သင့် Android Device မှာ Browsers, Video Player , File Manager တို့လို အလုပ်တူညီတဲ့ Apps များကို တစ်ခုထက် ပိုမို ထည့်သွင်းထားတတ်ကြပါတယ်။ App တစ်ခုကို Default အဖြစ် မသတ်မှတ်ထားရင် အလုပ်တစ်ခုကို ပြုလုပ်တဲ့အခါတိုင်းမှာ မည်သည့် App ဖြင့် ပြုလုပ်မလဲလို့ Android က သင့်ကို မေးမှာပါ။ သင်က နှစ်သက်ရာတစ်ခုကို ရွေးပေးပြီး Always or Once ကို ရွေးပေးရပါတယ်။ Always ကို ရွေးရင်တော့ အဲဒီ App ကို Default App အဖြစ် သတ်မှတ်ပေးပါတယ်။

အရင် Android OS အဟောင်းများမှာတော့ Default App ကို အခြားတစ်ခု ပြောင်းလဲသတ်မှတ်ဖို့အတွက် မူလသတ်မှတ်ထားတဲ့ App ကို Clear Default ပြုလုပ်ရပါတယ်။ အခုတော့ တစ်နေရာထဲကနေ Default Apps များကို စီမံခန့်ခွဲနိုင်ပါပြီ။ စီမံခန့်ခွဲရတဲ့ နေရာဟာ ဖုန်းထုတ်လုပ်သူအပေါ်မူတည်ပြီး နေရာကွဲပြားကြပေမယ့် ဖုန်းအများစုအတွက် Settings ထဲမှာ ပြုလုပ်ရတာပါ။

၁။ Phone Settings ထဲသွားပါ။ Apps or Manage Apps or Applications ထဲသွားပါ။ ဖုန်းထုတ်လုပ်သူအပေါ်မူတည်ပြီး အမည်များ ကွဲပြားတတ်ပါတယ်။

1

၂။ ဒီနေရာမှာလည်း ဖုန်းထုတ်လုပ်သူအပေါ်မူတည်ပြီး ကွဲပြားကြပါတယ်။ Stock Marshmallow မှာ ညာဘက်အပေါ်ထိပ်မှ Settings Icon ကို နှိပ်ပြီး Default Apps ထဲသွားပါ။ Android N မှာတော့ Main App Screen ရှိ Default Applications ထဲသွားပါ။

2

၃။ LG Handsets များမှာ ညာဘက်ထိပ်မှ Menu ကို နှိပ်ပြီး Configure apps ထဲသွားပါ။ Huawei Phones များမှာ စကရင်ရဲ့ အောက်ခြေမှ Default App Settings ထဲသွားပါ။

3

၎။ အဲဒီမှာ အများဆုံး အသုံးပြုကြတဲ့ Launcher , Browser , Dialer, SMS , Music, Camera , Email တို့အတွက် Default App များကို သတ်မှတ်နိုင်ပါတယ်။

4

မှတ်သားစရာကောင်းတာက Launcher , Browser တို့လို Default App အဖြစ် သတ်မှတ်နိုင်တဲ့ App အသစ် တစ်ခုကို Install လုပ်တဲ့အခါမှာ မူလ သတ်မှတ်ထားတဲ့ Default App ကို ပယ်ဖျက်ပေးလိုက်ပါတယ်။ အသစ် ထည့်သွင်းလိုက်တဲ့ App ကို Default အဖြစ် လွယ်ကူစွာ သတ်မှတ်နိုင်ဖို့ ဖြစ်ပါတယ်။