Sunday, November 13, 2016

Samsung Galaxy S7 and S7 Edge ဖုန်း Nougat update များတွင် Screen Resolution ပြောင်းနည်း


Samsung Galaxy S7 and S7 Edge ဖုန်း Nougat update များတွင်
Screen Resolution ပြောင်းနည်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Samsung Galaxy S7 / S7 Edge ဖုန်းများအတွက် official မှ Nougat update ဗားရှင်းများကို
Rolling out ဖြင့်ပေးလာခဲ့ပြီးဖြစ်တဲ့အတွက် တကယ်လို့ Nougat beta update ကိုတင်ပြီးအသုံး
ပြုနေပြီဆိုရင်တော့ user interface အနေဖြင့် new features များတွင် ပါဝင်လာသည့်
Screen Resolution  ပြောင်းနည်းကို အောက်ပါအတိုင်း လေ့လာကြည့်လိုက်ပါ။


Samsung Galaxy S7 ဖုန်းများတွင် 7.1 Nougat Beta Update တင်နည်း


Samsung Galaxy S7 Edge ဖုန်းကို 7.1 Nougat Beta Update တင်နည်း


Samsung Galaxy S7 / S7 Edge ဖုန်းများတွင် Performance Mode ပြောင်းနည်း


ဒီ Samsung Galaxy S7 / S7 Edge ဖုန်း Nougat update များတွင် ထူးခြားတဲ့
Performance Mode ပါဝင်နေသလို FHD နဲ့ WQHD display options လည်းပါဝင်လာပါတယ်။

အဲဒီ Option ပါလာသည့်အချက်က ဖုန်း Device ရဲ့ performance ကောင်းလာအောင်နဲ့
Battery life ကိုပိုကောင်းလာအောင် ပြုပြင်နိုင်အောင်အတွက်လည်း ဖြစ်ပါတယ်။

တကယ်လို့ သင့်ဖုန်းတွင် နောက်ဆုံးဗားရှင်း Nougat ကိုတင်သုံးနေတယ်ဆိုရင်တော့
screen resolutions ပြောင်းလဲနည်းကို အောက်ပါ instructions အတိုင်းပြုလုပ်ပေးလိုက်ပါ။


Screen Resolution ပြောင်းနည်း
======================
၁။ Setting ကိုဖွင့်လိုက်ပါ။

၂။ Search icon ကိုနှိပ်လိုက်ပြီး Performance mode ဆိုပြီးရိုက်ထည့်ပါ။

၃။ Mode screen တွင် Performance mode ကိုရွေးချယ်ပါ၊
ဥပမာ- High performance ကိုရွေးချယ်တာမျိုးပေါ့။

၎။ အတည်ပြုပေးမယ့် option ကျလာပါလိမ့်မယ်၊ မိမိဖုန်းအတွက်
အဆင်ပြေမယ့် Screen resolution ကိုပြောင်းလဲပေးလိုက်ပါ။

၅။ ရွေးချယ်ပြီးတာနဲ့ Apply ကိုနှိပ်ပေးလိုက်ပါ။




ဇူးနစ်(နည်းပညာ)



www.zunite.org
 
 
 

No comments:

Post a Comment