ Cathode မှာ ပေးသွင်းထက် ဗို့အားက 3V နဲ့အောက်မှာ ရှိနေချိန် ဘာမှ မဖြစ်ပေမယ့် 3V ထက်ကျော်လွန်လာရင်တော့ Cathode ကေန Anode ကို လျှပ်စစ်စတင်စီးဆင်းပါတော့တယ် အဲ့ဒီနည်းနဲ့ပဲသူက Cathode ငုတ်နဲ့ ပတ်လမ်းအတူတူ ရှိနေတဲ့ အပိုင်းတွေကို Volt အားတည်ငြိမ်အောင်ထိန်းပေးထားပါတော့တယ် အောက်မှာပြထားတဲ့ နမူနာပုံကိုကြည့်ပါ ။

Zener Diode ရဲ့ Cathode ငုတ်ကိုသက်ရောက်နေတဲ့ ဗို့အားသာ 3V ထက်ကျော်လွန်လာရင် ZD ရဲ့ Anode ငုတ်ဘက်ကို လျှပ်စစ်စတင်စီးပါမယ် ၊ ဒီနည်းအားဖြင့် ZD ရဲ့ Cathode ငုတ်မှာ တည်ငြိမ်ဗို့အား (Regulated Voltage ) 3 V ကိုရှိနေပါတော့တယ်
Transient voltage supression diodes
Uni-directional Bi-directional
transient-voltage-suppression (TVS) diode ဆိုတာ circuit protector တစ်မျိုးပါပဲ ၊ Zener Diode ၂ လုံးကို မျက်နှာချင်းဆိုင် ဆက်ထားတာနဲ့ ပုံစံတူပါတယ်။ သူဘာတွေကိုကာကွယ်သလဲ ? sensitive ဖြစ်လွန်းတဲ့ ဆားကစ်ပတ်လမ်းတွေကို human body နဲ့ထိတွေ့ပွတ်တိုက်မိလို့ဖြစ်ပေါ်လာတဲ့ static charge တွေ Voltage Spike တွေကြောင့်ပျက်စီးမသွားအောင်ကာကွယ်တဲ့ နေရာမှာထည့်သွင်းသုံးစွဲကြပါတယ်။ TVS Diode တွေကို Uni-directional နဲ့ Bi-directional ဆိုပီး ၂ မျိုးတွေ့နိုင်ပါတယ်။ မိုဘိုင်းဖုန်းတွေမှာတော့ Bi-directional တစ်မျိုးတည်းကိုပဲ I/O Module တွေ မှာထည့်သွင်းသုံးစွဲပါတယ် ။ SIM Card reader တွေ ၊ Headphone Speaker တွေ TFlash reader တွေရဲ့ပတ်လမ်းတွေမှာတွေ့နိုင်ပါတယ် ။ မိမိ Protect လုပ်ချင်တဲ့ လမ်းကြောင်းနဲ့ Circuit Ground ပေါ်မှာ တိုက်ရိုက်ခွဆက်ပီး သုံးရပါတယ် Zener Diode တွေကို သုံးစွဲပုံနဲ့ဆင်တူပါတယ် ။ Diagram တွေမှာတော့ ESD ( Electostatic Discharge ) Protector ဆိုပီး ညွှန်းဆိုထားတာတွေ့နိုင်ပါတယ်။ ESD က ဖြစ်စဉ်တစ်ခုကိုပြောတာဖြစ်ပီး TVS က component ကိုဆိုလိုတာပါ

Schottky Diode

သီဟထိုက်



No comments:

Post a Comment