Thursday, November 17, 2016

Huawei Honor 4X အတွက် Hardware ပိုင်းနဲ့ပတ်သတ်ပြီး သိသင့်တာလေးများ

Huawei Honor 4X မှာ
အမေးအများဆုံးမေးခွန်းဖြစ်လို့ ပေါင်းဖြေပေးလိုက်ပါတယ်။
အားမဝင်တဲ့ error ဆိုရင် . . .
အရင်ဆုံး ဘက်ထရီဖြုတ် အားသွင်းကြိုးထိုးပြီး
ဘက်ထရီငုတ်ရဲ့ အလယ်ငုတ်နှစ်စကို ဗို့ တိုင်းကြည့်ပါ
Test point နှစ်စမှာလဲ တိုင်းလို့ ရပါတယ်

1.8V စီ တိုင်းလို့ရနေရင်
Charging IC နဲ့ Power IC ကောင်းနေနိုင်ပါတယ်

ဘက်ထရီပြန်တတ် အားသွင်းကြိုးထိုးပြီး
အဲဒီ Test point နှစ်စမှာ ဗို့ပြန်တိုင်းကြည့်ပါ
ဗို့တွေ ကျသွားတာ နည်းသွားတာ တွေ့ရရင်
ဘက်ထရီနဲ့ အလယ်ငုတ်လမ်းကြောင်းနှစ်ခု ကောင်းနေနိုင်ပါတယ်
ဗို့မပြောင်းရင်တော့ ဘက်ထရီနဲ့ ဘက်ထရီငုတ်တွေကို စစ်ပါ

တစ်ငုတ်မှာ ဗို့တိုင်းလို့ရနေပြီး နောက်တငုတ်မှာ မရှိရင်တော့
သက်ဆိုင်ရာလမ်းကြောင်းကို စစ်ဆေးရမှာပါ

အဲဒါမှ အားမဝင်သေးရင်
ဘက်ထရီငုတ်တွေနဲ့ ဘက်ထရီကိုပဲ အဓိက စစ်ရမှာပါ
နောက်ထပ် စစ်ရမှာက
ဘက်ထရီ အလယ်ငုတ်လမ်းကြောင်းနှစ်ခုဖြစ်တဲ့
BID နဲ့ BT လမ်းကြောင်းတွေပါ

ပါဝါပိတ် ဘက်ထရီတတ်ပြီး အားသွင်းကြိုးထိုးတဲ့အခါ
အားသွင်းပုံ မိုးကြိုးသွား ဖျတ်ကနဲပေါ်လာပြီး ပြန်ပျောက်သွားရင်
ဘက်ထရီငုတ်အထိုင်နဲ့ ဘက်ထရီကို သေချာစစ်ပါ

အားသွင်းပုံလဲ မပြဘူး အားလဲမဝင်ဘူးဆိုရင်တော့
ပုံထဲမှာ ပြထားတဲ့ VCHG 5V ရှိနေရမယ့် C လေးကို တိုင်းကြည့်ပါ
မရှိရင် USB ပင်နံပါတ် (၁) လမ်းကြောင်းကနေ
တိုက်ရိုက် ကြိုးဆက်ပေးလို့ ရပါတယ်
VCHG လမ်းကြောင်းတလျှောက်က FET လေးတွေ ပျက်နေရင်လဲ
အားသွင်းလမ်းကြောင်း ပျောက်နေတတ်ပါတယ် . . .

VCHG 5V ရောက်နေပြီဆိုရင်
ပြထားတဲ့ C လေးမှာ VPH 4.2V ထွက်မထွက် တိုင်းပါ
မထွက်သေးရင်
PMU အသေး၊ CHG Coil တို့ကြောင့် ဖြစ်တတ်ပါတယ်

………………………………………………………………………………..

ပုံမှန်အတိုင်း ပါဝါနိုးနေပြီး အရုပ်ပျောက်ခဲ့ရင်

PMU အသေးရဲ့ အပေါ်က C နှစ်လုံးမှာ ဗို့တိုင်းကြည့်ပါ
+5V နဲ့ -5V ရှိနေရပါမယ်
မရှိရင်တော့ PMU အသေးနဲ့ Switching Coil L204 တို့ စစ်ပါ

ဗို့နှစ်မျိုးစလုံး ထွက်နေပြီး အရုပ်မပေါ်သေးရင်
LCD Socket နားက VSN & VSP LB Coil နှစ်လုံးကို စစ်ပါ
အဲဒီ Coil လေးတွေ ပြုတ်နေ ပြတ်နေတတ်ပါတယ်

Honor Series တွေမှာ LCD ကို +5V နဲ့ -5V ရောက်မှ
LCD အလုပ်လုပ်နိုင်ပါလိမ့်မယ်
LCD အလုပ်လုပ်မှ Backlight ပိုင်းအတွက်
လိုအပ်နေတဲ့ PWM ပြန်ထုတ်ပေးတာဖြစ်လို့
LCD အလုပ်မလုပ်ရင် နောက်ခံမီးပါ မလင်းတော့ပါဘူး

တကယ်တော့ +5V နဲ့ -5V ဟာ LCD အတွက်ပါ
Backlight အတွက် မဟုတ်ပါဘူး
ဒါပေမယ့် အဲဒီဗို့တွေ ပျောက်သွားရင်
အလင်းပါ ပျောက်သွားတဲ့အတွက်
တချို့ကလဲ Backlight Volt လို့ ခေါ်ကြပါတယ်

LB Coil နှစ်လုံးမှာ +5V နဲ့ -5V ထွက်နေပြီး
နောက်ခံမီး မလင်းသေးပါက
LED တွေအတွက် အပေါင်းဗို့ပေးလမ်းကြောင်းဖြစ်တဲ့
VLED A နဲ့ သက်ဆိုင်တာတွေကို စစ်ရမှာပါ
LCD Socket အနီးက LB Coil လေးကတဆင့်
VLED A အတွက် ဗို့ပေးထားတာဖြစ်လို့ အဲ့ဒီ Coil လေးလဲ ကောင်းနေဖို့လိုပါတယ်

အလင်းရောင်ထွက်နေပြီး မှိန်နေသေးတယ်ဆိုရင်တော့
VLED K လမ်းကြောင်းပေါ်က LB Coil နှစ်လုံးကို စစ်ကြည့်ပါ

ကဲ လေ့လာကြည့်ကြပါဦးခင်ဗျာ . . . . .
fb_img_1479372622691 fb_img_1479372628566 fb_img_1479372632926
credit – Ko Soe Myat Thu

Warmly Welcome
KoHtoo ( MMAS )

No comments:

Post a Comment