Monday, November 28, 2016

♪ Facebook မသုံးဘဲ သတင်းကြည့်နိုင်မယ့်နည်းလမ်း ၈ခု ♫


သတင်းအမှား“ဆိုတဲ့အရာဟာ ကျွန်တော်တို့အပေါ်မူတည်နေပါတယ်။ ဒါကြောင့် သတင်းတွေကို ဖတ်ရှုတဲ့အခါမှာ ပြန်လည်သုံးသပ်ဖို့ လိုအပ်လာတဲ့အချိန်ကို ရောက်လာပါပြီ။
Facebook ပေါ်မှာ share လုပ်နေကြတဲ့ ဆောင်းပါးတွေဟာ မမှန်မကန်မှုတွေများနေတယ်လို့ မီဒီယာများစွာက ပြောကြားပြီးတဲ့နောက်မှာတော့ facebook ဟာ သူ့ရဲ့ “သတင်းအမှား” သံသရာကနေ ထွက်တော့မယ်အစီအစဉ်ကို ကြေညာခဲ့ပါတယ်။

Facebook ရဲ့ စီအီးအို Mark Zuckerberg က စနေနေ့မှာ ကုမ္ပဏီဟာ သတင်းအမှားတွေကို စီစစ်ဖို့ ကောင်းမွန်တဲ့စစ်ထုတ်မှု၊ လွယ်ကူတဲ့ report ပြုလုပ်နိုင်မှု၊ ကြော်ငြာပေါ်လစီအသစ်တွေကို မိတ်ဆက်အသိပေးမှုတွေ ပြုလုပ်သွားမယ်ဆိုပြီးတော့ ပို့စ်တစ်ခုမှာ ရေးသားခဲ့ပါတယ်။
အဲဒီလိုလုပ်ဆောင်ချက်အပြင် သတင်းအမှားတွေဖန်တီးပြီး သမ္မတအိုဘားမားရဲ့ အာရုံကိုဖန်းစားနိုင်မှုဟာလည်း သင့်ကို News Feed တစ်ခုတည်းကြည့်မနေသင့်ဘဲ အပြင်မှာပါ စုံစမ်းဖို့ သတိပေးလိုက်သလိုပါပဲ။
သတင်းအမှားတွေကို သိအောင်လုပ်တဲ့အပြင် Facebook ပေါ်က သတင်းတွေကိုပဲကြည့်ပြီး ယုံနေတာမျိုးကနေ ရုန်းထွက်သင့်ပါပြီ။
သင့်ရဲ့ အမြင်ကို ပြောင်းလဲသွားစေနိုင်တဲ့ တခြားသတင်းကြည့်နိုင်တဲ့နေရာတွေလည်း ရှိပါသေးတယ်။ အဲဒါတွေကတော့ :

feedly

Image: screengrab/feedly
Image: screengrab/feedly
ဒါက တော်တော်လေးကို ဟောင်းနေပါပြီ။ ဒါပေမယ့် ဖတ်နေတဲ့သူတွေလည်း ရှိပါသေးတယ်။
အဲဒီ သတင်းစုဆောင်းပေးတဲ့ application ဟာ သင့်စိတ်ကြိုက်သတင်းတွေကို တရားဝင်စာစောင်၊သတင်းစာတွေကနေ စုစည်းပြသပေးတဲ့ အရာတစ်ခုဖြစ်ပါတယ်။ RSS reader ဟာ သုံးစွဲသူတွေကို တစ်နေရာတည်းမှာပဲ သူတို့စိတ်ကြိုက် ၀က်ဘ်ဆိုက်တွေကို အဆင်ပြေပြေကြည့်ရှုနိုင်ဖို့နဲ့ အချိန်နဲ့တပြေးညီ သတင်းအသစ်တွေကို ခံစားနိုင်ဖို့ ကူညီပေးပါတယ်။
စိတ်ကြိုက် ၀က်ဘ်ဆိုက်တွေ၊ သတင်းတွေကို စုစည်းပေးနိုင်တဲ့အပြင် feedly က သုံးစွဲသူတွေကို အခြားသူတွေနဲ့ share နိုင်တဲ့ အခွင့်အရေးပေးထားပါတယ်။ ဒါကြောင့် သင့်ရဲ့ အပေါင်းအသင်း၊ သူငယ်ချင်းတွေနဲ့ လူမှုကွန်ရက်ဆီက အရေးပါတဲ့သတင်းတွေကိုလည်း မြင်နိုင်ပါတယ်။

