Saturday, November 5, 2016

♪ " Viber, BeeTalk နှင့် အူရီဒူးအချင်းချင်း ဖုန်းခေါ်ဆိုခြင်းကို ဖုန်းငွေဖြည့်သွင်းရုံဖြင့် အခမဲ့အသုံးပြုခွင့်ရမည့် “ အားလုံးအတွက်အခမဲ့ “ အစီအစဉ် " ♫



အူရီဒူးမြန်မာမှ “အားလုံးအတွက်အခမဲ့” အစီအစဉ်သစ်ကို စတင်မိတ်ဆက်ခဲ့ပြီး အူရီဒူး၏ ၀န်ဆောင်မှုကို အသုံးပြုသူများ “အားလုံးအတွက်အခမဲ့” အစီအစဉ်တွင် Viber, BeeTalk နှင့် အူရီဒူးအချင်းချင်း ဖုန်းခေါ်ဆိုခြင်းကို ဖုန်းငွေဖြည့်သွင်းရုံဖြင့် အခမဲ့အသုံးပြုခွင့်ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါအစီအစဉ်ကို ၂၀၁၆ခုနှစ်၊ အောက်တိုဘာလ ၂၇ရက်နေ့တွင် စတင်ဝန်ဆောင်မှုပေးခဲ့ခြင်းဖြစ်ပြီး အူရီဒူးအချင်းအချင်းအခမဲ့ ဖုန်းခေါ်ဆိုခွင့်အပြင် Viber နှင့် BeeTalk ကိုအသုံးပြုပြီး အခမဲ့ ဖုန်းခေါ်ခြင်း၊ message ပေးပို့ခြင်း၊ ဗွီဒီယိုဖုန်းခေါ်ဆိုခြင်းအပါအ၀င် အခြားသော အသုံးပြုမှုများကိုပါ အူရီဒူးဝန်ဆောင်မှုကို အသုံးပြုထားသူများအနေဖြင့် အသုံးပြုခွင့်ရရှိမည်ဖြစ်သည်။

“ ယခုအစီအစဉ်သစ်အတွက်ကို အလွန်ကို စိတ်လှုပ်ရှားရပါတယ်။ အခုအစီအစဉ်ဟာဆိုရင် အူရီဒူးဝန်ဆောင်မှုကို အသုံးပြုသူများကို မြန်မာနိုင်ငံအတွင်းသာမကဘဲ တစ်ကမ္ဘာလုံးမှာရှိတဲ့ မိတ်ဆွေများကို ဖုန်းငွေဖြည့်လိုက်ရုံနှင့် အခမဲ့ဆက်သွယ်ပြောဆိုခွင့်ရမှာဖြစ်တဲ့အတွက်ကြောင့်ပါ။ ဒါကြောင့် မြန်မာနိုင်ငံအတွင်းကိုပဲဖြစ်ဖြစ် နိုင်ငံတကာကိုပဲဖြစ်ဖြစ် အူရီဒူးအသုံးပြုသူတွေအနေနဲ့ ဆက်သွယ်ပြောဆိုဖို့ ကန့်သတ်ချက်တွေမရှိစေရန်အတွက် ဒီဝန်ဆောင်မှုဟာ အသုံးဝင်လှပါတယ်။ ကျွန်မတို့ရဲ့ မိတ်ဖက်များဖြစ်တဲ့ Viber နဲ့ BeeTalk တို့ရဲ့ အကူအညီကြောင့်သာ အခုလို အူရီဒူးဝန်ဆောင်မှုအသုံးပြုသူများလိုအပ်နေတဲ့ ၀န်ဆောင်မှုကို ပေးနိုင်တာပါ “ ဟု အူရီဒူးမြန်မာ၏ Chief Marketing Officer ဖြစ်သူ Ms. Charity Safford ကဆိုသည်။

အဆိုပါအစီအစဉ်ကို ရယူရန် သုံးစွဲသူများအနေဖြင့် *133# သို့ ဖုန်းခေါ်ဆိုကာ အခမဲ့စာရင်းသွင်းရမည်ဖြစ်ကာ ဖုန်းငွေဖြည့်လိုက်ရုံမျှနှင့် “အားလုံးအတွက်အခမဲ့” အစီအစဉ်ကို အသုံးပြုနိုင်သည်။ ဖုန်းငွေဖြည့်သည့် ပမာဏများများ ဖြည့်သည့်အပေါ်မူတည်ပြီး သုံးစွဲခွင့်ကာလ ပိုမိုရရှိမည်ဖြစ်ကာ ၅ဝ၀ ကျပ်မှ ၂,၉၉၉ ကျပ်အထိ ဖုန်းငွေဖြည့်သွင်းသူများအနေဖြင့် အခမဲသုံးစွဲခွင့် (၅) ရက်၊ ၃,၀၀၀ ကျပ်မှ ၉,၉၉၉ ကျပ်အထိ ငွေဖြည့်သွင်းသူများအနေဖြင့် (၁ဝ) ရက် အခမဲ့နှင့် ၁ဝ,ဝဝဝ ကျပ်နှင့်အထက် ငွေဖြည့်သွင်းသူများအတွက် (၃ဝ) ရက် အခမဲ့ခံစားခွင့်များရရှိမည်ဖြစ်သည်။ အူရီဒူးအချင်းချင်း တစ်ရက် မိနစ်၅၀ အခမဲ့ ဖုန်းခေါ်ဆိုခွင့်နှင့် Viber နှင့် BeeTalk ကိုတစ်ရက်လျှင် ၁၅၀မီဂါဗိုက် အခမဲ့အသုံးပြုခွင့်တို့ပါရှိမှာဖြစ်ကြောင်း သိရှိရသည်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal
 
 
 

No comments:

Post a Comment