မိုဘိုင်းဖုန်းများကနေ အင်တာနက် အသုံးပြုသူများအတွက် အလွန်အကျွံ သုံးစွဲမိတဲ့ အခြေအနေမျိုး ဖြစ်တတ်ကြပါတယ်။ အလွန်အကျွံ သုံးစွဲမိရင် ငွေကြေး ကုန်ကျစေမှာပါ။ ဒီလို မဖြစ်စေဖို့ မိုဘိုင်းဒေတာ အသုံးပြုမှုကို တိုင်းတာတွက်ချက်ပြီး သတိပေးတဲ့ My Data Manager ကို သုံးဖို့ အကြံပေးချင်ပါတယ်။ My Data Manager က နေ့စဉ် သင် သုံးစွဲတဲ့ မိုဘိုင်းဒေတာ ပမာဏကို တွက်ချက်ပေးနိုင်ပါတယ်။ သင် တစ်လမှာ အသုံးပြုမယ့် ဒေတာ ပမာဏကို သတ်မှတ်ထားမယ်ဆိုရင် သူက အဲဒီ ပမာဏ ရောက်ခါနီးရင် သတိပေးမှာဖြစ်ပါတယ်။ သင် သတ်မှတ်ထားတဲ့ ပမာဏအလိုက် နေ့စဉ် အသုံးပြုနိုင်မယ့် ပမာဏကို ဖော်ပြပေးနိုင်ပါတယ်။ မိုဘိုင်း ဒေတာသာမက ၀ိုင်ဖိုင် အသုံးပြုတဲ့ ဒေတာပမာဏကိုလည်း တွက်ချက်ပေးနိုင်ပါတယ်။ Apps များရဲ့ ဒေတာ အသုံးပြုမှု ပမာဏကိုလည်း ပြသပေးနိုင်ပါတယ်။

၁။ My Data Manager ကို ပထမဆုံးအကြိမ်ဖွင့်ရင် Terms of Use မှာ အမှန်ခြစ်ပေးပါ။ Mobile Plan ကို မသတ်မှတ်ချင်သေးရင် အောက်ခြေမှ Skip ကို နှိပ်ပါ။

1
နောက်အဆင့်မှာ မေးခွန်းများ မေးမြန်းမှာပါ။ မဖြေချင်ရင် No thanks ကို နှိပ်ပါ။
၂။ Mobile Tab ထဲမှာ Set or Join data plan ကို နှိပ်ပါ။
2
၃။ Plan Type မှာ pre-paid ကို ရွေးပေးပါ။ Data အောက်မှာ သင် တစ်လအတွင်း အသုံးပြုမယ့် ဒေတာပမာဏကို သတ်မှတ်ပါ။ Start date နဲ့ End date သတ်မှတ်ပါ။ ပြီးရင် အပေါ်ထိပ်မှ Done ကို နှိပ်ပါ။
3

၎။ ဒါဆိုရင် Summary မှာ သင် တစ်ရက်တာအတွင်း အသုံးပြုထားတဲ့ ဒေတာပမာဏ၊ နေ့စဉ် အသုံးပြုနိုင်မယ့် ဒေတာ ပမာဏတို့ကို တွက်ချက် ဖော်ပြပေးထားမှာဖြစ်ပါတယ်။
4
၅။ Menu ကနေ Apps ထဲသွားရင် App များရဲ့ ဒေတာ အသုံးပြုမှု ပမာဏနဲ့ ရာခိုင်နှုန်းတို့ကို ဖော်ပြပေးထားမှာပါ။ အဲဒီအတွက် ဒေတာ အသုံးပြုမှုများတဲ့ Apps များကို လေ့လာနိုင်ပါတယ်။ သင် အသုံးပြုလေ့မရှိတဲ့ Apps များက ဒေတာ ပမာဏကို လွန်စွာ စားသုံးနေရင် အဲဒီ Apps များကို Uninstall လုပ်သင့်ပါတယ်။
5

My Data Manager ဟာ မိုဘိုင်း အင်တာနက် အသုံးပြုသူများအတွက် အလွန် အသုံးဝင်ပါတယ်။ မိုဘိုင်းဒေတာ အသုံးပြုမှုကို အမြဲ တွက်ချက်ပေးပြီး သတိပေးနေမှာ ဖြစ်တဲ့အတွက် ငွေကြေးကုန်ကျမှုကို သက်သာစေပါတယ်။ Android 4.0 နဲ့ သူ့အထက်မှာ အသုံးပြုနိုင်ပြီး အောက်ပါ Link မှာ ရယူနိုင်ပါတယ်။

https://goo.gl/2yXdw2