Flipboard

Image: screengrab/flipboard
Image: screengrab/flipboard
Feedly နဲ့ အတော်လေး တူပါတယ်။ Flipboard ဟာ ကမ္ဘာကြီးမှာဖြစ်ပျက်နေတဲ့ နည်းပညာ၊ ဖျော်ဖြေရေး၊ ဒီဇိုင်း၊ ကျန်းမားရေး စတဲ့သတင်းတွေကို ဖော်ပြပေးပါတယ်။ ဒါပေမယ့်လည်း သတင်းတင်ဆက်ပုံကတော့ မဂ္ဂဇင်းတစ်အုပ်ကို ဖတ်နေရသလိုပါပဲ။ ဒါပေမယ့်လည်း တစ်ခါတစ်ရံမှာတော့ သတင်းဖတ်ရတာ စိတ်ဓါတ်ကျစေပါတယ်။
သူ့ရဲ့ ယုံကြည်ရတဲ့ သတင်းတင်ဆက်သူတွေရဲ့ သတင်းတွေကို ဖတ်နိုင်တဲ့အပြင် သင်နဲ့သက်ဆိုင်တဲ့ သတင်းခေါင်းစဉ်တွေနဲ့ အယ်ဒီတာရွေးချယ်ပေးတဲ့ “The Daily Edition” ဆိုတာကိုလည်း ကြည့်ရှုဖို့ Flipboard ကို သုံးနိုင်ပါတယ်။

Apple News

Image: mashable composite: screengrab/apple news
Image: mashable composite: screengrab/apple news
Apple ချစ်သူတွေ ၀မ်းသာမဲ့သတင်းပါပဲ။ သင့်ရဲ့ Apple devices တွေပေါ်မှာ လက်တစ်ချက်တောက်လိုက်တာနဲ့ breaking news တွေကိုပါ သိနိုင်မှာ ဖြစ်ပါတယ်။ Apple ရဲ့ news app ဟာလည်း Flipboard လိုပါပဲ။ များစွာသော customization options တွေနဲ့အတူ သင့်စိတ်ကြိုက် အကြောင်းအရာတွေကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ mobile or email notifications တွေကိုလည်း ရယူထားနိုင်ပြီး အခြားသူတွေနဲ့လည်း share လုပ်နိုင်ဦးမှာ ဖြစ်ပါတယ်။
Image: mashable composite: screengrab/apple news
Image: mashable composite: screengrab/apple news

Podcasts

ရေဒီယိုကို နားထောင်တယ်ဆိုတာက ခေတ်ကုန်နေပြီ ဆိုပေမယ့်လည်း podcasts တွေကတော့ ဖြစ်ပျက်နေတဲ့သတင်းတွေကို အမြန်ဆုံး ဖမ်းယူနားဆင်နိုင်မှာ ဖြစ်ပါတယ်။ နေ့စဉ်၊ အပတ်စဉ် ဒါမှမဟုတ် လစဉ် podcasts တွေက ကျွမ်းကျင်သူတွေ၊ ဂျာနယ်လစ်တွေနဲ့ သိမြင်တတ်ကျွမ်းတဲ့သူတွေဆီက သုံးသပ်ချက်တွေကို သင့်ထံ ယူဆောင်လာမှာပါ။ နောက်ဆုံး ကမ္ဘာကြီးမှာ ဘာတွေဖြစ်နေလဲ၊ နိုင်ငံရေးအခြေအနေရော ကြည့်ဦးမလား။ ပညာပေးဆွေးနွေးချက်တွေကလည်း ဖြစ်နေတဲ့အရေးအရာတွေမှာ သင့်အမြင်ကို ကျယ်ပြန့်စေနိုင်ပါတယ်။ အရေးပါတဲ့ တချို့ကို ထောက်ခံပေးချင်တာကတော့ :

Online newsletters

တကယ်လို့ သင့်ရဲ့ယုံကြည်ရတဲ့ သတင်းဌာနတွေကို သတ်မှတ်ပြီးပြီဆိုရင်တော့ newsletters တွေကို subscribe လုပ်ထားဖို့ မမေ့လိုက်ပါနဲ့။
theSkimmThe New York TimesNeed 2 KnowThe Quartz Daily BriefNextDraft နဲ့ Politico Playbook တို့လို Daily newsletters တွေဟာ နေ့တစ်နေ့အတွက် အရေးပါဆုံး သတင်းတွေကို အနှစ်ချုပ်ဖော်ပြပေးပါတယ်။ ဒါ့အပြင် သင့်စိတ်ကြိုက် ရှာဖွေနိုင်ပါသေးတယ်။

Instant news alerts

Image: screengrab/App store
Image: screengrab/App store
သင်ဟာ စစ်တမ်းကောက်သူတစ်ယောက်လိုမျိုး သတင်းဖြစ်လိုက်တာနဲ့ သင့်ဖုန်းမှာ ချက်ချင်းရယူနိုင်ပါတယ်။
AP News and Breaking News လိုမျိုး Mobile apps တွေဟာ ဒေသတွင်း၊ နိုင်ငံတွင်းနဲ့ ကမ္ဘာအနှံ့က ခေါင်းကြီးပိုင်းတွေကို ဖော်ပြပေးပါတယ်။ ဒါ့အပြင် ကမ္ဘာကြီးမှာ ဘာတွေဖြစ်နေလဲဆိုတာသိဖို့ သင့်ရဲ့လူမှုကွန်ရက်အကောင့်ကို ဆွဲပြီးကြည့်နေစရာမလိုတော့အောင် အချက်ပေးစနစ်တွေလည်း ပါဝင်ပါတယ်။
တကယ်လို့ သင်ဟာ သတင်းအချက်အလက်နဲ့ နီးနီးကပ်ကပ်နေချင်တယ်ဆိုရင်တော့ သင့်ကို ၀က်ဘ်ဆိုက်တွေကို ခေါ်သွားမယ့် app တွေကို download ဆွဲတာထက် တန်ပါတယ်။

