Thursday, November 24, 2016

System.img ဖိုင်ကို တစ်စစီ Extract ဇစ်ဖြည်ထုတ်နည်း


System.img ဖိုင်ကို တစ်စစီ Extract ဇစ်ဖြည်ထုတ်နည်းကို
အလိုရှိနေကြတဲ့ ညီအကိုတွေအတွက် ပြန်လည်တင်ပေးလိုက်ပါတယ်။

Android Devices အများစုဟာ Data partitions များကို packed လို့ခေါ်တဲ့
တစ်စုတစ်ဝေးတည်း တစ်နေရာတည်းမှာ .img file အဖြစ်ထားလေ့ရှိပါတယ်။

အဲဒီ .img file ကို ဇစ်ဖြည်ချင်တယ်ဆိုရင်တော့ ဒီအတိုင်း zip extractor tools များဖြင့်
ဇစ်မဖြည်နိုင်တော့ပါဘူး ဥပမာ-နာမည်ကြီး 7-zip extractor tools လိုမျိုး ဆော့ဝဲတွေပဲပေါ့

7-zip Tool က Firmware File ကိုသာ ဇစ်ဖြည်နိုင်တာပါ၊ ဒါပေမယ့် သူ့နေရာနဲ့သူကတော့
အသုံးဝင်ကြတာချည်းဖြစ်တာမို့ အခုပြပေးသွားမယ့် နည်းလမ်းကတော့ 7-zip စသည်များဖြင့်
Firmware file ကို ဇစ်ဖြည်ထားလို့ ရလာတဲ့ ဖုန်း၏ system.img ဖိုင်ကို တစ်စစီ ဇစ်ဖြည်နည်းပဲဖြစ်ပါတယ်။
system.img ဖိုင်ကို ဘာကြောင့် ဇစ်ဖြည်ရတာလည်း ဆိုတာကို သိရှိဖို့ system ဖိုင်ထဲမှာ
ဘာတွေပါဝင်နေသလဲဆိုတာကို အရင်လေ့လာထားသင့်ပါတယ်၊ ပြီးတော့မှ ဇစ်ဖြည်လို့ ရလာတဲ့
system.img ဖိုင်မှ Data partition များကို အသေးစစ်လေ့လာနိုင်မှာပဲ ဖြစ်ပါတယ်။
System.img File တွင်ပါဝင်သည့် ဖိုင်များ
=======================
System.img File တွင်ပါဝင်သည့် ဖိုင်များကို Data Partition များဆိုပြီး အကြမ်းဖြင့် 
မှတ်သားထားနိုင်ပါတယ် အဲဒီ Partition များတွင် Android System ပိုင်းကို အထူးလေ့လာ
လိုက်စားနေကြတဲ့ သူတွေအတွက် အထူးစိတ် ၀င်စားစရာကောင်းလှတဲ့ အပိုင်းဖြစ်တာမို့ 
တစ်ခုချင်းစီကို modify ပြုလုပ်နိုင်ဖို့လည်း ဖြစ်ပါတယ်။

 System.img Files
1. App
2. big
3. cameradata
4. etc
5. fonts
6. framework
7.hdic
8. lib
9. lost+found
10. media
11. tts
12. usr
13. vendor
14. vold
15. vsc
16. wakeupdata
17. xbin
18. build.prop

ဖုန်းတစ်လုံး၏ အတွင်းပိုင်းလို့ လူသိများတဲ့ system.img ဖိုင်ထဲတွင် အထက်မြင်နေရသည့်
Partitions များအလိုက် ရှိနေကြတာဖြစ်ပြီး တစ်ခုချင်းစီး၏ File Size အလိုက် အားလုံးပေါင်းလိုက်ရင်
အနည်းဆုံး System.img ဖိုင်ဟာ 1GB ကျနော် ရှိနေတာပဲဖြစ်ပါတယ်၊ အဲဒါကြောင့် Firmware zip
ဖိုင်တစ်ခုကို ဖြည်ချလိုက်တဲ့အခါ အနည်းဆုံး 1GB ကျော်နေခြင်း ဒီ system.img ဖိုင်ကြောင့်ဖြစ်ပါတယ်။

