Friday, November 4, 2016

Sony Xperia C4 Dual E5363 ဖုန်းဗားရှင်း 6.0 Marshmallow Root လုပ်နည်း

Sony Xperia C4 Dual E5363 ဖုန်း ဗားရှင်း 6.0.Marshmallow Root လုပ်နည်းကို
အလိုရှိနေကြတဲ့သူတွေအတွက် Update New ကိုမျှဝေပေးလိုက်ပါတယ်။

Root လုပ်မယ်ဆိုရင်တော့ ဖုန်းကို Bootloader Unlock ပြုလုပ်ပြီး Custom Recovery.img ဖိုင်များ
ထည့်သွင်းပေးပြီးမှ ADB Command များဖြင့် Root Access ကိုရယူနိုင်မှာပဲဖြစ်ပါတယ်။

Recovery.img ဖိုင်များကို ထည့်သွင်းဖို့ရန်အတွက်ပမထဆုံး ပြုလုပ်
ထားရမှာကတော့ ဖုန်းကို Bootloader Unlock ပဲဖြစ်ပါတယ်။
 မှတ်ချက်
=====
#ဖေါ်ပြပါ နည်းလမ်းသည် Sony Xperia C4 Dual E5363 အတွက်
သာသီးသန့်ဖြစ်ပြီး တစ်ခြား Device များကိုထည့်သွင်းခြင်းမျိုးမပြုလုပ်ပါရန်။

#ဖုန်းကို Root လုပ်ခြင်းသည် ဖုန်း၏ warranty ကို ပျစ်စေနိုင်ပါတယ်။

#Root ရန်အတွက် Instruction ကိုအတိုင်းပြုလုပ်ပါရန်။

#မိမိဖုန်းမှာ Brick တစ်ခုခုဖြစ်ခဲ့သော် ဇူးနစ်(နည်းပညာ)မှ တာဝန်မယူပါ။

#ဖုန်းက erase ဖြစ်နိုင်တာမို့ Backup ပြုလုပ်ထားလိုက်ပါ။

#ဖုန်းမှာ ဘက်ထရီအား အနည်းဆုံး 50-60% charge ရှိနေရပါမည်။

#ဗားရှင်း Marshmallow 6.0.1 ဖြစ်ပါတယ်။

Root လုပ်ခြင်း၏ ကောင်းကျိုးအချို့
===================
၁။ သင့်ဖုန်းကို Custom Rom & Kernel များထည့်သွင်းနိုင်ပါတယ်။

၂။ Ads များကို Block ပြုလုပ်ထားနိုင်ပါတယ်။

၃။ Performance နှင့် battery life အပါအ၀င်
background process များကို စိတ်ကြိုက် စီမံထားနိုင်ပါတယ်။

၎။ Titanium Backup စတဲ့ Data recovery apps များကို အသုံးပြုပြီး
apps and data များကို Backup & Restore အလွယ်ပြုလုပ်ယူနိုင်ပါတယ်။

၅။ မလိုအပ်တဲ့ apps များနဲ့ bloatware ဆော့ဝဲများကို
အလွယ်တကူ uninstall ပြုလုပ်နိုင်ပါတယ်။

Sony Xperia C4 Dual E5363 ဖုန်း Bootloader Unlock ပြုလုပ်နည်း
======================================
 ဖုန်း Bootloader Unlock ပြုလုပ်တော့မယ်ဆိုရင်တော့ အောက်ပါ
လိုအပ်ချက်များဖြင့် ပြည့်စုံနေသင့်ပါတယ်၊ လေ့လာကြည့်လိုက်ပါ


 လိုအပ်ချက်များ
========
၁။ Minimal ADB and Fastboot Tool ကို
ကွန်ပျူတာတွင် Install ပြုလုပ်ထားပါ

၂။ Gmail တစ်ခု လိုအပ်ပါတယ်။

၃။ Windows PC လိုအပ်ပါတယ်။

၎။ Internet Connection လိုအပ်ပါတယ်။

၅။ ဖုန်းကို ကြိုတင် Backup ပြုလုပ်ထားပါ။


Sony Xperia C4 Dual E5363 ဖုန်းကို Bootloader Unlock ပြုလုပ်ရန်အတွက်
Rooting Status နေရာတွင် ခွင့်ပြုချက် ရ မရ အရင်စစ်ဆေးကြည့်လိုက်ပါ။

