Wednesday, November 16, 2016

သင့်ပုံအဟောင်းတွေကို ဒီဂျစ်တယ်အမှတ်တရအဖြစ် ပြောင်းလဲပေးမယ့် PhotoScan


Google ရဲ့ PhotoScan လို့ ခေါ်တဲ့ app အသစ်ဟာဆိုရင် Google Photos update အတွက် 

အစိတ်အပိုင်း တစ်ခုလည်း ဖြစ်ပါတယ်။ Google Play ကို ဆွဲဆောင်မှု လုပ်လိုက်တာဆိုလည်း မမှားပါဘူး။


PhotoScan နဲ့ Google ဟာ သုံးနိုင်တဲ့စမတ်ဖုန်းအသုံးပြုသူတွေကို သူတို့ရဲ့ ပုံအဟောင်းတွေကို Google 

Photos service ပေါ်ကို upload လုပ်ဖို့ ဆွဲဆောင်လိုက်တာ ဖြစ်ပါတယ်။ ပုံအဟောင်းတွေကို scan

 လုပ်ပြီး upload လုပ်ဖို့အတွက် အရမ်းကို ရိုးရှင်းပါတယ်။ PhotoScan အတွက် 

login တောင်မလိုအပ်ပါဘူး။

စတင်ဖို့အတွက် PhotoScan app ကို ဖွင့်လိုက်ပါ။ viewfinderကနေပြီးတော့ 

သင့်ရဲ့ပုံအဟောင်းကို ထောက်လိုက်ပါ။ ဒါပါပဲ။ ကျန်တာကတော့ Google ရဲ့ software က 

ဆက်လုပ်ပါလိမ့်မယ်။ အလင်းရောင်စူးစူးတွေဖယ်ရှားတာ၊ ဖြတ်တောက်တာ၊ 

အရည်အသွေးကောင်းကောင်းပုံကို ထုတ်ပေးတာမျိုးတွေ လုပ်ပေးပါတယ်။ scanner 

မှာဖတ်၊ ပြီးရင် ဖြတ်တောက်၊ ပြီးမှ upload လုပ်ရတဲ့နေ့တွေ မရှိတော့ပါဘူး။


ပြောခဲ့သလိုပါပဲ PhotoScan ထွက်ရှိတာဟာ Google Photos update အတွက် 

အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အခု update မှာ Photos အဖွဲ့ဟာ ပြင်ဆင်ရတာကြိုက်တဲ့သူတွေအတွက်

 editing tools အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီမှာ ပုံတွေကို ပြင်ဆင်ဖို့အတွက် “looks” 

လို့ခေါ်တဲ့ filter တွေ ထည့်ပေးထားပါတယ်။ Instagram မှာလိုမျိုး အတွေ့အကြုံခံစားရမှာပါ။

 Editing အပိုင်းမှာ light ၊ color ၊ “pop” စတာတွေလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

စတင်အသုံးပြုဖို့အတွက် PhotoScan အတွက် အောက်က Google Play link ကို သွားလိုက်ပါ။

 သင့်ရဲ့ Google Photos app ကတော့ up to date ဖြစ်ဖို့ လိုပါတယ်။







Aung Phyo Oo (Myanmar Mobile App)
 
 
 

No comments:

Post a Comment