Thursday, November 24, 2016

♪ “Samsung Galaxy A9 Pro” ♫


Samsung ဟာ Prime Series အသစ်များကို မိတ်ဆက်ရောင်းချပေးနေပါ တယ်။ ထိုဟန်းဆက်အသစ်များဟာ ဓာတ်ပုံရိုက်ကူးမှုစွမ်းရည်များ ကောင်းမွန် ကြပါတယ်။ Samsung ပရိသတ်များအနေဖြင့် ဟန်းဆက်များစွာကို ရွေးချယ် စဉ်းစားနိုင် စေရန် အမျိုးအစားများစွာကို ထုတ်လုပ်ပေးထားခြင်းဖြစ်ပါတယ်။

မျက်နှာပြင်အကျယ်အ၀န်း အသင့်အတင့်ရှိသော ဟန်းဆက် များကို ရွေးချယ် နိုင်သလို Phablet အမျိုးအစားဟန်းဆက်များကိုလည်း ၀ယ်ယူနိုင်ပါတယ်။ A9 Pro ဟာ အရွယ်အစားကြီးမား သော ဖုန်းကို အသုံးပြုချင်သူများအတွက် အဆင်ပြေစေပြီး ဆင်းကတ်နှစ်ကတ် ထည့်သွင်းအသုံးပြုနိုင်မယ့် ဖုန်း အမျိုးအစားပါ။ ဖုန်းရဲ့ အရွယ်အစားပမာဏကတော့ 161.7 × 80.9 × 7.9 mm ဖြစ်ကာ အလေးချိန်မှာ 210g ရှိပါတယ်။ ဖုန်းကိုယ်ထည် တည်ဆောက် မှု အပိုင်းတွင် အကြမ်းခံနိုင်ဖို့အတွက် Gorilla Glass 4 ကို ထည့်သွင်းပေးထား ပါတယ်။ စမတ်ဖုန်းဖြင့် ငွေပေးချေနိုင်သည့်ခေတ်ကို ရောက်ရှိနေ ပြီဖြစ်သော ကြောင့်နေရာဒေသပေါ်မူတည်၍ Samsung Pay ကို အသုံးပြုနိုင်ပါမယ်။ ဖုန်းမျက်နှာပြင် အတွက် ထည့်သွင်းပေးထားသော Touch Screen အမျိုး အစားကတော့ Super AMOLED Capacitive Touch Screen ဖြစ်ပါတယ်။

ဖုန်းမျက်နှာပြင်ဟာ 6 inches ရှိသောကြောင့် မျက်နှာပြင်အရွယ်အစား ကြီးမားသောဖုန်းကို သုံးစွဲချင်သူများအတွက် အဆင်ပြေစေပါလိမ့်မယ်။ မြင်ကွင်းစွမ်းရည် ကြည်လင်တောက်ပဖို့အတွက် ထောက်ပံ့ပေးထားသော Pixels ပမာဏမှာ 1080 × 1920 ဖြစ်ပါတယ်။ တစ်လက်မမှာရှိမယ့် Pixel ပမာဏသိပ်သည်းဆကတော့ 367 ppi ပါ။ ထည့်သွင်းပေးထားသော ကင်မရာ နှစ်မျိုးနှစ်စားမှာ စွမ်းရည်များကောင်းမွန်ကြပါတယ်။ ထို့ကြောင့် မည်သည့်အနေအထားမှာပဲ ဓာတ်ပုံရိုက်ကူးပါစေ ပုံရိပ်ကောင်းများကို ပေးစွမ်းပါလိမ့်မယ်။ အဓိက ကင်မရာဟာ 16 MP, f/1.9 စွမ်းရည်ရှိပြီး ရှေ့ကင်မရာငယ်ကတော့ 8 MP, f/1.9 စွမ်းရည် ရှိပါတယ်။ 1080p စွမ်းရည် ဖြင့် ဗီဒီယိုရိုက်ကူးပါက တစ်စက္ကန့်ကို 30 Frames နှုန်း ရရှိပါမယ်။ Active Noise Cancellation With Dedicated MIC စနစ်လည်း ပါရှိပါတယ်။

မှတ်ဥာဏ်ပမာဏအပိုင်းတွင် RAM ကို 4GB ထည့်သွင်းပေးထားပြီး Internal Storage တွင် 32GB ပါရှိအောင် ဆောင်ရွက်ပေးထားပါတယ်။ အချက် အလက် အများအပြား သိမ်းဆည်းလိုပါကလည်း မှတ်ဥာဏ်ပမာဏကို ချဲ့ထွင် သုံးစွဲနိုင်ပါမယ်။ ပါရှိသော Chipset အမျိုးအစားမှာ Qualcomm Snapdragon 652 ဖြစ်ပြီး CPU စွမ်းရည်မှာ Octa Core ဖြစ်ပါတယ်။ အားသွင်းအသုံးပြုရ မယ့် ဘက်ထရီအမျိုးအစားကတော့ Li-Ion 5000 mAh ဖြစ်ကာ 3G Network တွင် စကားပြောဆိုဖို့အတွက် ၃၃ နာရီနီးပါး ခံနိုင်ရည်ရှိအောင် စွမ်းဆောင် ပေးနိုင်ပါမယ်။

<Specification>

Network - GSM/HSPA/LTE
Processor - Octa Core
Screen - 6 inches
Camera - 16 MP
Bluetooth - v 4.2
Storage - 32 GB
OS - Android OS, v6.0.1
Contact - 09-73171214

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal
 
 
 

No comments:

Post a Comment