Saturday, November 19, 2016

Android Devices များမှ TWRP Recovery ကို Uninstall/Remove ပြုလုပ်နည်း


Android Devices များမှ TWRP Recovery ကို Uninstall/Remove ပြုလုပ်နည်းကို
အလိုရှိနေကြတဲ့ ညီအကိုများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
TWRP Recovery ဆိုတာကိုတော့ အထူးပြောနေစရာမလိုလောက်တော့ဘူးထင်ပါတယ်၊ 
ဒီ Recovery ရဲ့ ကောင်းကျိုးများကိုလည်း သိပြီးဖြစ်ကြမှာပါ၊ ဒါပေမယ့် မိမိဖုန်းမှာ 
ဒီ Recovery ကိုဖျက်ချင်တယ်ဆိုရင်တော့ Tips အနည်းငယ်လုပ်ပေးရမှာပဲ ဖြစ်ပါတယ်။
TWRP Recovery ထည့်သွင်းထားတဲ့ ဖုန်းတစ်လုံးမှာ အဲဒီ TWRP Recovery ကို တိုက်ရိုက် 
remove ပြုလုပ်ဖို့ solution မရှိသေးပါဘူး၊ တကယ်လို့ နည်းလမ်းတစ်ခုရှိခဲ့တယ်ဆိုရင်တော့ 
အဲဒါဟာ တစ်ခြား recovery တစ်ခုနဲ့ အစားထိုးပြီး ဖယ်ရှားနည်းပဲဖြစ်မှာပါ။

အသုံးပြုဖူးသမျှ Custom Recovery တွေထဲ ဒီ TWRP Recovery သာ အားလုံးထက်
အကောင်းဆုံးဖြစ်မယ်ထင်ပါတယ်၊ တကယ်လို့ သင့်ဖုန်းမှ TWRP Recovery ကို
remove လုပ်ဖို့က stock recovery ကိုပြန်အစားထိုးခြင်းပါပဲ။

တစ်ချို့တွေလည်း ဒီ TWRP Recovery ဖျက်ချင်တာနဲ့ ကြံရာမရ stock Recovery ကိုခေါင်းစားခံပြီး
မသွင်းနေတော့ပဲ Stock Rom firmware ကို ရေးတင်လိုက်ကြတာမျိုးလည်းရှိပါတယ်။

Stock Recovery ကိုသာ ပြန်လည်ထည့်သွင်းရယူတာမျိုး ပြုလုပ်မယ်ဆိုရင်တော့
TWRP Recovery ကို Remove ပြုလုပ်နည်းက ထည့်သွင်းနည်းနဲ့ အားလုံးတူကြပါတယ်။

ဒါပေမယ့် ဖုန်းအမျိုးအစားလိုက် ထည့်သွင်းနည်းက မတူညီကြပါဘူး ဒီတော့ Remove ပြုလုပ်နည်းလည်း
ဖုန်းအမျိုးအစားလိုက် ပြန်လည် ပြုလုပ်ပေးရမှာပါ အောက်မှာ လေ့လာကြည့်လိုက်ပါ။

Nexus, Sony, HTC, Motorola, LG, Asus ဖုန်းများနဲ့
အခြားသော manufactures ဖုန်းများအားလုံးအတွက်

================================
ဖုန်းမှာ Fastboot Mde ဖြင့် ချိတ်ဆက်ပြီးမှ Recovery.img ဖိုင်ကို ထည့်သွင်းရမှာပါ


 လိုအပ်ချက်များ
===========
 ၁။ Stock Recovery file

၂။ ADB & Fastboot

၃။ ADB Commands

၎။ Your own risk


၁။ Stock Recovery.img file ကိုဒေါင်းလော့ရယူလိုက်ပြီး
Recovery.img ဆိုပြီး နာမည်ပြောင်းပေးလိုက်ပါ။


(Stock Rom ကို zip ဖြည်ပြီး recovery.img ဖိုင်ကိုရယူနိုင်)

၂။ ကွန်ပျူတာတွင် ADB & Fastboot driver ကိုထည့်သွင်းထားပြီး
ADB & Fastboot.zip ဖြည်ပြီး AFB Folder ဖြင့်ထားပါ။


 Download Here ADB & Fastboot Zip


 ၃။ ဖုန်းမှာ USB debugging ကို Enable ပြုလုပ်ထားပါ

၎။ Recovery.img file ကို copy ကူးယူပြီး ADB Folder မှာထည့်ပါ။

၅။ ADB Folder ကိုဖွင့်လိုက်ပြီး “Open command window here” ကိုခေါ်လိုက်ပါ။

၆။ ဖုန်းကို ကွန်ပျူတာတွင် ချိတ်ဆက်ပြီး အောက်ပါ
Command ကို ရိုက်ထည့်ပေးပြီး Enter ကိုခေါက်ပေးလိုက်ပါ။
adb devices