ဖုန်းခေါ်သည့် နေရာတွင် *#*#7378423#*#* ကိုရိုက်ထည့်ပေးလိုက်ပါ
Service Info >Configuration >Rooting Status> ဆိုပြီး တစ်ချက်ချင်းနှိပ်သွားပါ
Bootloader Unlocked Allow ဆိုပြီး မြင်နေရရင်တော့ ဖုန်းမှာ Bootloader Unlock
မလုပ်ရသေးပါဘူး ဒီဖုန်းကို Root လုပ်ဖို့ရအတွက် ဒီ Bootloader ကို Unlock ပြုလုပ်
ပေးရမှာပဲဖြစ်ပါတယ်၊ ဒီအတွက် အောက်ပါ လင့်ကို သွားလိုက်ပါ။


Unlock your boot loader


Web ရဲ့ အောက်ဆုံးထိ သွားလိုက်ပြီး အောက်ပါပုံအတိုင်း
Sony Xperia C4 Dual E5363 ဆိုပြီး Devic ကိုရွေးချယ်ပေးပြီး Continue ကိုနှိပ်လိုက်ပါ။


နောက်တစ်ဆင့်ကတော့ Email ကိုထည့်သွင်းပေးရမယ့် စာမျက်နှာဖြစ်ပါတယ်
Email address ဆိုတဲ့နေရာမှာ မိမိအသုံးပြုနေတဲ့ Gmail ကိုထည့်ပေးလိုက်ပါ

Ttems & conditions နေရာနှင့် I'm not a robot ဆိုတဲ့နေရာတွေမှာ
အမှန်ခြစ်ပေးပြီး Submit ဆိုတာကို ထပ်နှိပ်ပေးလိုက်ပါ။

နောက်ထပ်စာမျာနှာတစ်ခုတွင် IMEI နံပါတ်ကို ထည့်ပေးခိုင်းတာပဲဖြစ်ပါတယ်

ဖုန်းတွင် ဖုန်းခေါ်သည့်နေရာတွင် *#06# ကိုရိုက်ထည့်လိုက်ပါ၊ ပေါ်သည့် IMEI နံပါတ်
နှစ်ခုတွင် ပထမဆုံး တစ်ခုရဲ့ IMEI (3581400xxxxxxxx) များကို မှတ်ထားပြီး၊
IMEI Verification စာမျက်နှာတွင် Enter your IMEI ပါသည့် နေရာတွင် ထည့်ပေးလိုက်ပါ။

Terms & conditions စတဲ့ စာကြောင်း နှစ်ခုတွင် အမှန်ခြစ်ပေးပြီး
  Submit ကိုသာထပ်နှိပ်ပေးလိုက်ပါ။

အောက်ပါပုံအတိုင်း မြင်နေရရင်တော့ သင့် Gmail သို့
Unlock Code လင့်ကို ပို့ပေးပြီးဖြစ်ကြောင်း ပြပေးနေတာဖြစ်ပါတယ်။

မိမိ Gmail သို့သွားလိုက်ပါ Sony Official မှ လင့်ပို့ပေးထားပါလိမ့်မယ်
Gmail မှ လင့်ကို တစ်ချက်နှိပ်လိုက်လျှင် အောက်ပါပုံအတိုင်း မြင်နေရပါလိမ့်မယ်။

Click here to proceed ဆိုတဲ့ လင့်ကိုတစ်ချက်နှိပ်လိုက်ပါ

နောက်ထပ် စာမျက်နှာတစ်ခု ရောက်သွားတဲ့အခါ အောက်ပါပုံအတိုင်း Unloc the boot loader ဆိုပြီး
ထိပ်ဆုံးရဲ့ အောက်တွင် Your unlock code: 8288901xxxxxx စသည်ဖြင့် မြင်နေရတဲ့ နံပါတ်တွေဟာ
မိမိဖုန်းကို Bootloader Unlock ပြုလုပ်ရန်အတွက် ရရှိလာသော Unlock code များဖြစ်ပါတယ်။


Official Web မှ မိမိဖုန်းအတွက် Unlock Code နံပါတ်ကိုတောင်းလိုက်ပြီးရင်တော့
အောက်ပါ process အတိုင်း ဖုန်းနဲ့ကွန်ပျူတာကို ချိတ်ဆက်ပြီး Unlock ပြုလုပ်ပေးတော့မှာပါ