နောက်ထပ် ဗဟုသုတ တစ်ခုအနေဖြင့် လေ့လာထားချင်တယ်ဆိုရင်တော့ applications များလို့
ခေါ်ဝေါ်နေကြတဲ့ နေ့စဉ်သုံး ဆော့ဝဲတွေဟာ system/app လို့တည်ရှိနေတာမို့ system ရဲ့အောက်မှာပဲ
တည်ရှိနေကြောင်းကိုလည်း တစ်ခါတည်း သိသွားနိုင်ပါတယ်၊ ပြီးတော့ Fonts အကြောင်းပေါ့ ဗားရှင်း
အလိုက် Android & Myanmar font ကိစ္စ နေ့စဉ်ဘ၀ထဲ မကြားချင်လည်း ကြားနေကြရမှာပဲဖြစ်ပါတယ်။

Solution way ကိုမသိသေးဘူးထားလိုက်ဦး Knowledge တစ်ခုအနေဖြင့် Fonts ဆိုတာက system ရဲ့
အောက်မှာပဲ တည်ရှိနေပါလား တကယ်လို့ Fonts တွေကို modify ပြုလုပ်ချင်တယဆိုရင်တော့ system ပိုင်းကို အဓိက လေ့လာသင့်ပါလား စတဲ့ လေ့လာစရာပေါင်းများစွာ Data Partitions များ 
စုဝေးပြီးတည်ရှိနေသည့် အပိုင်းဟာ system.img ဖိုင်ပဲဖြစ်ပါတယ်။
Windows PC ကြီးကလည်း limit ရှိတယ်နော်ဗျာ မြင်မြင်သမျှ system.img ဖိုင်များကို
ဒီအတိုင်း ဇစ်ဖြည်လို့ အဆင်မပြေနိုင်ဘူး၊ အဲဒီ system.img file ကို အကောင်းဆုံး ဇစ်ဖြည်
နိုင်မယ့် နည်းလမ်းများနဲ့ Tool တွေကို အသုံးပြုတတ်နေမှ အဆင်ပြေမှာပဲ ဖြစ်ပါတယ်။

အောက်မှာ ဖေါ်ပြပေးသွားမယ့် Tool နှစ်ခုကတော့ တကယ့်ကို ကောင်းလွန်းပြီး တစ်ခုက
system.img file ကို system.ext4 အနေထားဖြင့် ဖြည်ထုတ်ပေးမှာဖြစ်ပြီး နောက်ထပ် Tool ကတော့
အဲဒီ system.ext4 ဖိုင်ကိုပဲ Data Partitions များကို တစ်စစီ ဇစ်ဖြည်ထုတ်ပေးမှာပဲဖြစ်ပါတယ်။
Extract Tools for system.img
===================
1. Ext4 Unpacker
 
2. Ext2Explore
၁။ Ext4 Unpacker Tool သည် system.img file ကို 
EXT4 file အဖြစ် converts ပေးတဲ့ Tool ဖြစ်ပါတယ်။
၂။ Ext2Explore Tool သည် Explore ဖြစ်သည့်အတွက် 
system.ext4 ဖိုင်ကိုပဲ တစ်စစီ ဇစ်ဖြည်ထုတ်ပေးတဲ့ Tool ဖြစ်ပါတယ်။
System.img ဖိုင်ကို ဘယ်လိုရယူမလဲ
======================
ဒါလည်းစဉ်းစားစရာတစ်ခုပါ လေ့လာခါစ ညီအကိုတွေအတွက်တော့ တကယ်ခေါင်းစားစရာတစ်ခုပါ
ဖုန်း Firmware Rom တစ်ခုတွင် boot/system/cache/recovery စသည်ဖြင့် ပါဝင်နေတတ်ကြပါတယ်။

