Wednesday, November 16, 2016

Android System မှာ Font တွေဘယ်လိုအလုပ်လုပ်သလဲ



Android System မှာ Font တွေဘယ်လိုအလုပ်လုပ်သလဲဆိုတာကို
 လေ့လာလိုကြတဲ့ ညီိအကိုတွေအတွက် ဆရာ Sithu Paing ရဲ့ Android System စာအုပ်ထဲမှ ရေးသားချက်ကို ပြန်လည်ဖေါ်ပြပေးလိုက်ပါတယ်။

ဒီပိုစ့်ကို ရေးလိုက်ရခြင်းအကြောင်းကတော့ အခုနောက်ပိုင်း Lollipop ဗားရှင်းအထက် 
7.0 အထိ ဗားရှင်း အမြင့်ဖုန်းတွေအတွက် မြန်မာစာအမှန်ထည့်သွင်းနိုင်ဖို့ ဆရာစာအုပ်တွင်
Replacing Method & XML Method ဆိုပြီး နှစ်ခုပါဝင်လာပါတယ်၊ အဲဒီ နည်းလမ်း
 နှစ်မျိုးစလုံးကို ကျနော် စမ်းသပ်အသုံးပြုကြည့်ရင်း အရမ်းအဆင်ပြေလို့ အဲဒီ နည်းလမ်း
 နှစ်မျိုးကို ဘယ်လိုစမ်းသပ် အောင်မြင်ခဲ့သလဲဆိုတဲ့ အတွေ့အကြုံ များကို ချပေးချင်တာကြောင့်
ဆရာစာအုပ်ထဲတွင် ပါဝင်နေသည့် ဒီစာပိုဒ်ကို အရင် ရေးလိုက်ရခြင်းပဲ ဖြစ်ပါတယ်။


 Android မှာ Font File ( .ttf ) တွေကို system/fonts အောက်မှာထည့်ထားပါတယ်၊ ဒါပေမယ့်
system/fonts အောက်ကို Font file သွားထည့်လိုက်ရုံနဲ့တော့ ၎င်း Font ကိုမြင်ရမှာမဟုတ်ပါဘူး။

Android မှာ စာဖိုင်တွေကိုတွေ့ပြီဆိုတာနဲ့ ပထမဆုံး system/etc ထဲမှာရှိတဲ့ system_fons.xl ဆိုတဲ့
ဖိုင်ထဲမှာ မှတ်တမ်းတင်ထားတဲ့ စာရင်းမှာပါမပါ စစ်ဆေးပါတယ်၊ ၎င်း system_fonts.xml ထဲမှာ
မှတ်တမ်းတင်ထားတဲ့ စာရင်းထဲပါရင် ၎င်း Font Style အတိုင်ပြပေးမှာဖြစ်ပါတယ်။

တကယ်လို့ system_fonts.xml စာရင်းထဲမှာ မပါတဲ့ Font အမျိုးအစားဆိုရင်တော့ system/etc ထဲက
fallback_fonts.xml ဆိုတဲ့ XML File ထဲက Font List မှာပါ ထပ်ပြီးတော့ စစ်ဆေးပါတယ်။

အဲဒီလိုစစ်ဆေးတဲ့အခါမှာလည်း အပေါ်ကနေ အောက်ဘက် အထိ အစဉ်အတိုင်းစစ်ဆေးပါတယ်၊
၎င်းစာလုံးတွေကို ပြပေးနိုင်မယ့် Font တွေ့ပြီဆိုတာနဲ့ အဲဒီ Font Style ကိုသုံးပြီးပြပေးပါတယ်။

ဒါက Android System မှာ Font တွေ အလုပ်လုပ်ပုံကို အကြမ်းဖျင်းရှင်းပြပေးလိုက်တာပဲဖြစ်ပါတယ်၊
ဒါဆိုရင် Android ဖုန်းတွေမှာ မြန်မာဖောင့် အမှန်မြင်ရဖို့အတွက် ဘယ်လိုလုပ်မလဲ?

