Tuesday, November 29, 2016

♪ ကင်မရာနှစ်ခုပါဝင်ခြင်းက တစ်ခုတည်းဖြစ်ခြင်းထက် ပိုမိုကောင်းမွန်ရသည့် အကြောင်းရင်း (၆)ခု ♫


huawei gr5 2017
စမတ်ဖုန်းချစ်သူတွေအတွက် မေးခွန်းတစ်ခုရှိပါတယ် – အဲ့ဒါကတော့ “ကင်မရာနှစ်ခုပါတာက ဘာလုပ်လို့ရလဲ” ဆိုတာပဲဖြစ်ပါတယ်။ မကြာသေးခင်က ကမ္ဘာမှာ ခေတ်စားသွားတဲ့ အထင်ကရ Leica အမှတ်တံဆိပ်နဲ့ ပထမဆုံး ပူးပေါင်းဖန်တီးထားတဲ့ Huawei P9 လိုမျိုး ကင်မရာ နှစ်ခုပါ စမတ်ဖုန်းအချို့မှာ ကင်မရာနှစ်ခုပါဝင်လာတာကို တွေ့မြင်ခဲ့ကြမှာပါ။

အဲ့ဒီလိုဆို ကင်မရာနှစ်ခုပါတာက တစ်ခုထဲထက် ဘာလို့ပိုကောင်းတာလဲ။ ကမ္ဘာတစ်ဝှမ်းက စမတ်ဖုန်း အသုံးပြုသူတွေက ကင်မရာနှစ်ခုပါတာကို ဘာလို့နှစ်သက်လာကြလဲဆိုတာနဲ့ မြင့်မားတဲ့ဈေးနှုန်း မဟုတ်ဘဲနဲ့ အဆင့်မြင့် ကင်မရာနှစ်ခု အတွေ့အကြုံကို သင်ကိုယ်တိုင် ဘယ်လိုခံစားနိုင်မလဲဆိုတာ သိရအောင် ဆက်ကြည့်လိုက်ရအောင် –

၁။ အလေးချိန် တိုးသွားခြင်းမရှိဘဲ အာရုံခံကိရိယာ ပိုများလာခြင်း
စမတ်ဖုန်းတွေဟာ အဓိက အကြောင်းရင်းတစ်ခုကြောင့် နည်းပညာမြင့်မားတဲ့ dSLRs တွေဖြစ်ဖို့ ကြိုးပမ်းရာမှာ ခက်ခဲလှတဲ့အခြေအနေရှိပါတယ်။ အဲ့ဒါကတော့ ကျွန်တော်တို့အိပ်ကပ်တွေထဲထည့်ဖို့ သေးငယ်တဲ့ ကိရိယာဟာ  အမှန်တကယ်ကောင်းမွန်တဲ့ ရိုက်ချက်တွေရရှိနိုင်ဖို့ လုံလောက်တဲ့ အာရုံခံနေရာအတွက် နေရာမရှိတာဘဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကင်မရာနှစ်ခုပါတဲ့ ဖုန်းတွေကတော့ အဲ့ဒီအချက်ကို လုံးဝပြောင်းလဲပစ်လိုက်ပါပြီ။ ကင်မရာနှစ်ခုပါရှိခြင်းက ပိုမိုများပြားသေးငယ်တဲ့ အစက်အပြောက်တွေရဲ့ အချက်အလက်နဲ့ အသေးစိတ်ကို ဖမ်းယူဖို့အတွက် အာရုံခံနေရာတွေ ပိုမိုရရှိစေပါတယ်။ အဲ့ဒါကြောင့် ကင်မရာနှစ်ခုပါဝင်တဲ့ဖုန်းတွေက ပိုကောင်းတဲ့ HDR mode၊ ပိုမိုများပြားတဲ့ ရွေ့လျားအကွာအဝေး၊ ကောင်းမွန်တဲ့ အလင်းရောင်နည်း ဓါတ်ပုံ၊ ပိုမိုမြန်ဆန်တိကျတဲ့ auto-focus ကို ရရှိစေပါတယ်။

