ကမ္ဘာ့ လူသုံးအများဆုံး Facebook က သူ့ရဲ့ လူမှုကွန်ရက်မှာ စွမ်းဆောင်ချက်အသစ်များကို ဖန်တီး ထည့်သွင်းပေးနေပါတယ်။ ဒါ့အပြင် စွမ်းဆောင်ချက် အဟောင်းတွေကိုလည်း အမြဲတမ်း Update လုပ်ပေးနေပါတယ်။ ၂၀၁၆ မှာလည်း Facebook က စွမ်းဆောင်ချက်အသစ်များကို ထည့်သွင်းပေးနေပါတယ်။ Facebook ရဲ့ အမူအကျင့်အတိုင်းပဲ တစ်ကမ္ဘာလုံးအတွက် စွမ်းဆောင်ချက်အသစ်များကို တစ်ဖြည်းဖြည်းချင်း ဖြန့်ချီပေးနေတာဖြစ်တဲ့အတွက် အောက်ဖော်ပြပါ စွမ်းဆောင်ချက်အသစ်များကို စာဖတ်သူ အသုံးပြုခွင့်ရချင်မှ ရအုံးမှာပါ။ ဒါပေမယ့် မကြာခင်မှာ အသုံးပြုနိုင်ခွင့်ရတော့မှာဖြစ်တဲအတွက် လေ့လာထားသင့်ပါတယ်။
၁။ Facebook Chess
Facebook က မကြာမီကပဲ Messenger မှာ Chess ကစားနိုင်တဲ့ စွမ်းဆောင်ချက်ကို ထည့်သွင်းပေးလိုက်တယ်လို့ ကြေညာပါတယ်။ Messenger မှာ သူငယ်ချင်းများနဲ့ စစ်တုရင် ကစားနိုင်မှာပါ။ သူငယ်ချင်းတစ်ယောက်ကို ရွေးချယ်ပါ။ “ @fbchess play” လို့ ရိုက်ပြီး စာပို့ပါ။
1
၂။ Private Replies ဖြင့် Comments များကို ဖြေဆိုပါ။
Facebook Page များမှ Comment များကို Reply ပြုလုပ်ရင် လူအားလုံး မြင်တွေ့နိုင်ပါတယ်။ အခုတော့ Private Reply ပြုလုပ်နိုင်ပါပြီ။ အဲဒီအတွက် အခြားလူများ မသိစေချင်တဲ့ အရာများကို Reply လုပ်နိုင်ပါတယ်။ Comment တစ်ခုရဲ့ အောက်မှ Reply Button ဘေးမှာ Message Option ကို တွေ့မြင်ရမှာပါ။ သင်ပေးပို့လိုက်တဲ့ Message ကို မူလ Content နဲ့ ချိတ်ဆက်ပေးမှာဖြစ်ပါတယ်။
၃။ Profile Information
ဒီစွမ်းဆောင်ချက်ဟာ Facebook Timeline မပေါ်ခင်တုန်းက ပံ့ပိုးပေးထားပြီး နောက်ပိုင်းမှာ ဖယ်ရှားခဲ့ပါတယ်။ အခုတော့ ပြန်လည်ထည့်သွင်းပေးလိုက်ပါပြီ။ သင့်ရဲ့ Timeline မှ အလုပ်အကိုင်နဲ့ နေရပ်လိပ်စာရဲ့ အထက်မှာ သင့်အကြောင်း ဖော်ပြနိုင်တဲ့ Box လေးပေါ်လာမှာပါ။ အဲဒီမှာ စာလုံးရေ ၁၀၁ လုံးအထိ ရေးသားနိုင်ပြီး ဓါတ်ပုံ ၅ ပုံ ထည့်သွင်းနိုင်ပါတယ်။ သင့်ရဲ့ ကိုယ်ရေးအကျဉ်းကို Public အနေနဲ့ ပြသပေးမှာပါ။
3
၎။ Music Stories
