Saturday, November 19, 2016

♪ " အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာပြဿနာများ " ♫


မေး - ဟုတ်ကဲ့။ မင်္ဂလာပါ။ ကျွန်တော်အခုကိုင်နေတဲ့ဖုန်းလေးက OPPO R5 ပါ။ ကျွန်တော့်ဖုန်းလေးမှာ Backup and Restore လုပ်တာ အဆင်မပြေ ဖြစ်နေတယ်ဗျာ။ ဘာများဖြစ်လို့လဲမသိဘူး။ ဘယ်လိုလုပ်မှ အဆင်ပြေမလဲ ညီအစ်ကိုတို့။ နည်းလမ်းလေးများရှိရင် မစပါဦး။
ဖြေ - ဟုတ်ကဲ့။ အစ်ကို့ရဲ့ OPPO R5 က ဖုန်းအကောင်းစားတစ်ခုပါ။ ဒါပေမဲ့ OPPO R5 လေးက Error တစ်ခုရှိတယ်။ အဲ့ဒါဘာလဲဆိုတော့ Original Backup and Restore လုပ်လို့မရတာပါ။ အဲ့ဒီအတွက် နည်းလမ်းတစ်ခု အကြံပေးချင်ပါတယ်အစ်ကို။ Internet Backup and Restore ကို OPPO က ပေးထားပါတယ်။ အဲ့ဒီကနေ အစ်ကို့ရဲ့အရေးကြီးတဲ့ Data တွေ သိမ်းဆည်းနိုင်ပါတယ်။ အဆင်ပြေပါစေအစ်ကို။

မေး - ကျွန်တော့်ဖုန်းလေးက Huawei G610 ပါ။ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ဆီက Game နဲ့ Application လေးတွေကြိုက်လို့ Zapya နဲ့ကူးလိုက်ပါတယ်။ ဒါပေမဲ့ Install လုပ်လို့ မရဘူးဖြစ်နေတယ်။ Install လုပ်ရင် Setting ဆိုတဲ့ Box တစ်ခု တက်လာတယ်။ ဘယ်လိုလုပ်ရမလဲ။
ဖြေ - Huawei ဖုန်းမှ မဟုတ်ပါဘူး။ မည်သည့် Android ဖုန်းမဆို Setting ထဲက Unknow Source ဆိုတဲ့ Button လေးကိုရှာပါ။ တွေ့ရင် On လိုက်ပါ။ ဒါဆို Game နဲ့ Application တွေ Install လုပ်လို့ရသွားပါလိမ့်မယ်။

မေး - ဖုန်းကို Reset ချလျှင်ဖြစ်စေ အကြောင်းတစ်မျိုးမျိုးကြောင့်ဖြစ်စေ Contacts တွေပျက်သွားခဲ့လျှင် ပြန်ယူလို့ရလား။ ဟန်းဆက်ပြောင်းရင်လည်း Contact တွေကို အသစ်ပြန်မှတ်ရတော့ အဆင်မပြေဘူး။ အဲ့တာ ဘယ်လိုလုပ်ရင် အဆင်ပြေမလဲ သိချင်ပါတယ်။
ဖြေ - ဟုတ်ကဲ့။ ဖုန်းတွေကို Reset ချလျှင် Contacts တွေပျက်သွားပါတယ်။ ဒါပေမဲ့ Contacts တွေကို Backup ယူထားလို့ ရပါတယ်။ Backup လုပ်မယ်ဆိုလျှင် ဖုန်းရဲ့ Contact Icon ထဲကို ၀င်ပါ။ ပြီးလျှင် Menu Key ကို နှိပ်ပါ။ Inport / Export ဆိုတဲ့ထဲကို ဆက်ဝင်ပါ။ SD Card ထဲကို Backup လုပ်နိုင်သလို Sim ကတ်ထဲကိုလည်း Backup လုပ်နိုင်ပါတယ်။ SD Card ထဲကို Backup လုပ်မည်ဆိုလျှင် Export to SD ကို နှိပ်နိုင်ပါတယ်။ Export to Intarnal Storage ဆိုလျှင် Backup ယူပြီး File Manager ထဲမှ Internal Storage ထဲမှ Backup ယူထားသောဖိုင်ကို Copy လုပ်ပြီး SD ထဲသို့ Paste လုပ်ပေးပါ။ Restore လုပ်ချင်တယ်ဆိုရင်တော့ Backup ယူတဲ့နေရာကပဲ Inport From Storage လုပ်ပေးနိုင်ပါတယ်။ တခြားဖုန်းထဲကိုလည်း Zapya တို့လို Application များနှင့် Share နိုင်ပါတယ်။ Contacts File ရဲ့ Extention ကတော့ (00001.VCF) နှင့် ဖြစ်ပါတယ်။

