Wednesday, November 30, 2016

ကိုယ်ပိုင်မဂ္ဂဇင်းကာဗာ ဖန်တီးနိုင်မယ့် ဝက်ဘ်ဆိုက် (၉) ခု





အောက်ဖော်ပြပါ ဝက်ဘ်ဆိုက်များကတော့ ဒီဇိုင်းအတတ်ပညာရှိရန်မလိုဘဲ မဂ္ဂဇင်းကာဗာများ ဖန်တီးရာမှာ အသုံးပြုနိုင်မယ့် ဆိုက်များဖြစ်ပါတယ်။

Magazine Cover Maker by FotoJet

Magazine Cover Maker ဟာ click တစ်ချက်နှိပ်ရုံနဲ့ သုံးစွဲသူများက People, Playboy, Time, Fortune စတဲ့ နာမည်ကျော် မဂ္ဂဇင်းတွေမှာ ကိုယ်ပိုင်ဓာတ်ပုံများ ထည့်သွင်းစေနိုင်ပါတယ်။ ဒီဆိုက်မှာ ရွေးချယ်အသုံးပြုနိုင်တဲ့ template တွေပါဝင်ပြီး အလွယ်တကူအသုံးပြုနိုင်မယ့် ရိုးရှင်းတဲ့ interface ကို ထောက်ပံ့ပေးထားပါတယ်။ အသင့်သုံးနိုင်မယ့် မဂ္ဂဇင်းကာဗာတွေကို JPG ဒါမှမဟုတ် PNG နဲ့ သိမ်းဆည်းနိုင်သလို လူမှုရေးမီဒီယာများထံလည်း တိုက်ရိုက်ဝေမျှနိုင်ပါတယ်။



PhotoFunia

PhotoFunia ဟာ ဓာတ်ပုံများပြင်ဆင်ခြင်း၊ ပို့စကတ်တစ်ခု ဖန်တီးခြင်း၊ ရယ်မောဖွယ်ရာမျက်နှာများ ထည့်သွင်းခြင်း၊ ဓာတ်ပုံများတွင် ဘောင်များထည့်သွင်းခြင်း၊ မဂ္ဂဇင်းကာဗာတစ်ခုတွင် ကိုယ့်ဓာတ်ပုံထည့်သွင်းခြင်းတို့ကို ပြုလုပ်ပေးနိုင်မယ့် အွန်လိုင်းဝန်ဆောင်မှုတစ်ခု ဖြစ်ပါတယ်။



Funny Photo

Funny Photo ကတော့ သုံးစွဲသူရဲ့ ဓာတ်ပုံကို အမျိုးမျိုးသော photo effect များ၊ ဘောင်များ၊ ပို့စကတ်များ၊ collage template များနဲ့ ဖန်တီးနိုင်စေမယ့် ဝက်ဘ်ဆိုက်ဖြစ်ပါတယ်။ Photo editor တစ်ခုပါဝင်တာကြောင့် အသုံးမပြုခင်မှာ ဓာတ်ပုံကို ပြင်ဆင်မှုတွေ ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် မဂ္ဂဇင်းကာဗာအများအပြားကိုလည်း တွေ့နိုင်ပါတယ်။



BigHugeLabs

BigHugeLabs ဟာ Instagram, Facebook, Flickr နဲ့ ကွန်ပျူတာက ဓာတ်ပုံတွေကို ရွေးချယ်အသုံးပြုနိုင်စေမယ့် ဝက်ဘ်ဆိုက်ဖြစ်ပါတယ်။ မဂ္ဂဇင်းအဆင်အပြင်၊ ခေါင်းစဉ်၊ ထုတ်လုပ်တဲ့ရက်စွဲ စတာတွေကို ရွေးချယ်နိုင်ပါတယ်။ ဒါ့အပြင် ပို့စကတ်တစ်ခုကို ဖန်တီးရာမှာလည်း အသုံးပြုနိုင်ပါတယ်။



