Friday, November 4, 2016

♪ Android ဟာ iOS နီးပါးလောက် လုံခြုံလာပြီဖြစ်ကြောင်း Google ဆို ♫


Android ရဲ့ ရှက်ဖွယ်ကောင်းတဲ့ အားနည်းချက်တစ်ခုကတော့ သူတို့ရဲ့ တရားမဝင်ပဲ အားနည်းတဲ့ လုံခြုံရေးပိုင်းပဲ ဖြစ်ပါတယ်။ Google ရဲ့ iOS နဲ့ အမြဲနှိုင်းယှဉ်ခံရပြီး အောက်ကျနောက်ကျ အဖြစ်ဆုံးအပိုင်းကလည်း လုံခြုံရေးပိုင်းဆိုင်ရာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအချက်အပေါ် Google ရဲ့ လုံခြုံရေးပိုင်းဆိုင်ရာ ဒါရိုက်တာဖြစ်သူ Adrian Ludwig ကသဘောမတူခဲ့ပါဘူး။

မနေ့က မန်ဟက်တန်မှာပြုလုပ်ခဲ့တဲ့ပွဲမှာ Ludwig ဟာ Google ရဲ့ မိုဘိုင်းလ်ပလက်ဖောင်းက လုံခြုံရေးပိုင်းဆိုင်ရာ အဆင့်မြှင့်လာမှုအပေါ် အခုလိုမှတ်ချက်ပြုခဲ့တာဖြစ်ပြီး သူတို့ရဲ့ ပြိုင်ဘက်နဲ့အခုလို တိုက်ရိုက်နှိုင်းယှဉ်လိုက်တာလည်း ဖြစ်ပါတယ်။ သူက iPhone တွေကို လိုက်မှီနိုင်လောက်တဲ့ လုံခြုံရေးစနစ်တွေ ရှိပြီးဖြစ်ကြောင်းပြောပါတယ်။

အဲ့ဒီအပြင်သူက Android ပစ္စည်းတွေဟာ ပိုမိုကောင်းမွန်တဲ့နေရာတစ်နေရာကို ရောက်ရှိ လာပြီဖြစ်ကြောင်းလည်း ဆိုပါတယ်။ သူက Android စနစ်ရဲ့ Built-in လုံခြုံရေးထုတ်ကုန်တွေကို “Safty Net” လို့ခေါ်ပြီး ဒီဝန်ဆောင်မှုဟာ ယခုအခါမှာ ပစ္စည်းပေါင်း သန်း၄၀၀ မှာတပ်ဆင်ထားပြီး နေ့စဉ်အသုံးပြုလျက်ရှိကြောင်းဆိုပါတယ်။


Credit to ==> Digital Times




No comments:

Post a Comment