၇။ ဖုန်းနဲ့ကွန်ပျူတာ ချိတ်ဆက်မှု Device သိပြီဆိုတာနဲ့
ဖုန်းကို Fastboot Mode သို့ဝင်ရန် အောက်ပါ Commands ရိုက်ထည့်ပါ။

adb reboot bootloader


 ၈။ ဖုန်း Screen တွင် “Allow USB debugging” ဆိုပြီး
 မြင်နေရရင်တော့ OK ကိုနှိပ်ပေးလိုက်ပါ

၉။ ဖုန်းက Reboot ကျပြီး Fastboot Mode သို့ရောက်သွားပါလိမ့်မယ်။

၁၀။ ။ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်မှု Fastboot Device အဆင်ပြေမပြေ
စမ်းကြည့်ရန်အတွက် အောက်ပါ Commands ကိုရိုက်ထည့်ပါ။

fastboot devices
၁၁။ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်မှု အဆင်ပြေတာနဲ့ အောက်ပါ
Command ကို ထပ်ရိုက်ထည့်ပေးပြီး Enter ကိုထပ်ခေါက်ပေးလိုက်ပါ။

fastboot flash recovery recovery.img

၁၂။ Recovery ဖိုင်ကိုလည်း ထည့်သွင်းခြင်း အောင်မြင်ပြီဆိုရင်တော့
ဖုန်းကို Reboot ချပေးရန်အတွက် အောက်ပါစာကြောင်းကိုရိုက်ထည့်ပါ

fastboot reboot


၁၄။ ဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်၊ သင့်ဖုန်းမှာ
Stock Recovery ကိုအောင်မြင်စွာဖြင့် ထည့်သွင်းပြီးပါပြီ။



Samsung Galaxy devices များအတွက်
=======================
ှSamsung ဖုန်းတွေဆိုရင်တော့ TWRP Recovery ကိုပဲထည့်သွင်းတာပဲဖြစ်ဖြစ်
Stock Recovery ကိုပဲ ထည့်သွင်းရယူတာပဲဖြစ်ဖြစ် Odin ကိုပဲအသုံးပြုကြတာများပါတယ်။


 လိုအပ်ချက်များ
===========
၁။ Samsung USB Driver for window

၂။ Stock Recovery for Samsung Galaxy Devices

၃။ Odin Flash Tool for windows



Download Samsung Mobile USB Driver


Download the latest Odin flashing Tool



 Stock Recovery  ထည့်သွင်းနည်း
====================
၁။ ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ

၂။ ဒေါင်းလို့ရလာတဲ့ Odin zip ဖိုင်ကိုဖြည့်လိုက်ပါ

၃။ Stock Recovery ဖိုင်ကိုဒေါင်းလော့ရယူလိုက်ပါ။

 (Samsung Devices တွေအတွက် အကောင်းဆုံးနည်းလမ်းကတော့
Stock Rom ကိုဒေါင်းလော့ရယူလိုက်ပြီး zip ဖြည်လိုက်ပါ အဲဒီထဲတွင်
Stock Recovery ပါပါတယ်၊ Recovery.img ဆိုတဲ့ ဖိုင်ပါပဲ)

၎။ Odin ကိုဖွင့်ပါ  AP or PDA ဆိုတဲ့နေရာကို တစ်ချက်နှိပ်ပေးပြီး
ဒေါင်းလော့ရယူထားတဲ့ Stock Recovery.zip ဖိုင်ကိုထည့်လိုက်ပါ။

၅။ ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။

၆။ ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။

၇။ Odin Flash Tool တွင် auto reboot ဆိုတဲ့နေရာမှ အမှန်ခြစ်ပေးထားပါ။

၈။ Odin မှ ဖုန်းကိုသိပြီဆိုရင် Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။

၉။ Process တစ်ခုပြီးအောင်စောင့်နေလိုက်ပြီး Odin မှာ အောင်မြင်ကြောင်း
PASS ပြတဲ့အခါ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်ထားတဲ့ USB ကြိုးကို ဖြုတ်လိုက်ပါ။

၁၀။ ဖုန်းကို ပါဝါပိတ်ပြီး Volume Up + Home+ Power ကီးများကို
တွဲနှိပ်ပြီး Recovery Mode သို့ဝင်ကြည့်လိုက်ပါ။

၁၁။ သင့်ဖုန်းမှာ Stock Recovery ဖြင့် မြင်နေရပါလိမ့်မယ်။



ဇူးနစ်(နည်းပညာ)


No comments:

Post a Comment