Method နှစ်မျိုး
=========
Android ဖုန်းများကို မြန်မာစာသွင်းတဲ့အခါ Method နှစ်မျိုးကို
အသုံးများပါတယ်၊ အောက်မှာ လေ့လာကြည့်လိုက်ပါ။


Replacing Method
============
ဒီနည်းက ခုနပြောတဲ့ system_fonts.xml စာရင်းထဲမှာပါတဲ့ system font တစ်ခုခုနဲ့
နာမည်တူ Change ပေးလိုက်တာဖြစ်ပါတယ်၊ ဒါကို Replacing Method လို့ခေါ်ပါတယ်။

System Fonts ကိုနာမည်တူ Change ပေးရမယ်ဆိုတော့ ကျွန်တော်တို့ သွင်းမယ့် Font File ကို
၎င်း System Font နဲ့နာမည်တူ ပြောင်းပေးရမှာပေါ့၊ ပြီးတော့မှ ခုနက Font တွေထားတဲ့ နေရာဖြစ်တဲ့
system/fonts အောက်ကို သွားပြီး ထားပေးရမှာပါ၊ အရင်ရှိပြီးသား system Font နဲ့ Replace လုပ်ပေးရမှာပေါ့။


 XML Method
=========
ဒီ ဒုတိယနည်းကတော့ fallback_fonts.xml ကိုပြင်တာပါ၊ ဖုန်းတစ်လုံးနဲ့တစ်လုံး
fallback_fonts.xml မှာပါတဲ့ Font တွေက အတိအကျမတူပါဘူး၊ ကျွန်တော်ကတော့
၎င်း fallback_fonts.xml ကို ADB Command သုံးပြီး PC ထဲဆွဲထုတ်၊ XML File ကို
Notepad++ နဲ့ပြင်၊ ပြီးတော့မှ system/etc အောက်ကမူလ fallback_fonts.xml နေရာမှာ
ပြန်အစားထိုးလိုက်တာပါ။

တကယ်လို့ စာဖတ်သူက fallback_fonts.xml ကိုဆွဲထုတ်ပြီး မပြင်ချင်ဘူးဆိုရင်
၎င်း fallback_fonts.xml ထဲက Font Family ထဲကို Font အသစ်ထည့်လို့ရပါသေးတယ်။

ဒါကတော့ /vendor/etc/ ထဲမှာ fallback_fonts.xml ဖိုင်တစ်ခုထည့်ပေးရမှာပါ၊ ဒါပေမယ့်
ဒီ fallback_fonts.xml ထဲက စာရင်းထဲမှာတော့ စာဖတ်သူထည့်မယ့် Font Family တစ်ခုပါရင် ရပါပြီ။

ဒါပေမယ့် ၎င်း Font ကို system/etc ထဲက fallback_fonts.xml ထဲမှာ ဘယ်နှစ်ခုမြောက်မှာ
ထည့်ချင်လည်းဆိုတဲ့ Order ကိုတော့သတ်မှတ်ပေးရပါတယ်၊ XML တွေအားလုံးပြင်ပြီးမှ system/fonts
ထဲမှာ စာဖတ်သူထည့်မယ့် Font အသစ်ကိုထည့်ပေးရမှာပါ၊ နာမည်ပြောင်းစရာမလိုတော့ပါဘူး။


 Replacing Method ဖြင့် Font File ကို Replace လုပ်နည်းနဲ့
XML Method ဖြင့် fallback_fonts.xml နေရာမှာ ပြန်အစားထိုး
ထည့်သွင်းနည်းများကို ဆက်လက်တင်ပေးသွားမှာပဲဖြစ်ပါတယ်။





 Credit : ဆရာ Sithu Paing (Android System) 






 ဇူးနစ်(နည်းပညာ)




www.zunite.org

No comments:

Post a Comment