Tuesday, November 29, 2016

♪ Samsung မှ စမတ်ဖုန်းမော်ဒယ်သစ် Galaxy J2 Prime အား မြန်မာနိုင်ငံတွင် စတင်မိတ်ဆက် ♫


galaxy-j2-prime
နောက်ဆုံးပေါ် အဆင့်မြှင့်တင်ထားသော ထူးခြားသည့် လုပ်ဆောင်ချက်များနှင့်အတူ နှစ်သက်ဖွယ် အရည်အသွေးများကို ပေါင်းစပ်ထုတ်လုပ်ထားသော Galaxy J2 Prime စမတ်ဖုန်း မော်ဒယ်သစ် အား မြန်မာနိုင်ငံတွင် စတင် မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း Samsung Myanmar မှ ယနေ့ သတင်းထုတ်ပြန်ကြေငြာလိုက်သည်။

ဖုန်း၏ နဂိုမူလ လှပချောမွေ့သောဒီဇိုင်းအား ထပ်မံတိုးမြှင့် ဖန်တီးထားခြင်းကြောင့် Galaxy J2 Prime သည် အခြားဖုန်းများနည်းတူ လှပ၍ ဒီဇိုင်းဆန်းပြားသော ဖုန်းတစ်လုံးအဖြစ် ဈေးကွက်ထဲသို့ရောက်ရှိလာခဲ့သည်။ အဆိုပါဖုန်းအား ပေါ့ပါးသောကိုယ်ထည်ဖြင့် ဖန်တီးထားသောကြောင့် လက်တစ်ဖက်တည်းဖြင့် ကိုင်တွယ်နိုင်မည်ဖြစ်ပြီး ဖုန်းအား မြဲမြံစွာကိုင်တွယ်အသုံးပြုနိုင်ရန် အနောက်မျက်နှာပြင်အား အလွယ်တကူလွတ်မကျစေသည့် ဒီဇိုင်းဖြင့်ပြုလုပ်ပေးထားသည်။

Galaxy J2 Prime တွင် ၅ လက်အရွယ်အစားရှိ qHD TFT မျက်နှာပြင်နှင့်အတူ f/2.2 aperture နှင့် 720p video recording ပါဝင်သော 8 Megapixel အရည်အသွေးရှိ နောက်ကင်မရာ နှင့် f/2.2 aperture ထည့်သွင်းထားသော 5 Megapixel အရည်အသွေးရှိ ရှေ့ကင်မရာတို့ပါဝင်သည်။ အဆိုပါ 5 Megapixel အရည်အသွေးရှိ ရှေ့ကင်မရာတွင် LED flash အားထည့်သွင်းပေးထားသောကြောင့် သုံးစွဲသူများအနေဖြင့် ကြည်လင်၍ပြတ်သားသော selfie ဓာတ်ပုံများကိုရိုက်ကူးနိုင်မည်ဖြစ်သည်။ ထို့ပြင် 1.4GHz quad-core processor နှင့် 1.5GB RAM တို့ဖြင့် အားဖြည့်ပြုလုပ်ဖန်တီးထားသည်။ အဆိုပါဖုန်းတွင် မူလဖုန်းတွင်းမှတ်ဥာဏ် 8 GB ပမာဏပါဝင်ပြီး ထပ်မံတိုးမြှင့်အသုံးပြုနိုင်ရန်အတွက်လည်း microSD card slot ထည့်သွင်းပေးထားသည်။ ဖြုတ်တပ်နိုင်သော 2,600 mAh ပမာဏရှိဘက်ထရီ၊ လက်ဗွေရာစနစ်၊ ဆင်းမ်ကဒ်နှစ်ကဒ် ထည့်သွင်းအသုံးပြုနိုင်သော slot နှင့် LTE ကွန်ယက်ချိတ်ဆက်မှုတို့ပါဝင်သည်။

