YouTube မှ Music Video များကို ကြည့်ရှုနားဆင်တဲ့ အခါမှာ ဖြစ်ဖြစ်၊ ဒေါင်းလုပ်ပြုလုပ်တဲ့ အခါမှာ ဖြစ်ဖြစ် မိုဘိုင်း ဒေတာများစွာ ကုန်ကျပါတယ်။ အဲဒီ ဗီဒီိယိုများကို MP3 အဖြစ် ပြောင်းလဲပြီး ဒေါင်းလုပ်ပြုလုပ်ရင်တော့ မိုဘိုင်းဒေတာ အနည်းငယ်သာ ကုန်ကျမှာ ဖြစ်ပါတယ်။ ဒီလို ပြုလုပ်ပေးနိုင်တာက Peggo လို့ အမည်ရတဲ့ Android App ဖြစ်ပါတယ်။ Peggo မှာ Search Box ပါရှိပြီး YouTube Video များကို ရှာဖွေနိုင်ပါတယ်။ ဗီဒီယိုရဲ့ URL ကို ကော်ပီကူးယူပြီး Peggo မှာ ထည့်သွင်းခြင်းဖြင့်လည်း ဗီဒီယိုများကို MP3 အဖြစ်ပြောင်းလဲပြီး ဒေါင်းလုပ်လုပ်နိုင်ပါတယ်။ YouTube App မှ ဗီဒီယိုကို Peggo သို့ Share လုပ်ခြင်းဖြင့်MP3 အဖြစ် ဒေါင်းလုပ်ပြုလုပ်နိုင်ပါတယ်။

၁။ Peggo ကို အင်စတောလုပ်ပြီးရင် ဖွင့်ပါ။ Home Screen မှာ Search Box ကို တွေ့ရမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် အဆိုတော်နဲ့ သီချင်းအမည်ကို ရိုက်ထည့်ပြီိး ရှာပါ။ ဗီဒီယိုများ ကျလာရင် ဒေါင်းလုပ်ပြုလုပ်ချင်တာကို တစ်ချက်နှိပ်ပါ။

1

၂။ နောက်အဆင့်မှာ Title နဲ့ Artist အမည်ကို အလိုအလျှောက်ထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်။ From နဲ့ To မှာ MP3 အဖြစ် Record ပြုလုပ်မယ့် အစမှတ်နဲ့ အဆုံးမှတ်ကို ထည့်သွင်းပေးနိုင်ပါတယ်။ Default အားဖြင့် Remove Silence မှာ အမှန်ခြစ်ပေးထားတဲ့အတွက် Music Video ရဲ့ အစနဲ့ အဆုံးမှ အသံမပါတဲ့ အပိုင်းများကို အလိုအလျှောက် ဖြတ်ထုတ်ပေးမှာဖြစ်ပါတယ်။ ပြီးရင်တော့ Record MP3 ခလုတ်ကို နှိပ်ပါ။

2

၃။ ဒါဆိုရင် Record or Download ပြုလုပ်တဲ့ နေရာကို ရောက်ရှိမှာ ဖြစ်ပြီး ၁၀၀ ရာခိုင်နှုန်းပြည့်တဲ့အထိစောင့်ပါ။ ပြီးရင်တော့ အဲဒီ MP3 ဖိုင်ကို တစ်ချက်နှိပ်ပြီး နားဆင်နိုင်ပါပြီ။

3

၎။ YouTube App ကို အသုံးပြုနေရင်းက နှစ်သက်တဲ့ Music Video တစ်ခုကို MP3 အဖြစ် ပြောင်းလဲချင်ရင် Share Button ကို နှိပ်ပါ။ Share Menu ပေါ်လာရင် Peggo ကို ရွေးပေးပါ။ ( အပေါ်ထိပ်မှ Copy URL ကို နှိပ်ပြီး Peggo ရဲ့ Search Box မှာ ထည့်သွင်းခြင်းဖြင့်လည်း ဒေါင်းလုပ်ပြုလုပ်နိုင်ပါတယ်။ )

4

နောက်အဆင့်မှာတော့ အပေါ်ကနည်းအတိုင်း ဒေါင်းလုပ်ပြုလုပ်နိုင်ပါတယ်။

၅။ Peggo ရဲ့ ညာဘက်အပေါ်ထိပ်မှ ဒေါင်လိုက် အစက်ကို နှိပ်ပြီး Settings ထဲသွားနိုင်ပါတယ်။ Status Bar Notifications မှာ အမှန်ခြစ်ဖြုတ်ရင် ဒေါင်းလုပ်ပြုလုပ်နေတဲ့ အခြေအနေကို Notification Bar မှာ ပြသပေးမှာ မဟုတ်ပါဘူး။ Download Location မှာတော့ Default အားဖြင့် Internal Storage > Music> Peggo အောက်မှာ သီချင်းများကို သိမ်းဆည်းပေးမှာပါ။ နှစ်သက်ရာ နေရာကို ပြောင်းလဲ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။

5
Peggo ကို Android 4.1 နဲ့ သူ့အထက်မှာ အသုံးပြုနိုင်ပြီး ဖိုင်အရွယ်အစားမှာ 2.6MB ဖြစ်ပါတယ်။ အောက်ပါ လင့်မှာ ရယူနိုင်ပါတယ်။
http://goo.gl/aqy56J