Monday, November 21, 2016

♪ Ooredoo ရဲ့ ဆင်းမ်ကတ်မှတ်ပုံတင်နည်းလမ်းသစ်များ ♫


Ooredoo ရဲ့ဆင်းမ်ကတ်မှတ်ပုံတင်နည်းလမ်းသစ်များကို စတင်မိတ်ဆက်လိုက်ပါတယ်။

အွန်လိုင်းကနေ မှတ်ပုံတင်ခြင်း၊ app ကနေမှတ်ပုံတင်ခြင်း အစရှိတဲ့နည်းလမ်းတွေနဲ့ မှတ်ပုံတင်နိုင်မယ်လို့ဆိုပါတယ်။ အသုံးပြုသူကိုယ်တိုယ် မှတ်ပုံတင်နိုင်ရန် ဆောင်ရွက်ထားတယ် လို့သိရပါတယ်။ အသုံးပြုသူများအနေဖြင့် *666# သို့ ခေါ်ဆို၍ ဆင်းမ်ကတ်မှတ်ပုံတင်ထားခြင်း ရှိ၊ မရှိ စစ်ဆေးနိုင်ကြောင်း၊ ဆင်းမ်ကတ်မှတ်ပုံတင်ထားခြင်း မရှိပါက မှတ်ပုံတင်ရန်လင့်ခ်ပါသော စာတို တစ်စောင်ကို လက်ခံရရှိမည်ဖြစ်ကြောင်း ယင်းလင့်ခ်ဖြင့်ဝင်ရောက်ကာ မှတ်ပုံတင်နိုင် မည်ဖြစ်ကြောင်း ပြောကြားထားပါတယ်။

Application မှတစ်ဆင့် မှတ်ပုံတင်နိုင်ရန် *565# သို့ခေါ်ဆိုရမည်ဖြစ်ပြီး Ooredoo မှပြန်လည်ပေးပို့လာသော လင့်ခ်မှတစ်ဆင့် My Ooredoo App အားဒေါင်းလုပ်ပြုလုပ်ပြီး ဆင်းမ်ကတ် မှတ်ပုံတင်နိုင်မည်ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါဆင်းမ်ကတ်များ မှတ်ပုံတင်ခြင်းအား ၂၃၄ သို့ဖုန်းခေါ်ခြင်းဖြင့်လည်း ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း၊ အဆိုပါဖုန်းသို့ခေါ်ဆိုကာ အလိုအလျောက် ဖြေကြားသောစနစ်မှတစ်ဆင့် မှတ်ပုံတင် ထားခြင်းရှိ၊ မရှိစစ်ဆေးနိုင်မည် ဖြစ်ကြောင်း ပြောကြားထားပါတယ်။

www.ooredoo.com.mm သို့ ဝင်ရောက်ပြီး Self-care ခလုတ်ကိုတွေ့ရမည်ဖြစ်ပြီး အဲဒီကတစ်ဆင့် မှတ်ပုံတင်နိုင်မယ်လို့သိရပါတယ်။ ဒါ့အပြင် ooredoo ဆိုင်တွေမှာလည်း သွားရောက်ဆောင်ရွက်နိုင် မယ်လို့ဆိုပါတယ်။ ဆင်းမ်ကတ်တွေ မှတ်ပုံတင်နိုင်ဖို့အတွက် မှတ်ပုံတင် သို့မဟုတ် ကျောင်းသားကတ် သို့မဟုတ် ယာဉ်မောင်းလိုင်စင်တို့ လိုအပ်မှာဖြစ်ပါတယ်။


Credit to ==> IJ Mobile

No comments:

Post a Comment