Tuesday, November 8, 2016

♪ “Samsung Galaxy J5 Prime” ♫


Samsung Galaxy J Series များထဲမှ အရည်အသွေးကောင်းကောင်းနှင့် ထပ်မံထွက်ရှိလာတဲ့မျိုးဆက်သစ် Galaxy J5(Prime) ဖြစ်ပါတယ်။ လုံခြုံရေး အတွက် Finger Print Sensor ပါဝင်လာပြီး ကိုယ်ထည်ပိုင်းကို အရည်အသွေး ကောင်းမွန်သော သတ္တုဖြင့် လှပသေသပ်စွာတည်ဆောက်ပေးထားပါတယ်။ CPU ပိုင်းပိုမိုကောင်းမွန်လာသဖြင့် အချက်အလက်များကို အချိန်တိုအတွင်း လျင်မြန်စွာကူးပြောင်းနိုင်မှာဖြစ်ပါတယ်။

Galaxy J5 Prime တွင် ၅ လက်မ အရွယ်အစားရှိ HD TFT မျက်နှာပြင်နှင့်အတူ 13 Megapixel အနောက် ကင်မရာနှင့် 5 Megapixel ရှေ့ကင်မရာတို့ပါဝင်တယ်။ အဆိုပါစမတ်ဖုန်း၏ ရှေ့ကင်မရာတွင် f/2.2 aperture အားထည့်သွင်းပေးထားပြီး နောက် ကင်မရာတွင် f/1.9 aperture အားထည့်သွင်းပေးထားပါတယ်။ LED Flash ပါထည့်ပေးထားသောကြောင့် မှောင်မိုက်သော နေရာများတွင် အလင်းအား ပေး၍ ဓာတ်ပုံများကို ရိုက်ကူးနိုင် ပြီး Focus အတွက်လည်း Auto focus ပါထည့်ပေးထားပါတယ်။ ထို့ပြင် 1.4GHz quad-core processor နှင့် 2GB RAM တို့ဖြင့် အားဖြည့်ပြုလုပ်ဖန်တီးထားပါတယ်။ လက်ဗွေရာ စနစ်၊ ဆင်းကတ်နှစ်ကတ် ထည့်သွင်းအသုံးပြုနိုင်သော slot နှင့် LTE ကွန်ရက် ချိတ်ဆက်မှုတို့ပါဝင်ပါတယ်။

Galaxy J7 Prime ကဲ့သို့ပင် Galaxy J5 Prime ၏ မျက်နှာပြင်သည်လည်း 2.5D Gorilla Glass 4 ကာကွယ်မှုဖြင့် ပြုလုပ်ထားခြင်းဖြစ်ပါတယ်။ Processor အနေနဲ့ 1.4GHz Quad Core ကို အသုံးပြုပေးထားသဖြင့် လုပ်ဆောင်ချက် တွေ မြန်ဆန် ပေါ့ပါးစေမှာဖြစ်ပါတယ်။ သိုလှောင်မှုပမာဏမှာလည်း 16GB ထည့်သွင်း ပေးထားပြီး Storage ပမာဏကို ထပ်တိုးချင်တယ်ဆိုရင် 256GB ထိ ထပ်စိုက်၍ အသုံးပြုနိုင်ပါတယ်။ အချက်အလက်များကူးပြောင်းရန် RAM 2GB ထည့်သွင်း ပေးထားပါတယ်။

Android OS တွင်လည်း နောက်ဆုံးထွက် 6.0.1 Marshmallow ထည့်သွင်းမောင်းနှင်ပေးထားပါတယ်။ ဘက်ထရီမှာ လည်း Li-ion 2,400 mAh ကိုတပ်ဆင်ပေးထားသဖြင့် အချိန်ကြာကြာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Dual Sim ဖုန်းအမျိုးအစားဖြစ်ပြီး အရောင် အနေဖြင့် Black, Gold စသော အရောင်နှစ်မျိုး ရရှိနိုင်မှာဖြစ်ပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal
 
 
 

No comments:

Post a Comment