အဲဒါတွေကို တွေ့မြင်ရဖို့က အောက်ပါအတိုင်း အကြမ်းဖြင့် လုပ်ဆောင်နိုင်ပါတယ်

၁။ မိမိ ဇစ်ဖြည်ထုတ်ချင်တဲ့ Firmware Rom ရရှိနေရပါမည်။
၂။ ကွန်ပျူတာတွင် 7-zip အစရှိတဲ့ Extractor Tool များကို ထည့်သွင်းထားရမည်။
၃။ Firmware.zip ဖိုင်ကို Right-Click တစ်ချက်ထောက်ပြီး zip ဖြည်လိုက်ပါ။
၎။ ဇစ်ဖြည်လိုက်လို့ ရလာတဲ့ .tar.md5 (Samsung Devices) ဖိုင်သည် Firmware ဖိုင်
ဖြစ်ပါတယ်၊ အဲဒီ Firmware File ကိုပဲ တစ်ဖန် ထပ်ပြီး ဇစ်ဖြည်ပေးရဦးမှာဖြစ်ပါတယ်။
၅။ အဲဒီ Firmware.tar.md5 ဖိုင်ကို Right-Click တစ်ချက်ထောက်ပြီး 7-zip ဖြင့် ဇစ်
ထပ်ဖြည်ထုတ်လိုက်ပါ၊ အဲဒီအထဲတွင် system.img ဖိုင်က ပါဝင်လာမှာပဲဖြစ်ပါတယ်။
မှတ်ချက်...။ System.img ဖိုင်ကို ဘယ်လိုရယူမလဲကို ပိုစ့်တစ်ခုနေဖြင့် ထုတ်ယူနည်းများကို
ထပ်ပြီး တင်ပေးသွားဖို့ရှိပါတယ် အဲဒီတော့မှ အသေးစိတ်လေ့လာကြည့်လိုက်ပါ။
ဖုန်း System.img ဖိုင်ကို တစ်စစီ ဇစ်ဖြည်ထုတ်နည်း
=============================
ဖုန်း System.img ဖိုင်ကို တစ်စစီ ဇစ်ဖြည်ထုတ်နည်းတွင် အပိုင်းနှစ်ခုဖြင့် ခွဲပြီး ရေးပေးလိုက်ပါတယ်
ပိုပြီးနားလည်သွားအောင်နဲ့ အချက်အလက် ကျနအောင် လုပ်တတ်အောင်လို့ ဖြစ်ပါတယ်။

၁။ System.img ဖိုင်ကို Ext4 File ပြုလုပ်နည်း

၂။ System.Ext4 ဖိုင်ကို တစ်စစီ ဇစ်ဖြည်ထုတ်နည်း
System.img ဖိုင်ကို Ext4 File ပြုလုပ်နည်း
===========================
၁။ Ext4 Unpacker Tool ကိုဒေါင်းလော့ပြီး zip ဖြည်လိုက်ပါ။

၂။ ဇစ်ဖြည်ထားသည့် Ext4 Unpacker Folder ကိုဖွင့်လိုက်ပါ။

၃။ Ext4 Unpacker.exe ဖိုင်ကို ဖွင့်လိုက်ပါ။
၎။ အောက်ပါပုံအတိုင်း နံပါတစ်နေရာတွင် တစ်ချက်နှိပ်ပါ။

၅။ နံပါတ် နှစ်အတိုင်း Firmware File ကို ဇစ်ဖြည်ထားသည့်
Folder ထဲမှ system.img ဖိုင်ကိုရွေးချယ်ပေးလိုက်ပါ။

