Wednesday, November 9, 2016

Motorola devices များကို Bootloader Unlock ပြုလုပ်နည်း


Motorola devices များကို Bootloader Unlock ပြုလုပ်နည်းများကို
အလိုရှိနေကြတဲ့ ညီအကိုတွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဒီ Motorola devices များကို Root လုပ်မယ် Custom Recovery ထည့်သွင်းမယ်
ဆိုရင်တော့ ပထမဆုံးပြုလုပ်ထားရမယ့်အချက်က Bootloader Unlock ပြုလုပ်ခြင်းပါပဲ
မိမိဖုန်းတွင် Bootloader ကို Unlock ပြုလုပ်ထားပြီးမှသာလျှင် Custom Recovery ကို
Flash ပြုလုပ်ရပါမယ်၊ ပြီးတော့မှ Supersu.zip ဖိုင်ဖြင့် Root access ကိုရယူနိုင်မှာပါ။

  မှတ်ချက်
=====
#ဖေါ်ပြပါ နည်းလမ်းသည် Motorola devices များအတွက် သာသီးသန့်ဖြစ်ပြီးပါတယ်။

#ဖုန်းကို Bootloader Unlock ပြုလုပ်ခြင်းသည် ဖုန်း၏ warranty ကို ပျစ်စေနိုင်ပါတယ်။

# Bootloader Unlock ပြုလုပ်ရန်အတွက် Instruction အတိုင်းပြုလုပ်ပါရန်။

#မိမိဖုန်းမှာ Brick တစ်ခုခုဖြစ်ခဲ့သော် ဇူးနစ်(နည်းပညာ)မှ တာဝန်မယူပါ။

#ဖုန်းက erase ဖြစ်နိုင်တာမို့ Backup ပြုလုပ်ထားလိုက်ပါ။

#ဖုန်းမှာ ဘက်ထရီအား အနည်းဆုံး 50-60% charge ရှိနေရပါမည်။
# ဖုန်းတွင် USB Debugging & OEM Unlock ကို Enable ပြုလုပ်ထားပါ။
ဖုန်းတစ်လုံးရဲ့ Bootloader Unlock ပြုလုပ်နည်းကို နားလည်ခဲ့ရင်ကျန်တဲ့  တစ်ခြားဖုန်းတွေ
အတွက်လည်း လုပ်နည်းလုပ်ဟန်တွေဟာ အတူတူပဲဆိုတာကို သဘောပေါက်စေချင်ပါတယ်။

ဒီ Motorola devices များကို Bootloader Unlock ပြုလုပ်
တော့မယ်ဆိုရင်တော့ အောက်ပါလိုအပ်ချက်များနဲ့ပြည့်စုံနေရပါမယ်
လိုအပ်ချက်များ
=========
ကွန်ပျူတာတွင် Motorola USB Drivers ထည့်သွင်းထားပါ
 
Minimal ADB and Fastboot Tool ကိုကွန်ပျူတာတွင် ထည့်သွင်းထားပါ
 
Official Web တွင် Motorola ID Free account တစ်ခုပြုလုပ်ထားပါ
 
Unock Code (From Official)

Your Own rick
အထက်ဖေါ်ပြပါလိုအပ်ချက်များနဲ့ ပြည့်စုံခဲ့ရင်တော့ သင်ဆိုင်ရာ မိမိဖုန်းကို
Bootloader Unlock ပြုလုပ်ရန်အတွက် ပြည့်စုံနေပါပြီ၊ ဒီအတွက် ပြုလုပ်နည်းကို
အောက်မှာ ဆက်ပြီးလေ့လာကြည့်လိုက်ပါ အရင်လည်း တင်ပေးပြီးဖြစ်ပါတယ်။
Bootloader Unlock ပြုလုပ်နည်း
==================
၁။ ဖုန်းမှာ OEM & USB Debugging Mode ကို Enable ပြုလုပ်ပါ။

