Wednesday, November 9, 2016

ဒုက္ခတွင်းထဲကနေ သင့်ကိုခေါ်ထုတ်ဖို့ Apple ကြိုးစားနေတဲ့ iPhone feature အသစ်


နောင်ထွက်ရှိလာမယ့် iOS versions တွေမှာ power button ကို ငါးချက်နှိပ်လိုက်တာနဲ့ emergency calls အဖြစ်သုံးလို့ရနိုင်တဲ့ ‘SOS’ feature ပါဝင်လာမှာ ဖြစ်ပါတယ်။
အဲဒီ feature ကို တစ်ကြိမ်လောက် ဖွင့်လိုက်တာနဲ့ countdown timer တိုတိုလေး (မတော်တဆနှိပ်မိခြင်းမှ ကာကွယ်ရန်) နဲ့ မီးသတ်ကားသံလိုမျိုး ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ ဂဏန်းအရေအတွက်ဟာ သုညကိုရောက်သွားပြီဆိုရင်တော့ ၉၁၁ ကို ဖုန်းခေါ်ပေးမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် သက်ဆိုင်ရာနယ်မြေအရေးပေါ်ကို ခေါ်ဆိုပေးမှာ ဖြစ်ပါတယ်။ Mashable ရဲ့ Karissa Bell က အခုလို ပြသပေးထားပါတယ်။
Setting ထဲနေပြီးတော့ ဒီ feature ကို ပိတ်လို့လည်း ရပါသေးတယ်။
Apple ဟာ lock screen ကနေပြီးတော့ emergency calls ခေါ်လို့ရအောင်ပြုလုပ်ပေးခဲ့တာ နှစ်တော်တော်ကြာပါပြီ။ ဒါပေမယ့် SOS ကတော့ ရိုးရှင်းလွယ်ကူပြီး ဖုန်းခေါ်ဆိုရတာ အဆင်ပြေချောမွေ့စေပါတယ်။
အခု feature ပါဝင်တဲ့ iOS 10.2 Beta 2 update ကို developer တွေ ရရှိပြီး ဖြစ်ပါတယ်။ ဘယ်အချိန်မှာ ကျွန်တော်တို့တွေ အသုံးပြုနိုင်မလဲဆိုတာ ပြောဆိုထားခြင်း မရှိသေးပါဘူး။ ဒါပေမယ့် iOS 10 feature အသစ် မထွက်ခင် ထွက်ဖြစ်မယ်လို့ Bell က ဆိုပါတယ်။


Aung Phyo Oo (Myanmar Mobile pp)



No comments:

Post a Comment