Friday, November 18, 2016

♪ “Huawei ဖုန်းများကို တရားဝင်ဟုတ်မဟုတ် စစ်ဆေးနိုင်မည်” ♫


Huawei အမှတ်တံဆိပ်ဖုန်းများကို တရားဝင်ဟုတ်မဟုတ် စစ်ဆေးနိုင်မည်ဖြစ် ကြောင်းသိရသည်။ Huawei သည် ယင်း၏သုံးစွဲသူများအတွက်အရည်အသွေး မြင့် ဝန်ဆောင်မှုများကို ထောက်ပံ့ရန်အတွက် ၄င်း၏အစစ် အမှန်ဖြစ်ပြီး တစ်မူထူးခြားသည့် "VIP Service", "Diamond Service"ကိုစတင်ခဲ့ပြီး ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။ 
Huawei သည် ပစ္စည်းအတု ထုတ်လုပ် သူများ၊ မှောင်ခိုတင်သွင်းသူများကို၊ စုံစမ်းစစ်ဆေးပြီး အရေးယူမှု များပြုလုပ် နေလျက်ရှိကာ အရည်အသွေးပြည့်ဝသော ဝန်ဆောင်မှုများ ပေးအပ်နိုင် ရန်တစိုက်မတ်မတ် လုပ်ဆောင်နေသည်ဟုဆိုသည်။ လက်ရှိ အချိန်တွင် Huawei သည် မြန်မာနိုင်ငံရှိသုံးစွဲသူများနဲ့ ကိုက်ညီမည့် မြန်ဆန်၊ ကျွမ်းကျင် သည့်ဝန်ဆောင်မှုစနစ်ကို အပြည့်အဝဖွဲ့စည်းတည်ဆောက်နိုင်ရန် အစီအစဉ်တကျ လုပ်ဆောင်လျက်ရှိသည်။
မိုဘိုင်းဖုန်းသုံးစွဲသူများနှင့် လူ့အဖွဲ့အစည်းများအတွင်းတွင် တရားမဝင်မှောင်ခိုသွင်းထားသည့် မိုဘိုင်းဖုန်း များ သည်တစ်စတစ်စတိုးပွားလာလျက်ရှိသည်။ တစ်ခါတစ်ရံတွင် မှောင်ခိုရောင်းချသူ များသည်ဖုန်း အသစ်များထက် ပြန်လည်ပြင်ဆင်ထား သည့်ဖုန်းများကို တရားမဝင်ရောင်းချလျက်ရှိသည်။ မှောင်ခို တင်သွင်း ရောင်းချမှုများသည် မြန်မာနိုင်ငံ၏စီးပွားရေးကို ထိခိုက်စေပြီးသုံးစွဲသူ နိုင်ငံသား များအတွက် လည်း အကျိုးလျော့နည်းစေမည်ဖြစ်သည်။

ထို့ကြောင့်သုံးစွဲသူများအနေနဲ့ Huawei ဖုန်းများသာမကဘဲ အခြား မည်သည့် အမှတ်တံဆိပ်ဖုန်း မဆိုဝယ်ယူလျှင် တရားမဝင်တင် သွင်းထားသောဖုန်းများ ကို ဝယ်ယူသုံးစွဲခြင်းမှ ရှောင်ကြဉ်နိုင်ရန် တိုက်တွန်းလိုက်သည်။ Huawei မှ Huawei ဖုန်းများဝယ်ယူလျှင်တရားဝင်ဖုန်းဟုတ်မဟုတ် စစ်ဆေးနိုင်သော နည်းလမ်းများထဲမှနည်းလမ်းအချို့ကို ဖော်ပြပေးလိုက်သည်။ စစ်ဆေးနိုင် သော နည်းလမ်း များမှာ
(၁) *#06# ကိုနှိပ်ပါ။ IMEI Code ထွက်လာမည် ဖြစ်သည်။ ထို IMEI Code နှင့် Handset ဘူးခွံတွင်ပါဝင်သော IMEI Code နဲ့တိုက်ကြည့်ပါ။ တူညီမည်ဆိုလျှင်တရားဝင်အလုံးဖြစ်ပါသည်။ 
(၂) ဘူးခွံ တွင်ပါသော QR Code ကို wechat(သို့)viber တို့ဖြင့် scan ဖတ်၍ လည်းကောင်း (သို့) http://consumer.huawei.com/mm/support/ warranty-query/index.htmကိုရိုက်နှိပ်၍သော်လည်းကောင်း Huawei website ၏ IMEI စစ်ဆေးသည့်နေရာကိုဝင်ရောက်နိုင်မည်ဖြစ်သည်။ 

