Wednesday, November 23, 2016

♪ " Samsung Galaxy Tab A 10.1 (2016) " ♫



Samsung Galaxy Tab A 10.1 (2016) ဟာ အရည်အသွေးမြင့် အလယ်အလတ်အတန်းစား Tablet အမျိုးအစားဖြစ်ပြီး သူ့အရင်ထုတ်လုပ်ခဲ့တဲ့ Galaxy Tab A 9.7 ထက် ပိုမိုကြီးမားသလို အရည်အသွေးလည်း ပိုမိုမြင့်မားမှုရှိပါတယ်။ Samsung Galaxy Tab A 10.1 (2016) version ၂ မျိုးဟာ LTE module ကလွဲပြီး ကျန်တာအကုန်လုံးနီးပါး တူညီမှုရှိတာကို တွေ့ရပါတယ်။ ထည့်သွင်းပေးထားတဲ့ processor, graphics card နဲ့ internal memory, RAM တွေအကုန်လုံး အတူတူပါပဲ။ ဈေးနှုန်းကို လူတိုင်းနီးပါးတတ်နိုင်အောင် အရမ်းအဆင့်မြင့်ကောင်းမွန်နေတာမျိုးကို မထောက်ပံ့ပေးထားဘဲ အလယ်အလတ်တန်းစား Tablet တစ်လုံးမှာပါရှိသင့်တဲ့ သုံးစွဲလို့ကောင်းမွန်ရုံလောက်သာ ထည့်သွင်းပေးထားပါတယ်။

ကိုယ်ထည်တစ်ခုလုံးကို သတ္တုနဲ့ပြုလုပ်မယ့်အစား အဆင့်မြင့်ပလတ်စတစ်နဲ့ ပြုလုပ်ပေးထားပြီး အရောင်ကိုလည်း အဖြူနဲ့ အနက် ၂ မျိုးပဲ ထုတ်လုပ်ပေးထားပါတယ်။ နောက်ဆုံးပေါ်အဆင့်မြင့်ဒီဇိုင်းပုံစံလို့ မပြောနိုင်ပေမယ့် သူ့ဈေးနှုန်းနဲ့သူကတော့ အနေတော်ပါပဲ။ ကိုင်တွယ်အသုံးပြုရတာကောင်းမွန်ပြီး လက်ထဲမှာ ကျစ်ကျစ်လျစ်လျစ်နဲ့ မြဲမြဲမြံမြံကိုင်ထားနိုင်အောင် နောက်ကျောဘက်ကို ပလတ်စတစ်နဲ့ ရော်ဘာအနည်းငယ် ရောစပ်ကာ ဒီဇိုင်းပုံဖော်ပေးထားပါတယ်။

ဒ့ါအပြင် နောက်ကျောဘက်မှာ သံလိုက်ဓာတ်အနည်းငယ်ပါရှိတာကြောင့် Book Cover တွေကိုလည်း အဆင်ပြေပြေတပ်ဆင်သုံးစွဲနိုင်ပါတယ်။ ထောက်ပံ့ပေးထားတဲ့ Software ပိုင်းအနေနဲ့ media တွေနဲ့ apps တွေကို တခြားသူတွေ အလွယ်တကူဝင်ရောက်ကြည့်ရှုလို့မရအောင် တားဆီးပေးထားနိုင်တဲ့ Samsung ရဲ့ ကိုယ်ပိုင် Kids Mode နဲ့ Calendar S Plannet တို့ပါရှိပြီး သင့်တော်တဲ့ Google apps တွေအပြင် Word, Excel, PowerPoint, Skype စတဲ့ Microsoft apps တွေကိုလည်း ထည့်သွင်းပေးထားပါသေးတယ်။

တစ်ခါတည်း install လုပ်ပေးထားတဲ့ apps တွေကို uninstall ပြန်လုပ်လို့မရဘဲ deativate သာ လုပ်ထားနိုင်ပါတယ်။ ဒါ့အပြင် အလွန်တိကျသေချာတဲ့ GPS စနစ်ကိုလည်း သုံးစွဲနိုင်မှာပါ။ ၎င်းက၀င်လာသမျှ inputs တွေအားလုံးကို လျင်မြန်စွာမှတ်သားလုပ်ဆောင်ပေးနိုင်ပြီး physical buttons ကိုပဲသုံးသုံး၊ touchscreen ကိုပဲသုံးသုံး အဆင်ပြေပါတယ်။ မျက်နှာပြင်ပေါ်မှာ လုပ်ဆောင်ချက်တွေကို ထိန်းချုပ်ဆောင် ရွက်တဲ့အခါမှာလည်း လက်ချောင်း ၁၀ ချောင်းအထိ တစ်ပြိုင်နက်တည်း ထိတွေ့စေခိုင်းနိုင်တဲ့အတွက် လုပ်ဆောင်ချက်တွေက လျင်မြန်ထိရောက်မှုရှိပြီး ဂိမ်းကစားတဲ့အခါမှာလည်း သူများထက် ခြေတစ်ဖျားသာ နိုင်ပါတယ်။