အင်တာနက်မှ သီချင်းထုတ်လွှင့်တဲ့ ၀န်ဆောင်မှုများဟာ ခေတ်စားနေပါတယ်။ Facebook ကလည်း သူ့ရဲ့ လူမှုကွန်ရက်မှာ သီချင်း ၀န်ဆောင်မှုကို ထည့်သွင်းနိုင်မယ့် နည်းလမ်းများကို ရှာဖွေနေပါတယ်။ အဲဒီထဲက တစ်ခုက လက်ရှိမှာ iOS မှာသာ အသုံးပြုနိုင်သေးတဲ့ Music Stories ဖြစ်ပါတယ်။ မကြာမီမှာ Desktop မှာ ရရှိလာမယ်လို့ ထင်ရပါတယ်။ Music Stories မှာ Spotify, Apple Music, NPR, Deezer နဲ့ အခြား ၀န်ဆောင်မှုများမှ စက္ကန့် ၃၀ ကြာ သီချင်းများကို နားဆင်နိုင်မှာပါ။
၅။ Local Insights for Businesses
စီးပွားရေးလုပ်ငန်းများရဲ့ Page များမှ Insights Tab မှာ Local ကဏ္ဍ အသစ် ပါလာပါတယ်။
Local Insights မှာ ပံ့ပိုးပေးထားတဲ့ သတင်းအချက်အလက်များမှာ
• သင့် စီးပွားရေးလုပ်ငန်းရဲ့ မီတာ ၅၀ အတွင်းမှ Facebook အသုံးပြုသူ အရေအတွက်၊ အသုံးပြုမှု အများဆုံး အချိန်၊ နေ့ရက်များ၊ ရုပ်ပုံကားချပ်များ။
• တည်နေရာအလိုက် ပစ်မှတ်ထား ကြော်ညာနိုင်တဲ့ Local Awareness Ads အတွက် သတင်းအချက်အလက်များ။
• နေရာများစွာမှာ လုပ်ငန်းခွဲများရှိတဲ့ စီးပွားရေးလုပ်ငန်းများအတွက် တည်နေရာတစ်ခုစီအတွက် ဖုန်းနံပါတ်များ၊ လမ်းညွှန်ချက်များ ထည့်သွင်းနိုင်မယ့် သတင်းအချက်အလက်များ။
တို့ ပါဝင်ပါတယ်။
5
၆။ Facebook Mentions
Twitter ရဲ့ Periscope ဟာ နာမည်ကျော်များအတွက် သူတို့ရဲ့ Fans များနဲ့ တိုက်ရိုက် ထိတွေ့နိုင်တဲ့ အတွက် နာမည်ကြီးပါတယ်။ Live Video များ ရိုက်ကူး ထုတ်လွှင့်နိုင်တာပါ။ Facebook ကလည်း ယခင်နှစ်က Facebook Mentions Platform နဲ့ အဲဒီ Trend ကို ၀င်ရောက်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းကတော့ နာမည်ကျော်များသာ သုံးနိုင်ခဲ့တာပါ။ အခုတော့ Facebook Mentions ကို Pages တော်တော်များများအတွက် ဖြန့်ချီပေးလိုက်ပါပြီ။ မကြာမီမှာ Facebook Users အားလုံးအတွက် ဖြန့်ချီပေးမယ်လို့ သတင်းထွက်နေပါတယ်။
6
၇။ Search Feature အသစ်
ဒီစွမ်းဆောင်ချက်ကိုတော့ လူအနည်းငယ်ပဲ သုံးနိုင်ပါသေးတယ်။ သင့်သူငယ်ချင်းရဲ့ Timeline မှာ သူ့ရဲ့ ပို့စ်များကို Search Box ကနေ ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ Facebook က သူ့ရဲ့ Search Engine ကို ကောင်းသထက် ကောင်းအောင် ပြုလုပ်ပေးနေပါတယ်။ Search Commands များကိုလည်း ပံ့ပိုးပေးထားပြီး မကြာမီကလည်း “ Friends near me” လို့ရိုက်ပြီး သင့်အနားမှ သူငယ်ချင်းများကို ရှာဖွေနိုင်တဲ့ စွမ်းဆောင်ချက်ကို ထည့်သွင်းပေးလိုက်ပါတယ်။ Facebook App ကနေ ရှာဖွေရတာဖြစ်ပြီး လူအနည်းငယ်သာ သုံးနိုင်ပါသေးတယ်။
7