Thursday, November 24, 2016

♪ iPhone တွေကိုချက်ချင်းရပ်ဆိုင်း၊ ဖျက်ဆီးပစ်နိုင်တဲ့ ‘Link’ တစ်ခုထွက်လာ (စမ်းသပ်ခြင်းမပြုရန်) ♫


ငါးစက္ကန့်သာကြာမြင့်တဲ့ ဗီဒီယိုတစ်ခုက သင့် iPhone တစ်ခုလုံးကို တုံ့ဆိုင်း၊ ရပ်တန့်သွားစေတယ်ဆိုရင် ယုံပါ့မလားမသိပါဘူး။ ဒီအပတ်အတွင်းမှာ iOS ပစ္စည်းတွေကို ဖျက်ဆီးပစ်နိုင်တဲ့ ဗီဒီယိုလင့် တစ်ခုပေါ်ထွက်လာခဲ့ပါတယ်။

ဒီ MP4 လင့်ကို ကလစ်လုပ်လိုက်တာနဲ့ အဆိုပါ ဗီဒီယိုဟာ သင့် iPhone, iPad နဲ့ iPod Touch ပစ္စည်းတွေမှာ Play မှာ ဖြစ်ပြီး Play လုပ်ပြီး ခဏကြာတာနဲ့ အဆိုပါပစ္စည်းတွေရဲ့ Home Button, Power Button နဲ့ Touch Screen တွေကိုလုံးဝ တုံ့ပြန်မှုမရှိတော့အောင် Freeze လုပ်ပစ်မှာ ဖြစ်ပါတယ်။ iOS Device ကိုပြန်လည် အလုပ်လုပ်အောင်ပြုလုပ်နိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းကတော့ စက်တစ်ခုလုံးကို Hard Reset လုပ်လိုက်တာပါပဲ။

ios-dangerous-link2

The Verge ရဲ့ စမ်းသပ်ချက်အရ လင့်က ဖန်တီးထားတဲ့ Loop တစ်ခုဟာ သင့်ရဲ့ iPhone ကို ဖျက်ဆီးပစ်ဖို့အတွက် ၁၀စက္ကန့်သာ ကြာမြင့်မှာဖြစ်တယ်လို့ စမ်းသပ်ခဲ့တဲ့ ဗီဒီယိုအရသိရပါတယ်။ The Verge ရဲ့ စမ်းသပ်ချက်အရ လင့်ကို iOS 10.1 နဲ့ အလုပ်လုပ်ထားတဲ့ ပစ္စည်းအတော်များများမှာ စမ်းသပ်ခဲ့တာဖြစ်ပြီး iOS 10.2 Beta နဲ့ အလုပ်လုပ်ထားတဲ့ ပစ္စည်းမှာလည်း စမ်းသပ်ခဲ့သေးတာ ဖြစ်ပါတယ်။ စမ်းသပ်ကြည့်ရာမှာ ပစ္စည်းအားလုံး Unresponsive ဖြစ်သွားတာကို တွေ့ခဲ့ရတာဖြစ်ပါတယ်။

ထပ်တိုးအနေနဲ့ ApplePro အနေနဲ့ iOS 5 နဲ့ အလုပ်လုပ်တဲ့ ပစ္စည်းမှာ စမ်းသပ်ခဲ့ရာမှာလည်း အလားတူရလဒ်မျိုးပဲ ထွက်ပေါ်လာခဲ့တယ်လို့ ဆိုပါတယ်။ စက်တွေအားလုံးကို ဖျက်ဆီးပစ်ခဲ့တဲ့ ကြောက်မက်ဖွယ်လင့်ကို စမ်းသပ်ခဲ့တဲ့ ဗီဒီယိုကို အောက်က YouTube ဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ဘယ်လို Link ကိုရှောင်ကျဉ်ရမယ်ဆိုတာ သိသွားမှာပါ။

ဒီဗီဒီယိုက သာမန် YouTube ဗီဒီယိုသာဖြစ်ပြီး သင့်ဖုန်းကိုထိခိုက်မှုတစ်စုံတစ်ရာရှိစေမှာ မဟုတ်ပါဘူး။

9to5 Mac ရဲ့ ပြောကြားချက်အရတော့ ဒီလင့်ဆိုးဟာ Long Term Effect တော့မဖြစ်စေနိုင်ဘူးလို့ ဆိုပါတယ်။
Link ကို ကျွန်တော်ဝင်ရောက်ဖို့ Tag တွဲမထားပါဘူး။ တကယ်လို့ ကြည့်ရှုချင်တယ်လူတွေအတွက် အောက်မှာ ကျွန်တော်ဖော်ပြပေးထားပါတယ်။ Window Computer နဲ့ ဝင်ရောက်ရာမှာတော့ ထိခိုက်မှုတစ်စုံတစ်ရာမရှိပဲ။ အဆိုပါဗီဒီယိုကိုသာ Download လုပ်သွားတာ တွေ့ခဲ့ရပါတယ်။

ကျွန်တော့်အနေနဲ့ ဗဟုသုတအနေနဲ့သာ ဖော်ပြထားတာဖြစ်ပြီး iOS သမားတွေကတော့ ကော်ပီကူးပြီး ဝင်ရောက်စမ်းသပ်ခြင်းမပြုဖို့ မေတ္တာရပ်ခံပါတယ်။ တကယ်လို့ အဆုံးစွန်ဝင်ရောက်စမ်းသပ်လို့ Unresponsive ဖြစ်သွားတယ်ဆိုရင် သင့် iPhone, iPad တွေကို ပြန်လည်ရယူဖို့အတွက်ကတော့ Home Button နဲ့ Power Button ကို ခပ်ကြာကြာဖိထားပြီး Reset လုပ်ရမှာဖြစ်ပါတယ်။

https://vk.com/doc106491973_439166823


Credit to ==> Digital Times

No comments:

Post a Comment