၂။ Minimal ADB and Fastboot Tool ကိုဖွင့်လိုက်ပါ။

 မှတ်ချက်...။ ADB and Fastboot ကို zip & Folder ဖြင့် အသုံးပြုရင်လည်း အဆင်ပြေပါတယ်။
SKD မှ Platform Tool ဖြင့်လည်း အသုံးပြုနိုင်ပါတယ်၊ မိမိအတွက်အဆင်ပြေနိုင်တာကို အသုံးပြုပါ။

၃။ ဖုန်းနဲ့ ကွန်ပျူတာကို ချိတ်ဆက်ပြီး အောက်ပါစာကြောင်းကို ထပ်ရိုက်ထည့် Enter ကိုခေါက်ပါ။

adb devices

၎။ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်မှု Fastboot Device အချင်းချင်း အဆင်ပြေတာနဲ့
 အောက်ပါ Command ကို ထပ်ရိုက်ထည့်ပေးပြီး Enter ကိုထပ်ခေါက်ပေးလိုက်ပါ။

adb reboot bootloader

ဖုန်းမှာ Fastboot Mode သို့ရောက်သွားပါလိမ့်မယ်။

၅။ Devices အချင်းချင်းသိပြီဆိုတာနဲ့အောက်ပါစာကြောင်းကို ထပ်ရိုက်ထည့်လိုက်ပါ။
fastboot oem get_unlock_data
Example
$ fastboot oem get_unlock_data
(bootloader) 0A40040192024205#4C4D3556313230
(bootloader) 30373731363031303332323239#BD00
(bootloader) 8A672BA4746C2CE02328A2AC0C39F95
(bootloader) 1A3E5#1F53280002000000000000000
(bootloader) 0000000
၆။ အထက်ပါ Unlock Data များ ပေါ်လာသည့်အခါ Select မှတ်ပြီး Ctrl + C ကိုတွဲနှိပ်ပြီး
Copy ကူးယူလိုက်ပြီး၊ Notepad မှာ အောက်ပုံအတိုင်းသိမ်းဆည်းထားလိုက်ပါ။
Bootloader စာကြောင်းတိုင်းကိုဖြုတ်ပြီး ကျန်တဲ့ code data တွေကိုတော့ 
ပုဒ်မခြားပဲ ပုံပါအတိုင်း မှတ်သားထားရမှာပဲဖြစ်ပါတယ်။
၇။ Unlock Code တောင်းဆိုရန်အတွက် အောက်ပါလင့်ကို ၀င်လိုက်ပါ
Motorola unlock site

 မှတ်ချက်...။ Unlock Code များတောင်ဆိုရန်အတွက် Official web တွင်
Motorola ID account တစ်ခုတော့ လိုအပ်မည်ဖြစ်ပါသည်၊ မရှိသေးရင်
Free register account တစ်ခုအလွယ်ဖွင့်ယူလိုက်ပါ။
 ၈။ Unlock Code တောင်းရန်အတွက် Official Web သို့ရောက်သွားတဲ့အခါ Step သုံးခု 
အနေဖြင့် ပြုလုပ်ပေးရမှာဖြစ်လို့ ပမဆုံး step နေရာတွင် Next ကိုနှိပ်ပေးလိုက်ပါ။
၉။ Page ရဲ့ Step 2 နေရာသို့ရောက်သွားပါလိမ့်မယ်၊ အပေါ်တွင် Unlock code data များအားလုံးကို Copy ကူးယူပြီး အောက်ပါပုံအတိုင်း ထည့်ပေးလိုက်ပြီး Can my device be unlocked?” ဆိုတာကို တစ်ချက်နှိပ်ပေးလိုက်ပါ။
၁၀။ I Agree ကိုအမှန်ခြစ်ပေးပြီး Request Unlock Key ဆိုတာကိုနှိပ်လိုက်ပါ။
၁၁။ အောက်ပါပုံအတိုင်း တက်လာခဲ့ရင်တော့ OK ကိုသာနှိပ်ပေးလိုက်ပါ
၁၂။ Step 3 စာမျက်နှာတွင် Official မှ မိမိ Gmail သို့ Unlock Code ကို
ပို့ပေးပြီးဖြစ်ကြောင်း အောက်ပါပုံအတိုင်းဖေါ်ပြပေးနေပါလိမ့်မယ်။
၁၃။ မိမိ၏ Gmail သို့သွားလိုက်ပြီး Official မှ ပို့ပေးလာတဲ့ 
Unlock Code များကို Copy ကူးယူလိုက်ပြီး Notepad မှထားလိုက်ပါ။
၁၄။ Minimal ADB and Fastboot Tool ကိုဖွင့်လိုက်ပါ
  အောက်ပါစာကြောင်းကို ထပ်ရိုက်ထည့် Enter ကိုခေါက်ပါ။

