Saturday, November 5, 2016

♪ " အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာပြဿနာများ " ♫


မေး - Mi Note 3 Pro မှာ Google Play Store သုံးရတာ အဆင်မပြေဘူး ဖြစ်နေပါတယ်။ အဆင်ပြေအောင် ဘယ်လိုလုပ်ရမလဲ သိချင်ပါတယ်။
ဖြေ - Google Playstore Error DF-BPA-09 (Error Processing Purchase) ဒီ Error က Application တစ်ခုကို Download လုပ်တဲ့အခါမှာ ဖြစ်တတ်ပါတယ်။ Settings > Application > All > Google Service Framework > Clear Data လုပ်ပေးလိုက်ပါ။ Google Play Store Error Code 941 ဒီ Error က Google Playstore ကို Update လုပ်နေစဉ်နဲ့ လုပ်ပြီး အဖြစ်များပါတယ်။ Settings > Apps > All > Google Playstore နဲ့ Download Manager ကို Clear Data And Clear Cache လုပ်ပြီးမှ Update ပြန်လုပ်ကြည့်ပါ။ Google Play Store Error Code rh01 ဒီ Error ကတော့ Account Server နဲ့ ချိတ်ဆက်တဲ့အချိန် တက်တဲ့ Error မျိုးပါ။ ဖြေရှင်းနည်း ၂ နည်းရှိပါတယ်။ (1) Setting > Apps > All > Google Play Store နဲ့ Google Service Framework ကို Clear Data နဲ့ Clear Cache လုပ်ပါ။ (2) Gmail Account ကို ဖုန်းထဲမှ Remove လုပ်ပါ။ ပြီးလျှင် ဖုန်းကို Restart လုပ်ပြီး ပြန်တက်လာပါက Gmail Account ကို Sign in လုပ်ပေးလိုက်ပါ။ တခြား Error ရှင်းနည်းတွေလည်း ရှိပါသေးတယ်ခင်ဗျာ။

မေး - ကျွန်တော့်ဖုန်းက Coolpad 7251 ဖုန်းပါ။ ဖုန်းအားသွင်းရင် အကြာကြီးအားသွင်းရတယ်။ ၅ မိနစ်လောက်နေမှ 1% လောက်ဝင်တာ ဘယ်လိုလုပ်ရမလဲ။
ဖြေ - ဟုတ်ကဲ့ပါဗျာ။ ဖုန်းအားသွင်းကြိုးမကောင်းရင် အဲ့ဒီ Error အများဆုံး ဖြစ်တတ်ပါတယ်။ ဒါကြောင့် အားသွင်းကြိုးကောင်းတာနဲ့ လဲကြည့်ပါ။ နောက်တစ်ခုက ဖုန်းရဲ့ဘက်ထရီဆဲလ် အကုန်အလုပ်မလုပ်တော့ရင်လဲ ဖြစ်တတ်ပါတယ်။ ဒါကြောင့် သုံးစွဲသူအနေနဲ့ အဲ့ဒီနှစ်ခုလဲကြည့်ရပါမယ်။ အားသွင်းကြိုးလဲတာနဲ့ ဘက်ထရီလဲတာပါ။ ဒါတွေလုပ်ပြီးလို့မှ မရရင်တော့ ဖုန်းစက်ပြားပိုင်းက ဖြစ်တာပါ။ ဒါကြောင့် ဆိုင်မှာစစ်ဆေးရပါမယ်။ အကယ်၍ စစ်ဆေးတတ်ရင်တော့ USB ခေါင်းနဲ့ Battery Socket သွားတဲ့လမ်းကြောင်း စစ်ဆေးရပါမယ်။ ဥပမာ FET, Charger IC နဲ့ Resistor လေးတွေ အဓိကထားစစ်ပါ။