၂။ မည်သည့် အလင်းရောင် အခြေအနေမှာမဆို စွမ်းဆောင်ရည် ပိုမိုကောင်းမွန်ခြင်း
မကြာသေးခင်ကအထိ ညဖက် ရိုက်ကူးမှု ၊ indoor ရိုက်ကူးမှု ဒါမှမဟုတ် ပုံမှန်ထက်အလင်းရောင် အားနည်းမှုအခြေအနေတွေမှာ ရိုက်ချက်ကောင်းတွေရရှိဖို့အတွက် စမတ်ဖုန်းတွေဟာ အလင်းရုပ်ပုံအား တည်ငြိမ်အောင် လုပ်ပေးတဲ့စနစ် (OIS) အပေါ်မှာ မှီခိုနေပါတယ်။ OIS စနစ်က ရိုက်ချက်တွေကို မှုန်ဝါးစေနိုင်တဲ့ မရည်ရွယ်ဘဲ လက်လှုပ်သွားတာမျိုးတွေအတွက် ရုပ်ပုံတွေကို ပြန်ဖာထေးပေးနိုင်ဖို့ အတွက် အလင်းတံခါးကို ပုံမှန်ထက် ကြာကြာဖွင့်ပေးထားပါတယ်။ ဒါပေမယ့် OIS စနစ်က ပြီးပြည့်စုံအောင် ကောင်းမွန်တာတော့ မဟုတ်ပါဘူး။ အကယ်၍သင်ဟာ အလင်းရောင်နည်းတဲ့ အခြေအနေမျိုးမှာ ရွေ့လျားနေတဲ့အရာဝတ္ထုတစ်ခုကို ဓာတ်ပုံရိုက်မယ်ဆိုရင် OIS စနစ်ဟာ သင့်လက်ရဲ့လှုပ်ရှားမှုနဲ့ အရာဝတ္ထုရဲ့လှုပ်ရှားမှု နှစ်ခုလုံးအတွက် ပြန်ဖာထေးပေးနိုင်မှာ မဟုတ်ပါဘူး။ ကင်မရာနှစ်ခု စမ်းကြည့်ပါ။ ပိုမိုများပြားတဲ့ အလင်းရောင်ကို လက်ခံဖို့ အာရုံခံကိရိယာတွေအတွက် နေရာပိုမိုရှိခြင်းကြောင့် ကင်မရာနှစ်ခုကို အသုံးပြုနေသူတွေဟာ အိမ်ထဲမှာရှိနေတဲ့အချိန်မှာရော နေဝင်သွားတဲ့ အချိန်တွေမှာတောင် ပိုမိုကောင်းမွန်တဲ့ ဓာတ်ပုံတွေကို ရရှိနိုင်မှာပါ။

၃။ အရည်အသွေး နှစ်ဆပိုမိုကောင်းမွန်သွားပေမယ့် ဈေးနှုန်းနှစ်ဆ မဖြစ်ခြင်း။
ကင်မရာနှစ်ခုက စမတ်ဖုန်းဓါတ်ပုံပညာအတွက် ကဏ္ဍသစ်တစ်ရပ်ကို ဖွင့်လှစ်ပေးလိုက်ပြီး စိတ်ဝင်စားစရာအကောင်းဆုံးကတော့ ကင်မရာနှစ်ခုဖြစ်သွားပေမယ့် ဈေးနှုန်းနှစ်ဆ မပေးရတာပဲဖြစ်ပါတယ်။  ဒါ့အပြင် Huawei လိုမျိုး စမတ်ဖုန်း စက်မှုလုပ်ငန်းမှာ ဦးဆောင်နေတဲ့ ကုမ္ပဏီတွေရဲ့ ကြိုးပမ်းမှုကြောင့် ဈေးနှုန်းအသင့်အတင့်နဲ့ အရည်အသွေးမြင့် စတ်ဖုန်းတွေမှာ ကင်မရာနှစ်ခု ပါဝင်လာတာပဲ ဖြစ်ပါတယ်။ မကြာသေးခင်က ထွက်ပေါ်လာတဲ့ Huawei ရဲ့ သတင်းတစ်ခုအရ GR5 ရဲ့ နောက်ထပ်မျိုးဆက်တစ်ခုမှာ ကင်မရာနှစ်ခု ပါဝင်လာမှာဖြစ်ပါတယ်။  ကင်မရာနှစ်ခုပါဝင်တဲ့ ဖုန်းတစ်လုံးကို သင့်တင့်တဲ့ တန်ဖိုးနဲ့ ရရှိနိုင်တာကြောင့် လူတိုင်းဟာ ကင်မရာနှစ်ခုပါဝင်ခြင်းရဲ့ စွမ်းရည်နဲ့ ပေးစွမ်းနိုင်မှုများကို တွေ့ကြုံခံစားနိုင်ပါပြီ။