''စုံစမ်းမေးမြန်းလိုပါက IMEI/MEID/ MAC/SN နံပါတ်များကိုရိုက်ထည့်ပါ'' ဆိုသည့်နေရာတွင် IMEI Code ကို ရိုက်နှိပ်စစ်ဆေးနိုင်မည်ဖြစ်သည်။

တရားဝင်အလုံးမဟုတ်လျှင်''ဝမ်းနည်းပါတယ်၊ မိတ်ဆွေစုံစမ်းလိုသော ပစ္စည်း မှာ Huawei မှတရားဝင် တင်သွင်း ထားသော ပစ္စည်းမဟုတ်ပါ''ဟု ဖော်ပြ မည်ဖြစ်သည်။ Huawei Device Myanmar ရဲ့ Marketing Director ကိုအောင်မိုးထူးက ''အခုဈေးကွက်ထဲမှာ ဟန်းဆက်အဟောင်းတွေကို ပြုပြင် ပြီး ပြန်လည်ရောင်းချနေတာနဲ့ တချို့မှောင်ခိုတင်သွင်းခါနီး ထုတ်ကုန်တွေကို နယ်စပ်မှာဖမ်းမိတာတွေကိုတွေ့ရပါတယ်။ သုံးစွဲသူတွေအနေနဲ့ မှားပြီး ဝယ်မိ တယ်ဆိုရင် အရည်အသွေးမမီတာတွေ၊ ရသင့်တဲ့အာမခံချက်၊ ဝန်ဆောင်မှု မရတာတွေ စတဲ့နစ်နာ မှုတွေ ကြုံတွေ့နိုင်ပါတယ်။
Huawei သုံးစွဲသူတွေ အတွက် အဲဒီလိုမျိုးတွေမဖြစ်စေဖို့ စစ်ဆေးနိုင်တဲ့နည်းလမ်းတွေကို ကျွန်တော် တို့ပြုလုပ်ပေးထားပါတယ်။ အခုလိုစစ်ဆေးရင်းနဲ့ အခက်အခဲတစ်စုံတစ်ရာ ရှိခဲ့ရင်လည်း ကျွန် တော်တို့ရဲ့ Hotline နံပါတ်ဖြစ်တဲ့ 01-9000900 ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ ကျွန်တော်တို့ Huawei ဟန်းဆက်တိုင်းကို အကြိမ်ကြိမ်စမ်းသပ်စစ်ဆေးပြီး မှဈေးကွက်ထဲကိုတင်သွင်းတာဖြစ်တဲ့အတွက် အရည်အသွေး ကို စိတ်ချလက်ချအသုံးပြုနိုင်ပါတယ်။ ကျွန်တော်တို့ Huawei ကလည်း သုံးစွဲသူများ အဆင်ပြေပြေသုံး စွဲနိုင်ဖို့ နည်းပညာမြင့် ဟန်းဆက် တွေအသုံးပြုနိုင်ဖို့ အမြဲကြိုးစားနေပါတယ်။
Huawei သုံးစွဲသူ တွေမှမဟုတ်ပါ ဘူး။ တခြားအမှတ်တံဆိပ်အသုံးပြုသူတွေ အနေနဲ့လည်း တရားဝင်ချိတ်ဆက် ထားတဲ့ဆိုင်တွေမှာ တရားဝင်အလုံး တွေကိုပဲဝယ်ဖို့ အကြံပေးချင်ပါတယ်။ အဲဒါမှ တရားဝင်ပေးအပ်ထားတဲ့ ဝန်ဆောင်မှုတွေ ရရှိနိုင်မှာမို့ပါ''ဟု ပြောကြားသည်။

ကောင်းမြတ်ရာ

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal
 
 
 

No comments:

Post a Comment