မေး - ကျွန်တော့်ဖုန်းက Huawei C8815 ပါ။ ပါဝါတော့လာတယ်ခင်ဗျာ။ ဒါပေမဲ့ အစ်ကိုရေ စက်တစ်ခုလုံး ပူနေတယ်။ အဲ့တာ ဘယ်လိုလုပ်ရမလဲ ခင်ဗျာ။
ဖြေ - ကျွန်တော်အဲ့ဒီဖုန်းတစ်လုံးပြင်ပေးဖူးပါတယ်။ Model လည်း အတူတူပါပဲဗျာ။ ဘယ်လိုဖြစ်လဲဆိုရင် ပါဝါပိုင်းမှာရှိတဲ့ Condencer တစ်လုံးကြောင့် ဖြစ်နေပါတယ်။ Network ပိုင်းမှာရှိတဲ့ Condencer လေး တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော်ကတော့ ပါဝါပိုင်းက Condencer လေးလဲပေးလိုက်တာ အဆင်ပြေသွားပါတယ်။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်း ပါဝါလာပါတယ်။ ဖုန်းလိုင်းမတက်တာပါ။ ဖုန်းကတော့ Coolpad 5109 လေးပါ။ ဘယ်လိုလုပ်ရင် အဆင်ပြေနိုင်မလဲခင်ဗျာ။
ဖြေ - Coolpad 5109 တော်တော်များများကတော့ Firmware ပြန်ရေးကြည့်ရင် အဆင်ပြေသွားတတ်ပါတယ်။ Firmware တင်လို့မှ အဆင်မပြေဘူးဆိုရင် PAic ကို အရင်လဲကြည့်လိုက်ပါ။ လဲလို့မှ အဆင်မပြေသေးဘူးဆိုရင် သူ့ဘေးနားမှာရှိတဲ့ Crystal ကိုလဲကြည့်လိုက်ပါ။ အကယ်၍ PAic နှင့် Crystal က အလွယ်တကူရှာမရလို့ရင် Huawei 8813 က PAic နဲ့ Crystal ကို အစားထိုးအသုံးပြုနိုင်ပါတယ်

မေး - ကျွန်တော်က Android ဖုန်း Samsung Galaxy Grand II ကို ကိုင်ပါတယ်။ တစ်ခုခု Error တက်လို့ ဆိုင်သွားပြတဲ့အခါမှာ ကျွန်တော့်ဖုန်းကို Root ဖောက်ထားလားလို့ မေးပါတယ်။ ကျွန်တော် Root ကို ဘာကြောင့်ဖောက်ရသလဲ သိချင်ပါတယ်။
ဖြေ - Root ဖောက်တယ်ဆိုတာ ဖုန်းရဲ့ Security ကိုဖျက်၍ System ပိုင်းတွင် မိမိလိုအပ်သောအရာများကို ၀င်ရောက်ပြုလုပ်နိုင်ရန်အတွက် Root လုပ်ရခြင်းဖြစ်ပါသည်။ အနီးစပ်ဆုံးဥပမာပေးရလျှင် Myanmar Font ထည့်ခြင်း၊ Original Boot Sound ကဲ့သို့သော System ပိုင်းဆိုင်ရာများကို ပြောင်းလဲနိုင်ပါသည်။

ဤကဏ္ဍကို Today’s Mobile ဖုန်း-၀၉-၇၃၀၃၃၉၆၆၊ ၀၉-၄၂၁၇၄၄၁၁၁ မှ ကူညီပံ့ပိုးပါသည်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal
 
 
 

No comments:

Post a Comment