၎။ စစ်မှန်ပြီး တိကျသည့် zoom ဆွဲခြင်း
ကင်မရာတစ်ခုတည်းပါဝင်တဲ့ စမတ်ဖုန်းတွေမှာ ဒီဝျစ်တယ် zoom ဆွဲခြင်းကို အသုံးပြုကြပေမဲ့ ကင်မရာနှစ်ခုပါဝင်တဲ့ စမတ်ဖုန်းတွေက စစ်မှန်ပြီး တိကျတဲ့ zoom ဆွဲခြင်းကို ပေးစွမ်းနိုင်တဲ့ သီးခြားမှန်ဘီလူးနှစ်ခု အပေါ်မူတည်နေပါတယ်။ ဒါဆိုကွာခြားချက်ကဘာလဲ။ ဒီဂျစ်တယ် zoom ဆွဲခြင်းက ဓါတ်ပုံရိုက်ပြီးနောက်မှာ အဲ့ဒီဓါတ်ပုံကို ကြီးအောင်ပြုလုပ်ခြင်းတစ်ခုတည်းနဲ့ zoom ဆွဲခြင်းဖြစ်ပါတယ်။ တိကျတဲ့ zoom ဆွဲခြင်း တနည်းဆိုရရင် ပရော်ဖက်ရှင်နယ် ဓါတ်ပုံဆရာက အရာဝတ္ထုနဲ့နီးစေဖို့နဲ့ ဆုံတာကို ချိန်ညှိဖို့အတွက် မှန်ဘီလူးရဲ့ ပေါင်းစပ်မှုကို အသုံးပြုပြီး zoom ဆွဲလိုက်ခြင်းမျိုးဖြစ်ပါတယ်။ ကင်မရာနှစ်ခုပါ စမတ်ဖုန်းတွေကလည်း အဲ့ဒီနည်းတူ မှန်ဘီလူးနှစ်ခုကို အသုံးပြုပြီး ဓာတ်ပုံအရည်အသွေးကို ထိခိုက်စေခြင်းမရှိဘဲ ပြတ်သားတဲ့ ဓာတ်ပုံနဲ့ အနီးကပ်ဓာတ်ပုံတွေကို ရရှိစေပါတယ်။

