Wednesday, November 30, 2016

Redmi Note 3 ဖုန်းနဲ့ အခြားသော Xiaomi ဖုန်းများတွင် No Netwok ပြသနာဖြေရှင်းနည်း


Redmi Note 3 ဖုန်းနဲ့ အခြားသော Xiaomi ဖုန်းများတွင် No Netwok ပြသနာဖြေရှင်းနည်းကို
Xiaomi ဖုန်း ပရိသတ်များအတွက် Google အလည်သွားရင်းတွေ့မိလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Users အများစုကြုံတွေ့နေကြတဲ့ ပြဿနာတစ်ခုကတော့ No Network ဆိုတဲ့အပိုင်းပါပဲ၊ ဒီ issue က
ဘာကြောင့် ဖြစ်လာလဲဆိုတော့ Custom Rom တွေ MIUI Rom တွေကို တင်သုံးမိတာမျိုးကြောင့်ပါ။
အဆိုပါ Rom များကို မိမိဖုန်း Device တွင် တင်သုံးလိုက်တတာနဲ့ No network ဆိုတဲ့ ပြသနာမျိုးကို
မြင်နေရတာပဲဖြစ်ပါတယ်၊ တကယ်လို့သင့်ဖုန်းမှာ ဒီလိုမျိုး error တက်နေခဲ့ရင်တော့ အောက်ပါနည်း
လမ်းအတိုင်း fix လေးလုပ်ပေးလိုက်ပါ၊ အဆင်ပြေသွားပါလိမ့်မယ်။

အဲဒီပြသနာကို အလွယ်တကူ ဖြေရှင်းနိုင်ဖို့က MIUI 8 Fastboot Rom မှ ဖိုင်တစ်ခုလိုအပ်ပါတယ်၊
အဲဒီဖိုင်ဖြင့် ADB Fastboot Command များဖြင့် အလွယ်တကူ ဖြေရှင်းနိုင်မှာပဲဖြစ်ပါတယ်။
ဒီနည်းလမ်းဖြင့် MIUI Rom များကိုတင်သုံးနေကြတဲ့ Xiaomi ဖုန်းအားလုံးကို support လုပ်ပေးမှာပါ
Process ကိုမပြုလုပ်မှီ သင့်ဖုန်း၏ Personal Data များကို ကြိုတင် Backup ပြုလုပ်ထားလိုက်ပါ။
သတိပေးချက်...။ သင့်ဖုန်း၏ damage ကို တာဝန်ယူဆောင် www.zunite.org (ဇူးနစ်-နည်းပညာ) မှ
ရွက်ပေးသွားမှာတော့မဟုတ်ပါ၊ အဆင်ပြေမှု မပြေမှုက သင့်၏ Own risk အပေါ်မူတည်ပါလိမ့်မယ်။
လိုအပ်ချက်များ
=========
၁။ ADB Fastboot Driver ကိုကွန်ပျူတာတွင် ထည့်သွင်းထားပါ။
၂။ ADB Fastboot .zip ကို ဒေါင်းလော့ပြီး ADB Folder ဖြင့်ထားပါ။
၃။ မိမိဖုန်းအတွက် သက်ဆိုင်ရာ Fastboot Boat ROM ကိုဒေါင်းလော့ရယူပါ။
၎။ Read The Instruction (လမ်းညွှန်အတိုင်း ပြုလုပ်ပါ)

No Netwok ပြသနာဖြေရှင်းနည်း
===================
၁။ ကွန်ပျူတာတွင် ADB Fastboot Driver ကို Install ပြုလုပ်ထားပါ။
၂။ ADB Fastboot .zip ကို ဒေါင်းလော့ပြီး ADB Folder ဖြင့်ထားပါ။


 Download Here ADB & Fastboot Zip


၃။ အောက်ပါလင့်တွင် မိမိဖုန်းအတွက် သက်ဆိုင်ရာ 
Fastboot boat Rom ကိုဒေါင်းလော့ရယူပါ။
၎။ ဒေါင်းလော့ရာလာတဲ့ Rom ကို zip ဖြည်လိုက်ပါ၊ zip ဖြည်ထားတဲ့ 
Rom folder ထဲမှ image Folder ကို ထပ်သွားလိုက်ပါ၊ 
၅။ အဲဒီ image Folder ထဲတွင် “NON-HLOS.bin” file ကိုတွေ့ပါလိမ့်မယ်။

၆။ “NON-HLOS.bin” ဖိုင်ကို Copy ကူးယူပြီး ADB Folder ထဲမှာ Paste ပြုလုပ်ပါ။
၇။ ဖုန်း Developer Options မှ USB debugging ကို Enable ပြုလုပ်ထားပါ။
၈။ ဖုန်းကို ကွန်ပျူတာတွင် Normal Mode ဖြင့် ချိတ်ဆက်လိုက်ပါ။
၉။ Fastboot Folder ကိုဖွင့်လိုက်ပြီး Shift key and right-click တစ်ချက်ထောက်ပြီး
“open a new command window here” ဆိုတာကိုနှိပ်လိုက်ပါ။

၁၀။ ဖုန်းကို ပါဝါပိတ်လိုက်ပြီး၊ Vol Down + Power များကို
တွဲနှိပ်ပြီး Fastboot Mode သို့ဝင်လိုက်ပါ။

၁၁။ ADB Command ကိုသာ အသုံးပြုမယ်ဆိုရင်တော့
 အောက်ပါစာကြောင်းကို ရိုက်ထည့်ပြီး Enter ကိုခေါက်ပါ။
“adb reboot bootloader”
၁၂။ ဖုန်းမှာ Fastboot mode သို့ရောက်သွားတဲ့အခါ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်မှု
အဆင်ပြေ မပြေ အောက်ပါ Command ကို ရိုက်ထည့်ပြီး Enter ခေါက်ပါ။

fastboot devices
၁၄။ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်မှု အဆင်ပြေတာနဲ့ အောက်ပါ
Command ကို ထပ်ရိုက်ထည့်ပေးပြီး Enter ကိုထပ်ခေါက်ပေးလိုက်ပါ။

fastboot flash modem NON-HLOS.bin
၁၅။ Process တစ်ခု အောင်မြင်စွာဖြင့် ပြီးဆုံးသွားတဲ့အခါ ဖုန်းကို
Reboot ချပေးရန်အတွက် အောက်ပါစာကြောင်းကိုရိုက်ထည့်ပါ။

“fastboot reboot”

၁၆။ ပြန်တက်လာခဲ့ရင်တော့ သင့်ဖုန်းမှာ 
No Network ပြသနာအဆင်ပြေသွားပါလိမ့်မယ်။

အားမရသေးရင် အောက်ပါ Youtube လင့်တွင် ဆက်ပြီးလေ့လာပါ
 How to Fix No Network issue Any Xiaomi Phone
===============================
အားလုံးကိုကျေးဇူးတင်ပါတယ်
Ref & Credit-www.technobuzz.ne

ဇူးနစ်(နည်းပညာ)
 
 

No comments:

Post a Comment