စက်ပိတ်ထားပြီး screen စဖွင့်မယ်ဆိုရင်တော့ အချိန် ၂၅ စက္ကန့်လောက် စောင့်ပေးရမှာဖြစ်ပါတယ်။ ဒါဟာလည်း ဒီလို device အမျိုးအစားတွေအတွက် ပုံမှန်ပါပဲ။ အသံတွေကိုထုတ်လွှတ်ပေးတဲ့စပီကာ အောက်ဘက်မှာတည်ရှိပြီး အသံစွမ်းအား 89.4 dB ခန့်ပေးစွမ်းနိုင်ပါတယ်။ ဒါပေမဲ့ စပီကာက အောက်ဘက်မှာပဲပါရှိတာဖြစ်တဲ့အတွက် Tablet ကို Lanscape Mode ထားပြီး အသုံးပြုမယ်ဆိုရင်တော့ အသံက တစ်ဖက်တည်းကပဲထွက်နေမှာပါ။ သီချင်းတွေနားထောင်ဖို့အတွက်လည်း bass သံ လုံးဝမပါရှိပါဘူး။ ကင်မရာပိုင်းမှာလည်း automatic mode အပြင် နောက်ထပ် picture mode ၈ ခုကို ထောက်ပံ့ပေးထားတာ ကြောင့် လိုက်ဖက်တဲ့နေရာ၊ အလင်းအမှောင်တွေနဲ့ ကိုယ့်စိတ်ကြိုက်ရွေးချယ်သတ်မှတ်ရိုက်ကူးနိုင်ပါတယ်။

၎င်းက ဘက်ထရီစွမ်းအားကောင်းမွန်ရုံသာမက ဘက်ထရီစွမ်းအင်စားသုံးမှုလည်း နည်းတာကြောင့် တစ်ခါအားသွင်းထားရင် အချိန်အကြာကြီး အသုံးပြုနိုင်ပါတယ်။ Tasks တွေအများကြီး လုပ်ဆောင်နေရင် တောင် အများဆုံး 6.97 watts သာကုန်မှာဖြစ်ပြီး standby mode ထားမယ်ဆိုရင်တော့ 0.12 watts ပဲ စားသုံးမှာဖြစ်ပါတယ်။

* Battery Life *
Non-removable Li-Ion 7300mAh Battery က အားအပြည့်သွင်းပြီးသွားရင် တခြားလုပ်ဆောင် ချက်တွေအများကြီးကို ၇ နာရီခန့် အပြည့်အ၀ဆောင်ရွက်ပေးနိုင်ပြီး Full HD ဗီဒီယိုတွေကိုတော့ နာရီပေါင်း ၁၅ နာရီလောက် ဆက်တိုက်ကြည့်ရှုလို့ရပါတယ်။

* Design *
ဒီဇိုင်းပုံစံကို ထူးထူးခြားခြားပြင်ဆင်ပေးထားတာမရှိဘဲ ကိုယ်ထည်ကို အကောင်းစားပလတ်စတစ် နဲ့ ပြုလုပ်ပေးထားပြီး အနောက်ဘက်ကိုရော်ဘာနဲ့ရောစပ်ကာ ကိုင်တွယ်အသုံးပြုလို့ကောင်းအောင် ဖန်တီးပေ ထားပါတယ်။ အလေးချိန်က 525g လေးပြီး အထူကတော့ 8.2mm ရှိပါတယ်။

* Processor *
Galaxy Tab A 10.1 (2016) မှာ RAM 2GB ပါရှိတဲ့ Octacore 1.6GHz processor ကို အသုံးပြုပေးထားပြီး Mali-T830 graphic card ကို ထောက်ပံ့ပေးထားပါတယ်။ ၎င်းအထဲမှာ Android OS, v 6.0 (Marshmallow) ကို run ထားပြီး Dead Trigger 2 နဲ့ Asphalt 8 ဂိမ်းကြီးတွေကိုတောင် အဆင်ပြေပြေ ကစားနိုင်တာကို တွေ့ရပါတယ်။

* Display and Camera *
10.1-inch အကျယ်ရှိတဲ့ မျက်နှာပြင်ကို PLS LCD capacitive touchscreen နဲ့ ပြုလုပ်ပေးထားပြီး 1200 x 1920 pixels ရှိတဲ့ မြင်ကွင်းစွမ်းအားတွေကို ထောက်ပံ့ပေးနိုင်ပါတယ်။ ကင်မရာပိုင်းမှာတော့ 8MP ရှိတဲ့ အနောက်ကင်မရာနဲ့ 2MP ရှိတဲ့ အရှေ့ကင်မရာတို့ကိုတပ်ဆင်ထားပြီး သင့်တင့်မျှတတဲ့ ဓာတ်ပုံအရည် အသွေးတွေကိုသာ ရရှိမှာပဲဖြစ်ပါတယ်။

* Verdict *
Samsung Galaxy Tab A 10.1 (2016) ဟာ အလယ်အလတ်တန်းစား tablet တစ်လုံးကို ဈေးနှုန်းသက်သက်သာသာနဲ့ လူတန်းစေ့ကိုင်တွယ်သုံးစွဲနိုင်အောင်ရည်ရွယ်ချက်နဲ့ ထုတ်လုပ်ခဲ့တာဖြစ်တဲ့ အတွက် ဈေးနှုန်းနဲ့ကိုက်ညီတဲ့စွမ်းဆောင်ရည်တွေကိုတော့ ရရှိနိုင်မှာပဲဖြစ်ပါတယ်။

Specification
» Network : GSM/HSPA/LTE (Micro-SIM)
» Weight : 525 g
» Display : 10.1", PLS LCD capacitive touchscreen
» Dimensions : 10.01 x 6.11 x 0.32 inch
» Memory : 16GB, 2GB RAM, microSD, up to 256GB
» Camera : 8 Megapixel, Front : 2 Megapixel
autofocus, LED flash, Geo-tagging, touch focus, panorama
» Connectivity : GPS, WLAN, Bluetooth v4.2, microUSB v2.0
» OS : Android OS, v 6.0 (Marshmallow)
» Chipset : Exynos 7870
GPU : Mali-T830 MP2
Contact Phone »09-73024327 (Technoland)
Price » 460,000 Ks

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal
 
 
 

No comments:

Post a Comment