၅။ စွမ်းဆောင်ရှင် Bokeh လုပ်ဆောင်ချက်များ 
ကင်မရာနှစ်ခုပါ စမတ်ဖုန်းအသုံးပြုသူတွေနှစ်သက်တဲ့ လုပ်ဆောင်ချက်တစ်ခုက Bokeh ဖြစ်ပြီး အဲ့ဒါက မှန်ဘီလူးအများကြီးပါခြင်းရဲ့ အားသာချက်ကို အသုံးပြုကာ မိမိရိုက်ကူးတဲ့ အရာဝတ္ထုကို ပြတ်သားစေပြီး နောက်ခံကို မှုန်ဝါးအောင် ပြုလုပ်တဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။ Bokeh ဟာ ပရော်ဖက်ရှင်နယ် ဓါတ်ပုံပညာ (အထူးသဖြင့် တောရိုင်းတိရစ္ဆာန်များနှင့် အလှဓာတ်ပုံရိုက်ကူးတဲ့ ဓာတ်ပုံပညာ) အတွက် အဓိက အစိတ်အပိုင်းဖြစ်ပေမယ့် ကင်မရာတစ်ခုတည်းပါဝင်တဲ့ စမတ်ဖုန်းနဲ့တော့ အဲ့ဒီလုပ်ဆောင်ချက် ကို ကောင်းမွန်စွာရရှိမှာ မဟုတ်ပါဘူး။ အချို့စမတ်ဖုန်းတွေမှာ Bokeh  လုပ်ဆောင်ချက် ပါဝင်ပေမယ့် နောက်ခံကို မှုန်ဝါးအောင် ပြုလုပ်ခြင်းက ကင်မရာနှစ်ခုပါဝင်တဲ့ စမတ်ဖုန်း အသုံးပြုသလို စစ်မှန်တဲ့ အတွင်းကျကျဖြစ်မှု၊ အလွှာရရှိမှုနဲ့ ထင်းကနဲ့ မြင်သာမှုတို့ကို စတင်အသုံးပြုကတည်းက ရရှိမှာမဟုတ်ပါဘူး။ ရလဒ်ကကော….. လှပတဲ့ ရိုက်ချက်တွေအတွက် ဖန်တီးမှုမြင့်မားပြီး ပျော်စရာကောင်းတဲ့ ဓာတ်ပုံပညာကို ခံစားနိုင်ခြင်းဖြစ်ပါတယ်။ ကင်မရာနှစ်ခုပါတဲ့ ဖုန်းတွေက စမတ်ဖုန်း ဝယ်ယူသူတွေအတွက် ရွေးချယ်စရာ ကမ္ဘာသစ်တစ်ခုကို ဖွင့်လှစ်လိုက်ပါပြီ။

၆။ အဆုံးမရှိသော အလားအလာများ
နည်းပညာမှာ အထက်မြက်ဆုံးပုဂ္ဂိုလ်တွေဟာ 3D လုပ်ဆောင်ချက်တွေ သို့မဟုတ် ချက်လျင်းပြုလုပ်နိုင်တဲ့ gif တွေကို ဖန်တီးဖို့အတွက် မှန်ဘီလူးနှစ်ခုက ဖမ်းယူထားတဲ့ အချက်အလက်စွမ်းအားကို အသုံးပြုပြီး ဓါတ်ပုံအပလီကေးရှင်းအသစ်တွေ အများအပြားရရှိဖို့ မျှော်လင့်နေကြပါတယ်။ ကျွန်တော်တို့ဟာ အနည်းငယ်ကွဲပြားတဲ့ ရှုထောင့်နှစ်ခုကနေရလာတဲ့ အနည်းငယ်ကွဲပြားတဲ့ ရုပ်ပုံနှစ်ခုရဲ့ လှုပ်ရှားမှုစွမ်းအားနဲ့ ရွေ့လျားနေတဲ့ ရုပ်ပုံတစ်ခုကို ဖန်တီးဖို့အတွက် ကင်မရာတစ်ခုနဲ့တစ်ခုကြားက အနည်းငယ်ခြားနားမှုကို အသုံးပြုပြီး မျက်လုံးကို 3D ရုပ်ပုံတွေ မြင်ရအောင် လှည့်ဖြားတဲ့ “wigglegram” အပလီကေးရှင်းတွေ ထွက်ပေါ်လာတာကို မြင်ပြီးသားဖြစ်ပါတယ်။ ဒီ Instagram အသုံးပြုသူကလည်း ဖြစ်နိုင်ခြေတွေကို ရှာဖွေလျက်ရှိပါတယ်။

No comments:

Post a Comment