ကျွန်တော်တို့ Samsung အနေနဲ့ မြောက်များစွာသော သုံးစွဲသူ တွေရဲ့ တုံ့ပြန်မှု နဲ့ လိုအပ်ချက်တွေကို အဓိကထားပြီး တီထွင်ဆန်းသစ်မှုတွေကို ကျွန်တော်တို့ရဲ့ စဉ်ဆက်မပြတ်ဆက်လက်ဖန်တီးလုပ်ဆောင်နေပါတယ်။ အခု အသစ်ထပ်မံထုတ်လုပ်လိုက်တဲ့ Galaxy J2 Prime က ခေတ်မီဆန်းပြားပြီး ချောမွေ့လှပတဲ့ဒီဇိုင်းကြောင့် လက်တွေ့ကျကျအသုံးဝင်မှု နဲ့ ဒီဇိုင်းဆန်းသစ်မှုကို အချိုးကျကျ ပေါင်းစပ်ဖန်တီးထားတဲ့ ဖန်တီးမှုတစ်ခုဖြစ်ပါတယ်။” ဟု Samsung Myanmar ၏ Head of IT and Mobile ကိုဇာနည်ဝင်းထက်မှပြောကြားခဲ့သည်။

ဒီ Galaxy J2 Prime နဲ့အတူ သုံးစွဲသူတွေအနေနဲ့ Quick Launch Mode လို့ခေါ်တဲ့ တစ်စက္ကန့်အတွင်း Home button ကို နှစ်ချက်ဆက်တိုက်နှိပ်ရုံနဲ့ ကင်မရာကိုဖွင့်နိုင်ပြီး ကြည်လင်တောက်ပတဲ့ selfie ဓာတ်ပုံတွေကို ရိုက်ကူးနိုင်မှာဖြစ်ပါတယ်” ဟု ကိုဇာနည်ဝင်းထက်မှ ဖြည့်စွက်ပြောကြားခဲ့သည်။

စွမ်းဆောင်ရည်မြင့်မားသော Galaxy J2 Prime သည် အဆင့်မြှင့်တင်ထားသော chipset စွမ်းဆောင်ရည်နှင့် သုံးစွဲသူများအား ချောမွေ့၍ နစ်မြောဖွယ်ရာ သုံးစွဲမှုအတွေ့အကြုံအားပေးစွမ်းနိုင်သည့် ကြီးမားသော RAM ပါဝင်သောကြောင့် ဖျော်ဖြေရေးဆိုင်ရာ ထုတ်ကုန်တစ်ခုဖြစ်သည်။ အဆိုပါဖုန်းတွင် Android 6.0 Marshmallow အား ထည့်သွင်းပေးထားပြီး သုံးစွဲသူများအနေဖြင့် app permissions များပြုလုပ်ခြင်း၊ setting များ ပြောင်းလဲခြင်း နှင့် ပိုမိုလွယ်ကူစွာအသုံးပြုနိုင်ခြင်း အစရှိသည်တို့ကို ပြုလုပ်နိုင်စေရန် OS designအား သုံးစွဲသူများ ပိုမိုလွယ်ကူစွာအသုံးပြုနိုင်ရန် ပြန်လည်ဆန်းသစ်ဖန်တီးထားသည်။ Samsung ၏ touchscreen interface ဖြစ်သော နောက်ဆုံးထွက် TouchWiz version အသစ်ကိုလည်း ထည့်သွင်းပေးထားသည်။

မြနမာနိုင်ငံမှ သုံးစွဲသူများအနေဖြင့် Galaxy J2 Prime အား ၁၅၉,၀၀၀ ကျပ်ဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ Samsung Brand ဆိုင်များတွင် ဝယ်ယူရရှိနိုင်မည်ဖြစ်ပြီး အနက်ရောင်၊ ရွှေရောင်၊ ငွေရောင် နှင့် ပန်းရောင် အစရှိသည့်အရောင်များအား ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။

No comments:

Post a Comment