Wednesday, November 2, 2016

စိတ်အနှောင့်အယှက်ဖြစ်စရာ ဖေ့စ်ဘွတ် Live ဗီဒီယိုနိုတီတွေကို ဒီလို off လုပ်ထားနိုင်


ရောက်ရာအရပ်ကနေ မိမိလှုပ်ရှားသွားလာမှုပုံရိပ်တွေ မှတ်တမ်းတင်ရိုက်ကူး လိုက်ဖ်လွင့်တတ်တဲ့ အကောင့်ထဲကသူငယ်ချင်းတွေရဲ့ live video noti တွေကြောင့် စိတ်ပျက်မိနေပါသလား။  ဒါနဲ့ပတ်သက်လို့ လုပ်ဆောင်နိုင်တဲ့ အချက်တစ်ခုရှိပါတယ်။ အဲဒီ noti သတိပေးချက်တွေကို off လုပ်ထားနိုင်တယ်ဆိုတာပါပဲ။
Off လုပ်ထားတယ်ဆိုပေမယ့် သူတို့ဗီဒီယိုတွေကို ကြည့်ချင်တယ်ဆိုရင်လည်း ခါတိုင်းလို ကြည့်လို့ရနေဦးမှာပါ။ ခုလိုလုပ်ထားတယ်ဆိုတာက တက်လာသမျှ တိုက်ရိုက်လိုက်ဖ်ထုတ်လွင့်နေမှုတွေကို ဝင်ဝင်ကြည့်မိရာကနေ ရှောင်လွဲနိုင်ဖိုပါ။ အဲဒီ noti တွေ off လုပ်နည်းက သိပ်ရိုးစင်းလွယ်ကူပါတယ်။ 
၁။ Home Page အပေါ်ဆုံးက အပြာရောင်ဘားရဲ့ ညာဘက်အစွန်မှာ သော့ခလောက်နီးနားက တြိဂံပုံလေးကို တွေ့ပါလိမ့်မယ်။ အဲ့ဒါကို ကလစ်နှိပ်ပါ။ 
၂။ Settings ကို နှိပ်ပါ
၃။ အဲ့ဒီနောက် Screen ဘယ်ဘက်က Notifications ကို နှိပ်ပါ။
၎။ On facebook ဆိုတာကို နှိပ်ပါ။ 
၅။ 'what you get notified about' စာကြောင်းအောက်မှာ Live Videos ဆိုတာလေး တွေ့ပါလိမ့်မယ်။ All off ကို ရွေးချယ်လိုက်ရုံပါပဲ။ 



No comments:

Post a Comment