၆။ နံပါတ်သုံးအတိုင်း Open ကိုနှိပ်ပေးလိုက်ပါ။
၇။ Save as EXT4 (၁) နေရာတွင်တစ်ချက်နှိပ်လိုက်ပါ။
၈။ မိမိသိမ်းဆည်းထားလိုတဲ့ နေရာတွင် Folder တည်ဆောက်လိုက်ပါ။
၉။ အဲဒီ New Folder ကိုရွေးချယ်ပြီး File name နေရာတွင်
system.ext4 စသည့်ဖြင့် ရေးပေးပြီး Save ကိုနှိပ်ပေးလိုက်ပါ။
၁၀။ အောက်ပါပုံအတိုင်း System.img ဖိုင်ကို Unpacking ပြုလုပ်နေပါလိမ့်မယ်
Process ပြီးအောင် စောင့်နေလိုက်ပါ၊ အချိန် သိပ်မကြာပါ။
၁၁။ Unpacking Process ပြီးသွားတဲ့အခါ Exit ကိုနှိပ်ပြီးထွက်လိုက်ပါ။
system.img file ကို System.Ext4 အဖြစ် convert လုပ်ပြီးဖြစ်ပါတယ်။
၁၂။ မိမိ အသစ်တည်ဆောက်ပြီး သိမ်းဆည်းထားလိုက်တဲ့ Folder ထဲကို
ဝင်ကြည့်လိုက်ပါ အောက်ပါပုံအတိုင်း System.Ext4 ဆိုပြီးရောက်နေပါလိမ့်မယ်။
System.Ext4 ဖိုင်ကို တစ်စစီ ဇစ်ဖြည်ထုတ်နည်း
=============================
၁။ Ext2explore Tool ကိုဒေါင်းလော့ရပြီး ဇစ်ဖြည်လိုက်ပါ။

၂။ ဇစ်ဖြည်ထားတဲ့ Ext2explore Folder ကိုဖွင့်လိုက်ပါ။

၃။  Ext2explore.exe ဖိုင်ကို Run ပေးလိုက်ပါ။
၎။ File >>Open Image (1) နံပါတ်ကိုတစ်ချက်နှိပ်ပါ။

၅။ စောနားက သိမ်းဆည်းထားတဲ့  system.ext4 file ကိုရွေးချယ်ပါ။

၆။ အသင့်ဖြစ်ပြီးရင်တော့ Open ကိုနှိပ်ပေးလိုက်ပါ။
၇။ အောက်ပါပုံအတိုင်း မြင်နေရပါလိမ့်မယ်။

 
၈။ အနီရောင်ဖြင့် ၀ိုင်းပြထားသည့်နေရာကို Click လိုက်ပါ 
ပါပုံအတိုင်း Data Partitions များကို Folder ဖြင့်မြင်နေရပါလိမ့်မယ်။
၉။ အောက်ပါပုံအတိုင်း မြင်နေရတဲ့အခါ အနီဖြင့်ဝိုင်းပြထားသည့်
နေရာမှ Save ဆိုတာကို တစ်ချက်နှိပ်ပေးလိုက်ပါ။
၁၀။ Folder အသစ်တည်ဆောက်ထားခဲ့တဲ့ Folder ကိုညွှန်ပေးပြီး
OK ကိုနှိပ်ပါ၊ ( New Folder တည်ဆောက်ပြီး သိမ်းဆည်းထားနိုင်)
၁၁။ အောက်ပါပုံအတိုင်း မြင်နေရရင်တော့ system.ext4 ဖိုင်ကို တစ်စစီ ဇစ်ဖြည်ထုတ်နေပြီဖြစ်ပါတယ်
Extracting Process တစ်ခုပြီးအောင် စောင့်နေလိုက်ရုံပါပဲ၊ ထပ်လုပ်စရာမလိုတော့ပါ။
၁၂။ မိမိသိမ်းဆည်းထားလိုက်တဲ့ Folder ကိုဖွင့်လိုက်ပါ ပုံပါမြင်ရသည့်အတိုင်း
system.img file တွင်ပါဝင်နေသည့် Data Partitions များအားလုံးကို တွေ့ရပါလိမ့်မယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်
ဇူးနစ်(နည်းပညာ)
 
 

No comments:

Post a Comment