Tuesday, November 15, 2016

♪ iPhone 8 မှာ ကွေးညွတ်မျက်နှာပြင် ပါဝင်လာနိုင် ♫


၂၀၁၇ ခုနှစ် အောက်တိုဘာလ ၀န်းကျင်မှာ ထွက်ပေါ်လာနိုင်တဲ့ iPhone 8 မှာ ကွေးညွတ်မျက်နှာပြင် ပါဝင်လာနိုင်တယ် လို့ အတည်ပြုချက် မရသေးတဲ့ သတင်းတွေ က ဆိုပါတယ်။
.
အိုင်ဖုန်း၊ အိုင်ပက်အပါအ၀င် Apple ထုတ်ကုန် ပစ္စည်းတွေကို ခန့်မှန်း ဖော်ပြေလေ့ရှိတဲ့ MacRumors ၀က်ဘ်စာမျက်နှာ ရဲ့ အဆိုအရ အဲဒီ သတင်းဟာ ၁၀၀ ရာခိုင်နှုန်းအထိ စိတ်ချရမှု ရှိပြီး အနီးစပ်ဆုံး ဖော်ပြရရင် Samsung Galaxy S7 ပုံစံ နဲ့ ဆင်တူနေလိမ့်မယ် လို့လည်း သိရပါတယ်။
.
Apple ချစ်ပရိသတ်အတွက်တော့ ဒါဟာ ဆေးခါးကြီးတစ်ခွက် ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် size ကလည်း ၅ လက်မ ၊ ၅.၈ လက်မ သို့မဟုတ် ၄.ရ လက်မ နဲ့ ၅.၅ လက်မ မျက်နှာပြင် ပါရှိတဲ့ iphone 7 နဲ့ iphone7 plus တွေကို အခြေခံမယ် လို့ ဆိုထားပါတယ်။ စိတ်ဝင်စားဖို့ ကောင်းတဲ့ နောက်ထပ် သတင်းတွေကတော့ အဲဒီ iphone 8 မှာ  ကြိုးမဲ့ အားသွင်းစနစ် ၊ Glass backed finish , iris scanner တွေ ပါ ထည့်သွင်းထားမယ် လို့ သိရပါတယ်။
.
iPhone 8 မှာ ပါရှိမယ့် Features အသစ်တွေ နဲ့ function အသစ်တွေကို ၂၀၁ရ ခုနှစ် ဇန်န၀ါရီလမှာ ပြုလုပ်မယ့် WDC ရှိုးပွဲမှာ အရိပ်အမြွက်ထုတ်ဖော် ပြသဖွယ်ရာ ရှိတယ် လို့လည်း သိရပါတယ်။


Credit to ==> Digital Times




No comments:

Post a Comment