Friday, November 25, 2016

♪ ကင်ဆာ ရှိ ၊ မရှိ စစ်ဆေးပေးတဲ့ Smartphone Accessory ♫


%e1%81%81
ပညာရှင်များက ကင်ဆာ ရှိ ၊ မရှိ စစ်ဆေးပေးနိုင်တဲ့ သေးငယ်တဲ့ Smartphone Accessory တစ်ခုကို တီထွင်လိုက်ပါတယ်။ ကိရိယာရဲ့ ရောဂါစစ်ဆေးမှုဟာ ၉၉ ရာခိုင်နှုန်း တိကျတယ်လို့ တီထွင်သူ များက ပြောပါတယ်။

ကိရိယာဟာ ဓါတ်ခွဲခန်းများ လုံလောက်စွာ မရှိတဲ့ ဆေးရုံ၊ ဆေးခန်းများနဲ့ ဝေးလံခေါင်ဖျားတဲ့ အရပ်ဒေသများအတွက် အလွန် အသုံးဝင်တယ်လို့ တီထွင်သူများက ပြောပါတယ်။ လက်ရှိမှာတော့ ကိရိယာကို iPhone 5 နဲ့ တွဲဖက် အသုံးပြုနိုင်ဖို့ တီထွင်ထားတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ခေတ်ပေါ် စမတ်ဖုန်းတိုင်းနဲ့ တွဲဖက် အသုံးပြုနိုင်အောင် တီထွင်မယ်လို့ တီထွင်သူများက ပြောပါတယ်။

လက်ရှိမှာတော့ ဓါတ်ခွဲခန်းတွင်းရှိ ဆဲလ်နမူနာများဖြင့်သာ စမ်းသပ်နေခြင်းဖြစ်ပြီး ကင်ဆာ ရောဂါရှိသူများ ကို စမ်းသပ်ခြင်း မရှိသေးပါဘူး။ ပညာရှင်များက သူတို့ရဲ့ ကိရိယာကို အများပြည်သူ အသုံးပြုနိုင် မယ့် နေ့ရက်ကို ပြောကြားခြင်း မရှိသေးပါဘူး။

No comments:

Post a Comment