Reputable news sites

တကယ်တော့ နာမည်ရှိတဲ့ သတင်းဆိုက်တွေမှာ တိုက်ရိုက်ကြည့်ရှုတာလောက် ကောင်းတဲ့နည်းလမ်း မရှိတော့ပါဘူး။ domain names တွေ လှည့်စားပြီးတော့ သုံးစွဲသူတွေကို တပတ်ရိုက်ပြီး သတင်းအမှားတွေပေးနေတာမျိုးလည်း ရှိပါတယ်။ ဒါကြောင့် လူမှုကွန်ရက်တွေမှာ share ထားတဲ့ ဆောင်းပါးတွေကို ကြည့်မယ်ဆိုရင်လည်း URLs တွေကို သတိထားကြည့်ဖို့ လိုပါတယ်။
ဥပမာ သင်က nbc.com က ဆောင်းပါးတစ်ခုခုကို နှိပ်လိုက်တယ်ဆိုပါစို့။ ဒါပေမယ့် သင့်ရဲ့လင့်ဟာ nbc.com.co ကို ရောက်သွားပါတယ်။ အခုလိုဖြစ်တာမျိုးကို ရှောင်ဖို့အတွက်ကတော့ သင်လိုချင်တဲ့ သတင်းရှိတဲ့နေရာကို တိုက်ရိုက်သွားကြည့်တာက အကောင်းဆုံးပါပဲ။
 Image: screengrab/twitter
Image: screengrab/twitter

Twitter

Facebook လိုပဲ။ Twitter ဟာ သတင်းအမှားတွေကို အလွယ်တကူမျှဝေနိုင်တဲ့ နေရာတစ်ခု ဖြစ်နေပါတယ်။ တကယ်တော့ တခါတရံမှာ ကိုယ်ကမမြင်နိုင်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သင်ဟာ လူမှုကွန်ရက်ကို အခွင့်အရေးတစ်ခုပေးပြီး သတင်းတွေအတွက် ယုံကြည်ရတဲ့ဌာနတွေကို စစ်ထုတ်နိုင်ပါတယ်။ ရည်ရွယ်ချက်ရှိရှိနဲ့ ပုန်းနေတဲ့ ဂျာနယ်လစ်တွေကို မေးကြည့်လိုက်ပါ။
ပထမဆုံး သတင်းအမှားတွေကို လုပ်ကြံတင်နေတဲ့သူတွေကို block လိုက်တာက အကောင်းဆုံးပါပဲ။ အဲဒါကို အောင်မြင်စွာလုပ်ဆောင်ဖို့ Twitter ရဲ့ new “mute” feature ကို အသုံးပြုလိုက်ပါ။ အဲဒီ feature ဟာ တချို့ keywords၊ စကားစုတွေနဲ့ စကားပြောဆိုမှုတွေကို သင့်ရဲ့ notifications မြင်ကွင်းကနေ ဖျောက်ထားပေးမှာပါ။
လွန်ခဲ့တဲ့နှစ်တွေကတည်းက Twitter ဟာ ပြောင်းလဲမှုတွေဖြစ်တဲ့ အလွဲသုံးစားပြုလုပ်ထားတဲ့ tweets တွေကို အသိပေးနိုင်ခြင်း၊ လုံခြုံရေးကောင်စီ ဖန်တီးနိုင်ခြင်းအရည်အသွေးမြင့် filter စတာတွေကို မိတ်ဆက်ခဲ့ပြီး ဖြစ်ပါတယ်။ Twitter Moments နဲ့ Twitter Lists တွေဟာလည်း သတင်းတွေကို စုစည်းပေးနိုင်မှာ ဖြစ်ပါတယ်။
Hashtags တွေဟာလည်း တကယ်တော့ ယုံကြည်လို့ မရပါဘူး။ အချိန်နဲ့အမျှသတင်းတွေကို ကြည့်နိုင်ဖို့ news outlets တွေနဲ့ reporters၊ အစိုးရ နဲ့ နာမည်ကြီးတွေရဲ့ officials တွေကို follow လုပ်ထားမှသာ တိုက်ရိုက်သိရှိနိုင်ပြီး အမှန်အကန်တွေ သိရမှာပါ။
တကယ်လို့ အခုမှ စပြီးလုပ်ကြည့်မယ်ဆိုရင်တော့ စိတ်ဝင်စားဖို့ကောင်းတာတွေကို ပြထားပါတယ်။

အားလုံးပဲ သက်ဆိုင်ရာ သတင်းအမှန်တွေကို သိနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

  


Aung Phyo Oo (Myanmar Mobile App)

No comments:

Post a Comment