Thursday, November 24, 2016

♪ Google Play Services update အသစ်မှာ Gingerbread နဲ့ Honeycomb ကိုထောက်ပံ့မှာမဟုတ်တော့ ♫


Google Play Services ရဲ့ နောက်ဆုံး Update version ဖြစ်တဲ့ 10.2.0 မှာ Gingerbread (Android 2.3) နဲ့ Honeycomb (Android 3.0) တို့ကို ထောက်ပံ့မှာမဟုတ်တော့ဘူးလို့သိရပါတယ်။

Gingerbread နဲ့ Honeycomb တင်ထားတဲ့ Android ဖုန်းအဟောင်းတွေဟာ Google Play Services ကို အသုံးပြုနိုင်တော့မှာ မဟုတ်ဘူးလို့ ဆိုလိုတာဖြစ်ပါတယ်။

ယခင်က ထွက်ရှိထားတဲ့ Google Play Services version တွေမှာ အနိမ့်ဆုံးအဖြစ် Android API level 9 အထိ ထောက်ပံ့တဲ့အတွက် Gingerbread ကစပြီး အသုံးပြုလို့ရပေမယ့် အခုနောက်ဆုံးထွက်ရှိမယ့် update အသစ်မှာတော့ အနိမ့်ဆုံး Android API level 14 အထိတိုးမြှင့်လိုက်တာဖြစ်တဲ့အတွက် Ice Cream Sandwich (ICS)(Android 4.0.1) နဲ့ အထက် တွေမှာသာ အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။

App developer အများစုကလည်း သူတို့ရဲ့ App တွေကို ICS နဲ့အထက်မှာသာ ထည့်သွင်းအသုံးပြုနိုင်အောင် ဖန်တီးလာကြတဲ့အပြင် User အများစုကလည်း Gingerbread နဲ့ Honeycomb ကို အသုံးမပြုကြတော့တဲ့ အတွက် Google ကအခုလိုမျိုး update ပြုလုပ်လိုက်တာဖြစ်တယ်လို့သိရပါတယ်။


Credit to ==> Digital Times

No comments:

Post a Comment