Sunday, November 13, 2016

Samsung Galaxy A9 Pro SM-A910F/FD ဖုန်းကို ဗားရှင်း 6.0.1 Root လုပ်နည်း


Samsung Galaxy A9 Pro SM-A910F/FD ဖုန်းကို ဗားရှင်း 6.0.1 အတွက်
TWRP Recovery ထည့်သွင်းပြီး Root လုပ်နည်းကို တင်ပေးလိုက်ပါတယ်။

Samsung Galaxy A9 Pro SM-A910F/FD ဖုန်းများကို Root လုပ်မယ်ဆိုရင်တော့
Custom Recovery ထည့်သွင်းပြီး Supersu.zip & no-verity-no-encrypt_ashyx ဖြင့်
 Root လုပ်ယူနိုင်ပါတယ်။

 မှတ်ချက်
=====
#ဖေါ်ပြပါ နည်းလမ်းသည် Samsung Galaxy A9 Pro SM-A910F/FD ဖုန်းအတွက်သာ
သီးသန့်ဖြစ်ပြီး တစ်ခြား Device များကိုထည့်သွင်းခြင်းမျိုးမပြုလုပ်ပါရန်။

#ဖုန်းကို Root လုပ်ခြင်းသည် ဖုန်း၏ warranty ကို ပျစ်စေနိုင်ပါတယ်။

#Root ရန်အတွက် Instruction ကိုအတိုင်းပြုလုပ်ပါရန်။

#မိမိဖုန်းမှာ Brick တစ်ခုခုဖြစ်ခဲ့သော် ဇူးနစ်(နည်းပညာ)မှ တာဝန်မယူပါ။

#ဖုန်းက erase ဖြစ်နိုင်တာမို့ Backup ပြုလုပ်ထားလိုက်ပါ။

#ဖုန်းမှာ ဘက်ထရီအား အနည်းဆုံး 50-60% charge ရှိနေရပါမည်။


 Root လုပ်ခြင်း၏ ကောင်းကျိုးအချို့
===================
၁။ သင့်ဖုန်းကို Custom Rom & Kernel များထည့်သွင်းနိုင်ပါတယ်။

၂။ Ads များကို Block ပြုလုပ်ထားနိုင်ပါတယ်။

၃။ Performance နှင့် battery life အပါအ၀င်
background process များကို စိတ်ကြိုက် စီမံထားနိုင်ပါတယ်။

၎။ Titanium Backup စတဲ့ Data recovery apps များကို အသုံးပြုပြီး
apps and data များကို Backup & Restore အလွယ်ပြုလုပ်ယူနိုင်ပါတယ်။

၅။ မလိုအပ်တဲ့ apps များနဲ့ bloatware ဆော့ဝဲများကို
အလွယ်တကူ uninstall ပြုလုပ်နိုင်ပါတယ်။

 
 လိုအပ်ချက်များ
=========
၁။ Samsung USB Driver for window

၂။ TWRP Recovery for Samsung Galaxy A9 Pro SM-A910F/FD

၃။ Odin Flash Tool for windows

၎။ SuperSu by Chainfire

၅။ no-verity-no-encrypt_ashyx



Samsung Android USB Driver for Windows


Download the latest Odin flashing Tool


Root Files ထဲတွင် အောက်ပါပုံအတိုင်း
လေးဖိုင်ပါဝင်နေမှာပဲဖြစ်ပါတယ်



 TWRP Recovery  ထည့်သွင်းနည်း
====================
၁။ ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ

၂။ ဒေါင်းလို့ရလာတဲ့ Root zip ဖိုင်ကိုဖြည့်လိုက်ပါ။

၃။ Odin ကိုဖွင့်ပါ  AP or PDA ဆိုတဲ့နေရာကို တစ်ချက်နှိပ်ပေးပြီး
ဒေါင်းလော့ရယူထားတဲ့ twrp_3.0.2-1_sm-a910f_25716.tar ဖိုင်ကိုထည့်လိုက်ပါ။

၎။ ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
 volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။

၅။ ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။

၆။ Odin Flash Tool တွင် auto reboot ဆိုတဲ့နေရာမှ အမှန်ခြစ်ပေးထားလိုက်ပါ။

၈။ Odin မှ ဖုန်းကိုသိပြီဆိုရင် Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။

၉။ Process တစ်ခုပြီးအောင်စောင့်နေလိုက်ပြီး Odin မှာ အောင်မြင်ကြောင်း
PASS ပြတဲ့အခါ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်ထားတဲ့ USB ကြိုးကို ဖြုတ်လိုက်ပါ။

၁၀။ ဖုန်းကို ပါဝါပိတ်ပြီး Volume Up + Home+ Power ကီးများကို
တွဲနှိပ်ပြီး Custom Recovery Mode သို့ဝင်ကြည့်လိုက်ပါ။

၁၁။ Team win twrp recovery screen ဖြင့်တက်လာခဲ့ရင်တော့
သင့်ဖုန်းမှာ Twrp Recovery ထည့်သွင်းပြီးပါပြီ။



 SuperSU-update.zip ဖြင့် Root ပြုလုပ်နည်း
===========================
၁။ ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ။

၂။ SuperSU-update.zip ဖိုင်နဲ့ no-verity-no-encrypt_ashyx ဖိုင်ကို
ဖုန်း၏ SD card ထဲသို့ ထည့်ပါ။

၃။ ဖုန်းမှာ Volume Up + Home + power ကိုတွဲနှိပ်ပေးပြီး
Custom Recovery mode သို့ဝင်လိုက်ပါ။

၎။ Custom Recovery mode တွင် Nandroid Backup ပြုလုပ်ထားလိုက်ပါ။

(ဒီအတွက် Backup ဆိုတာကို နှိပ်ပေးပြီး Backup လုပ်ထားရုံပါပဲ၊ ဖုန်းမှာ အကြောင်းကြောင့်
တစ်ခုခုဖြစ်ခဲ့ရင်တော့ နဂိုမူလ Stock Rom နဲ့ Custom Recovery ထည့်သွင်းထားပြီးသား
အနေအထားအားလုံးကို အလွယ်တကူ Restore ပြုလုပ်ယူနိုင်ပါတယ်)

၅။ Custom Recovery mode တွင် Install ကို တစ်ချက်နှိပ်လိုက်ပါ။

၆။ SuperSU-update.zip အား install လုပ်ပါ။

၇။ no-verity-no-encrypt_ashyx.zip ဖိုင်ကိုလည်း
Supersu.zip နဲ့ နည်းတူ ထည့်သွင်ပေးလိုက်ပါ။

၉။ ပြီးရင် ဖုန်းကို Reboot ချပေးလိုက်ပါ ပါဝါပွင့်
ပြီးပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root Access ရရှိနေပါပြီ။

၁၀။ RootChecker ဖြင့်စမ်းသပ်ကြည့်လိုက်ပါ။



ဇူးနစ်(နည်းပညာ)

www.zunite.org

No comments:

Post a Comment