Madmagz

Madmagz ကတော့ မဂ္ဂဇင်းကာဗာတစ်ခုကို ဖန်တီးရုံသမာက မဂ္ဂဇင်းစာကြောင်းများကိုပါ ဖန်တီးပေးနိုင်မယ့် အွန်လိုင်း tool တစ်ခုဖြစ်ပါတယ်။ ကြိုတင်ပြင်ဆင်ထားတဲ့ မဂ္ဂဇင်း template များကို ရရှိနိုင်ပြီး modern, classic, pop art, visual, minimal, newsletter, romance, clean, flat စတာတွေထဲက တစ်ခုကို ရွေးချယ်နိုင်ပါတယ်။ အခပေးဝန်ဆောင်မှုတစ်ခု ဖြစ်ပေမယ့်လည်း အခမဲ့လုပ်ဆောင်ချက်အချို့ကို ထောက်ပံ့ပေးထားပြီး ဝက်ဘ်မဂ္ဂဇင်းဗားရှင်းတစ်ခုကို အခမဲ့ဖန်တီးနိုင်ပါတယ်။



LucidPress

LucidPress ကလည်း ကြော်ငြာစာစောင်များ၊ ပိုစတာများ၊ လက်ကမ်းကြော်ငြာများ၊ ဖိတ်ကြားလွှာများနဲ့ သတင်းလွှာများကို မဂ္ဂဇင်းတစ်ခုနဲ့အတူ ဖန်တီးပေးနိုင်ပါတယ်။ ကြိုတင်ဖန်တီးထားတဲ့ မဂ္ဂဇင်း template များအနက်မှ တစ်ခုကို ရွေးချယ်ကာ ကိုယ်နှစ်သက်ရာ အမှတ်တံဆိပ်နဲ့ ပြင်ဆင်နိုင်ပါတယ်။ ဒီ tool ဟာ အခပေးဖြစ်ပေမယ့် ကိုယ်ပိုင် မဂ္ဂဇင်းကာဗာတစ်ခုကို အခမဲ့ ဖန်တီးနိုင်ပါတယ်။



Fakeazine

Fakeazine ကို အသုံးပြုပြီး မဂ္ဂဇင်း ၁၀၀ ကျော်ထဲက တစ်ခုကို ရွေးချယ်ကာ ကာဗာတစ်ခု ဖန်တီးနိုင်ပါတယ်။ ဓာတ်ပုံတစ်ပုံကို upload လုပ်ပြီးနောက် zoom ချဲ့ပြီး ပြင်ဆင်နိုင်သလို နောက်ခံအရောင်ကိုလည်း ပြောင်းလဲနိုင်ပါတယ်။ အားလုံးပြီးဆုံးသွားတဲ့အခါမှာ မဂ္ဂဇင်းကာဗာကို လူမှုကွန်ရက်များနဲ့ ဖိုရမ်များတွင် ဝေမျှရန်အတွက် code တစ်ခုရရှိမှာ ဖြစ်ပါတယ်။



Canva

နာမည်ကျော် အွန်လိုင်း tool တစ်ခုဖြစ်တဲ့ Canva က ဓာတ်ပုံတွေမှာ စာသားတွေ ထည့်သွင်းတာမျိုး ပြုလုပ်ပေးနိုင်ပါတယ်။ ကိုယ့်ရဲ့ဓာတ်ပုံနဲ့ မဂ္ဂဇင်းကာဗာတစ်ခု ဖန်တီးနိုင်ပါတယ်။ ကြိုတင်ဖန်တီးထားတဲ့ ဒီဇိုင်းတွေထဲက နှစ်သက်ရာတစ်ခုကို ရွေးချယ်ပြီး ကိုယ့်ဓာတ်ပုံနဲ့ စာသားတွေထည့်သွင်းရုံနဲ့ အသုံးပြုနိုင်ပါတယ်။



Pulp-o-mizer

လူပိန်းကြိုက် မဂ္ဂဇင်းကာဗာတစ်ခုကို ဖန်တီးလိုသူများကတော့ Pulp-o-mizer ကို သုံးနိုင်ပါတယ်။ ဒီ အွန်လိုင်း tool ဟာ စာသား၊ စာလုံးအရွယ်အစား၊ စာလုံး စတာတွေကို ပြင်ဆင်ချိန်ညှိနိုင်ပါတယ်။ အဲ့ဒီနောက် ကာဗာကို download ပြုလုပ်ပြီး တီရှပ်တွေ၊ မတ်ခွက်တွေ၊ ပိုစတာတွေ၊ iPad case တွေအနေနဲ့ print ထုတ်ပြီး သုံးနိုင်ပါတယ်။



Ref: HongKiat
Ref: internetjournal.media

No comments:

Post a Comment