မေး - Samsung S7 ကို Root လုပ်ချင်ပါတယ်။ ဘယ်လိုလုပ်ရမလဲခင်ဗျာ။ Root လုပ်နည်းလေးပြောပြပေးပါ။ ကျေးဇူးတင်ပါတယ်။
ဖြေ - Samsung S7 ကို CF Auto Root ရှိရင် Odin ကိုသုံးပြီး CF Auto Root နဲ့လုပ်တာများပါတယ်။ CF Auto Root မရှိရင်တော့ CWM (or) TWRP Recovery သွင်းပြီး Root.zip File ကို Install လုပ်ပြီး Root လုပ်လို့ ရပါတယ်။ တချို့သူတွေကတော့ Kingroot ကိုလည်း အသုံးပြုပါတယ်။

မေး - Sony M4 ကို Root ဘယ်လိုဖောက်ရမလဲဗျာ။ King Root နဲ့မရလို့ပါ။
ဖြေ - Sony M4 ကို King Root နဲ့မရဘူးဆိုရင် ဖုန်းကို Bootloader Unlock လုပ်ပြီး CWM (Or) TWRP Recovery သွင်းပြီး ဖောက်လို့ရပါတယ်ဗျာ။

မေး - Samsung J5 ပါ။ မြန်မာစာကောင်းကောင်းမမြင်ရလို့။
ဖြေ - Samsung J5 ကို Root လုပ်ပြီးမှ Myanmar Font ထည့်ပြီး အသုံးပြုမယ်ဆိုရင် မြန်မာစာ Font ကောင်းကောင်းအသုံးပြုနိုင်ပါလိမ့်မယ်။ Root မလုပ်ဘဲ Zawgyi 2014/15/16 Font.apk ထည့်ပြီးသုံးရင်လည်း အဆင်ပြေကောင်းပြေနိုင်ပါတယ်။

မေး - အစ်ကိုရေ ညီလေးဖုန်းက SD Card ထည့်ရင် ဖုန်းဖွင့်မရတော့လို့ပါ။ SD Card မပါရင်တော့ ရတယ်ဗျာ။ အကုန်ကောင်းတယ်။ ဘယ်လိုလုပ်ရမလဲဗျာ။
ဖြေ - ဟုတ်ကဲ့ပါဗျာ။ ဖုန်းမှာရှိတဲ့ SD Card မကောင်းတာ ဒါမှမဟုတ် Virus ကိုက်နေတာကြောင့် ဖြစ်တတ်ပါတယ်။ ဒါကြောင့် တခြား SD Card ထည့်ပြီး ဖွင့်ကြည့်ပါ။ မရရင် SD Card မှာပါဝင်တဲ့ လမ်းကြောင်း ၈ ကြောင်းမှာ ဘယ်လမ်းကြောင်းက Shock ကျနေလဲ စစ်ဆေးပြီး ပြုပြင်ရမှာပါဗျာ။

မေး - အစ်ကိုရေ ဖုန်းက Battery ထည့်ပြီးဖွင့်ရင် မရဘူး။ USB ကြိုးနဲ့ထိုးပြီး Power ဖွင့်ရင်ရတယ်။ အဲ့ဒါကို ဘယ်လိုလုပ်ရမလဲဆိုတာ ပြောပြပေးပါ။
ဖြေ - ဟုတ်ကဲ့ပါ။ ဖုန်းထဲက Battery ဆဲလ်တွေသေရင် အဲ့လိုဖြစ်တတ်ပါတယ်ဗျာ။ ဒါကြောင့် Battery ကို စစ်ရပါမယ်။ ဒါမှမဟုတ်ရင် Battery အသစ်လဲကြည့်ပါ။ မရရင်တော့ အားသွင်းကြိုးနဲ့ Battery ကြားမှာရှိတဲ့ လမ်းကြောင်း (သို့) Battery ရဲ့ အလယ်ငုတ်လမ်းကြောင်းတွေကို စစ်ရပါမယ်။

ဤကဏ္ဍကို Today’s Mobile ဖုန်း-၀၉-၇၃၀၃၃၉၆၆၊ ၀၉-၄၂၁၇၄၄၁၁၁ မှ ကူညီပံ့ပိုးပါသည်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal
 
 
 

No comments:

Post a Comment