fastboot devices
 ၁၅။ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်မှု အဆင်ပြေတာနဲ့ အောက်ပါ
Command ကို ထပ်ရိုက်ထည့်ပေးပြီး Enter ကိုထပ်ခေါက်ပေးလိုက်ပါ။
fastboot oem unlock (Unlock Code)
၁၆။ ဖုန်း Screen တွင် Unlocked' ဆိုပြီးမြင်နေရပါလိမ့်မယ် ဖုန်းမှာ
 Restart ကျသွားပါလိမ့်မယ်၊ ပြီးရင် warning bootloader Unlockded စသည်ဖြင့်
မြင်နေရပါလိမ့်မယ် Unlocking Process တစ်ခုပြီးအောင်စောင့်နေလိုက်ပါ။
၁၇။ Process ပြီးသွားတဲ့အခါ ဖုန်းကို New setup တစ်ခုလုပ်ပေးလိုက်ပါ
သင့်ဖုန်းမှာ Bootloader ကို Unlock ပြုလုပ်ပြီးဖြစ်ပါတယ်။


 Unlocked Device ဟုတ်မဟုတ် စစ်ဆေးနည်း
==========================
၁။ Minimal ADB and Fastboot Tool ကိုဖွင့်လိုက်ပါ။

၃။ ဖုန်းနဲ့ ကွန်ပျူတာကို ချိတ်ဆက်ပြီး အောက်ပါစာကြောင်းကို
ထပ်ရိုက်ထည့် Enter ကိုခေါက်ပါ။

adb devices

၎။ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်မှု Fastboot Device အချင်းချင်း အဆင်ပြေတာနဲ့
 အောက်ပါ Command ကို ထပ်ရိုက်ထည့်ပေးပြီး Enter ကိုထပ်ခေါက်ပေးလိုက်ပါ။

adb reboot bootloader

ဖုန်းမှာ Fastboot Mode သို့ရောက်သွားပါလိမ့်မယ်။

၅။ Devices အချင်းချင်းသိ မသိ အောက်ပါစာကြောင်းရိုက်ထည့် Enter ခေါက်ပါ။

fastboot devices

၆။ Fastboot devices သိပြီးဆိုတာနဲ့ အောက်ပါစာကြောင်းကို
ရိုက်ထည့်ပြီး Enter ကိုခေါက်လိုက်ပါ၊ အောက်ပါပုံကို လေ့လာပါ။

fastboot oem get-bootinfo


၇။ (bootloader) unlocked
OKAY [  0. 013s]
Finished.  total time: 0. 014s
စသည်ဖြင့် မြင်နေရရင်တော့ သင့်ဖုန်းက Unlocked Device ဖြစ်နေပါပြီ။

အပေါ်မှာ Instruction ကိုအားမရသေးရင်တော့ 
အောက်ပါ Youtube တွင် လေ့လာကြည့်လိုက်ပါ
How to Unlock Bootloader on Motorola devices
===================================



အားလုံးကိုကျေးဇူးတင်ပါတယ်
ဇူးနစ်(နည်းပညာ)

No comments:

Post a Comment