Facebook က Livestream ကို စပြီးမိတ်ဆက်ကတည်းက သူငယ်ချင်းတွေ ၊ Like လုပ်ထားတဲ့ Pages တွေ Live ထုတ်လွှင့်တိုင်း သူ့ရဲ့ User တွေထံကို Notifiaction တွေ ပေးပို့နေခဲ့တာပါ။ သင်က ဒါကိုကြည့်ဖို့စိတ်မ၀င်စားဘူးဆိုရင်တောင်မှ Live Video Notification တွေကိုလက်ခံရရှိနေမှာပါပဲ။ ဒီလိုသင့်အတွက် မလိုအပ်တဲ့ ထပ်ခါထပ်ခါလာနေတဲ့ Notification တွေကို စိတ်အနှောင့်အယှက် ဖြစ်နေ ရင်တော့ အောက်ပါအဆင့်လေးတွေအတိုင်းလိုက်လုပ်ပြီး Livestream Notification ကိုပိတ်လိုက်လို့ ရပါတယ်။

Live Video Notification ကို ပိတ်လိုက်တာက တခြား Notification တွေကို အကျိုးသက်ရောက်မှုမဖြစ်စေပါ ဘူး။

ဒါက Desktop Version အတွက်ပဲဖြစ်ပါတယ်။ Mobile Version မှာ Notification Setting ကဏ္ဍပါပေမယ့်လည်း အခုအချိန်အထိတော့ Livestream Notification ကိုပိတ်ဖို့ Option မပါဝင်သေးပါဘူး။

(၁) သင့်ရဲ့ Facebook Account ကို Log In ၀င်လိုက်ပါ။
(၂) Menu ကို ဖွင့်ဖို့ညာဘက်ထောင့်က မြှားလေးကိုနှိပ်ပါ၊ Setting ကိုရွေးပါ။
(၃) Notification Section ကို သွားရန် ဘယ်ဘက် Sidebar က Notifications ဆိုတာကို နှိပ်ပါ။

3
(၄) Screen ရဲ့အလယ်မှာ Notifications အမျိုးအစားတွေကိုဖော်ပြထားတဲ့ Lines လေးခု(On Facebook, Emails, Mobile , Text Message) ကိုမြင်ရမှာ ဖြစ်ပြီး On Facebook ကိုရွေးလိုက်ပါ။

4

(၅) Live Video Option ကိုရှာပြီး Suggestion Off ဒါမှမဟုတ် All Off လုပ်လိုက်ပါ။

5

Edit လုပ်ထားတာကို Save ဖို့ Setting ကနေပြန်ထွက်လိုက်ပါ။ ယခုကစပြီး ဘယ် Livestream Notifications မှသင့်ဆီမှာ မတက်တော့ပါဘူး။ Notificationsကို ပြန်ဖွင့်ချင်တယ်ဆိုရင်လည်း အထက်ပါ အဆင့်အတိုင်း ပြန်ဝင်ပြီး Turn On လုပ်လို့ရပါတယ်။