Tuesday, November 15, 2016

Samsung Galaxy J2 2016 SM-J210F ဖုန်းဗားရှင်း 6.0.1 Marshmallow တင်နည်း


Samsung Galaxy J2 2016 SM-J210F ဖုန်းဗားရှင်း 6.0.1 Marshmallow
တင်နည်းကို အလိုရှိနေကြတဲ့သူများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဒီဖုန်းဗားရှင်း 6.0.1 Marshmallow တင်နည်း အတွက် သီးသန့်ဖြစ်ပါတယ်
တစ်ခြား Model များ၏ Update New များကိုလည်း တင်ပေးသွားမှာဖြစ်ပါတယ်။

Firmware တင်ရင်တော့ ပုံမှန်အတိုင်း Odin Flash Tool ကို အသုံးပြုပြီး
PDA နေရာကနေ အလွယ်တကူ Flash ပေးပြီး တင်ယူနိုင်ပါတယ်။
  

လိုအပ်ချက်များ
=========
၁။ မိမိဖုန်း၏ Device Mobile No. ကိုစစ်ကြည့်ပါ။

၂။ Battery အား အနည်းဆုံး 50% နှုန်းရှိရပါမည်။

၃။ ဖုန်းကို Backup ပြုလုပ်ထားပါ။

၎။ Samsung Galaxy J2 2016 SM-J210F တင်နည်း အတွက်သာဖြစ်ပါတယ်။

၅။ ဗားရှင်းကတော့ Android  6.0.1 Marshmallow ဖြစ်ပါတယ်။


Supporting Versions
===============
    Samsung Galaxy J2 2016 SM-J210F J210FXXU0APH2 SLK Srilanka
Samsung Galaxy J2 2016 SM-J210F J210FXXU0APH2 NPL Nepal
Samsung Galaxy J2 2016 SM-J210F J210FXXU0APH2 INS India



 How to Install Only tar.file Firmware
========================
၁။ ဖုန်းတွင် developer option မှ USB debugging’ နဲ့ 
‘OEM Unlock’ ကိုအမှန်ခြစ်ပေးထားပါ။
၂။ ဒေါင်းလော့လင့်မှာ Stock Rom Firmware ကိုဒေါင်းလော့ရယူလိုက်ပါ။

၃။ ဒေါင်းလော့ရလာတဲ့ Firmware.zip ဖိုင်ကို ဖြည်လိုက်ပါ။

၎။ Odin ကိုဒေါင်းလော့ရယူပြီး zip ဖြည်ပြီး ဖွင့်လိုက်ပါ။

၅။ ဖုန်းကို ပါဝါပိတ်ပါ၊ ပြီးရင် Vol down + Home + power ကီးများကိုတွဲနှိပ်ပြီး ဖုန်းကို
Download mode သို့ဝင်လိုက်ပါ၊ Warning screen မြင်နေရရင် Volume up နှိပ်ပေးလိုက်ပါ။
၆။ ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။

၇။ Odin Flash Tool တွင် ID: COM နေရာမှာ အောက်ပါပုံအတိုင်း Massage Option အောက်တွင်
add massage စသည်ဖြင့် မြင်နေရရင်တော့ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်မှု အဆင်ပြေနေပါပြီ။

၈။ တကယ်လို့ Odin Flash Tool တွင် ID: COM နေရာ၌ အပြာရောင်ဖြင့် မမြင်ရရင်တော့ ဖုန်းနဲ့
ကွန်ပျူတာချိတ်ဆက်မှု USB Driver အဆင်မပြေသေးပါ Driver ကိုပြန်လည် Install ပြုလုပ်ပါ။

၉။ Odin က AP/PDA  ဆိုတဲ့နေရာမှာ တစ်ချက်နှိပ်ပြီး 
stock firmware file .tar or .md5 file ဖိုင်ကိုထည့်လိုက်ပါ။

၁၀။ အောက်ပါပုံအတိုင်း “Auto Reboot” နဲ့ 
“F.Reset Time“ Option နှစ်ခုကို အမှန်ခြစ်ပေထားပါ။
၁၁။ Odin မှာ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။

၁၂။ Flashing Process ပြီးတာနဲ့ Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။

၁၃။ ပါဝါပြန်တက်လာပြီဆိုရင်တော့ ဖုန်းမှာ Official Firmware လေးကိုတွေ့မြင်ရပါပြီ။

အထက်ဖေါ်ပြပါ နည်းလမ်းသည် Samsung Devices များအားလုံးအတွက် 
 Firmware ရေးသားနည်း အပြည့်အစုံ Complete guide ဖြစ်ပါတယ်။



 အဆင်ပြေကြပါစေ


ဇူးနစ်(နည်းပညာ)


www.zunite.org
 
 
 

No comments:

Post a Comment