၁။ ဖုန်းမှာ OEM & USB Debugging Mode ကို Enable ပြုလုပ်ပါ။

၂။ platform-tools ကိုအောက်ပါလင့်တွင် ဒေါင်းလော့ရယူလိုက်ပါ


platform-tools.zip


၃။ သို့တည်းမဟုတ် Minimal ADB and Fastboot Tool ကို
 ဒေါင်းလော့ပြီး ကွန်ပျူတာတွင် ထည့်သွင်းလိုက်ပါ


Minimal ADB and Fastboot Tool (all versions) များနဲ့ Install ပြုလုပ်နည်း


၎။ ကျနော်ကတော့ platform-tools နဲ့ပဲ ပြုလုပ်ထားပါတယ်
ဒေါင်းလော့ရလာတဲ့ platform-tools ကို zip ဖြည်လိုက်ပါ

၅။ ဖုန်းကို ပါဝါပိတ်ပါ၊ ပြီးရင် Volume up ကီးကိုနှိပ်ထားပြီး (၅စက္ကန့်လောက်)
ဖုန်းနဲ့ ကွန်ပျူတာကို ချိတ်ဆက်လိုက်ပါ၊ Fastboot Mode လို့ခေါ်ပါတယ်။

၆။ zip ဖြည်ထားတဲ့ platform-tools Folder ဖွင့်လိုက်ပြီး
Shift key and right-click တစ်ချက်ထောက်ပြီး
“open a new command window here” ဆိုတာကိုနှိပ်လိုက်ပါ။



၇။ ဖုန်းနဲ့ ကွန်ပျူတာကို ချိတ်ဆက်ပြီး အောက်ပါစာကြောင်းကို
ထပ်ရိုက်ထည့် Enter ကိုခေါက်ပါ။


fastboot devices


၈။ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်မှု Fastboot Device အချင်းချင်း အဆင်ပြေတာနဲ့
 အောက်ပါ Command ကို ထပ်ရိုက်ထည့်ပေးပြီး Enter ကိုထပ်ခေါက်ပေးလိုက်ပါ။

၉။ Command Box တွင်စာရိုက်ရတာ အဆင်မပြေရင်တော့ Official ၏
မူရင်းစာမျက်နှာတွင် ဖေါ်ပြပေးထားပါတယ်၊ Copy ကူးထည့်ရုံပါပဲ။


fastboot -i 0x0fce oem unlock 0x (Unlock Code)


Unlock Code ဆိုသည့် နေရာတွင် မိမိ ဖုန်းအတွက်
ပေးထားသည့် Unlock Code များဖြစ်ပါသည်။

ဥပမာ...။ fastboot -i 0x0fce oem unlock 0x8288901BE9Cxxxxx


၁၀။ အောက်ပုံအတိုင်း OKAY & Finished ဆိုပြီးမြင်နေရရင်တော့
 သင့်ဖုန်းကို Bootloader Unlock ပြုလုပ်ခြင်း အောင်မြင်ပြီးဆုံးပါပြီ။


၁၁။ ဖုန်းကို Reboot ချပေးရမှာ ဖြစ်တဲ့အတွက် အောက်ပါ
စာကြောင်းကိုရိုက်ထည့်ပြီး ဖုန်းကို Reboot ချပေးလိုက်ပါ။

၁၂။ ဖုန်းပါဝါပွင့်ပြီးတက်လာခဲ့ရင်တော့ အချိန်အနည်းငယ်ကြာမှာပဲဖြစ်ပါတယ်
 Bootloader Unlock ပြုလုပ်လိုက်ရင် User data များပါ ရှင်းလင်းသွားမှာ
ဖြစ်လို့ Process တစ်ခုပြီးဆုံးအောင်စောင့်နေလိုက်ပါ။

၁၃။ ဖုန်းကို Bootloader Unlock ပြုလုပ်ပြီးဖြစ်တဲ့အတွက် Rooting Status နေရာတွင်
မိမိဖုန်း Device က Unlock ဖြစ်လား မဖြစ်ဘူးလား စစ်ဆေးကြည့်လိုက်ပါ။

ဖုန်းခေါ်သည့် နေရာတွင် *#*#7378423#*#* ကိုရိုက်ထည့်ပေးလိုက်ပါ
Service Info >Configuration >Rooting Status> ဆိုပြီး တစ်ချက်ချင်းနှိပ်သွားပါ

အောက်ပါပုံအတိုင်း Bootloader unlocked: Yes ဆိုပြီး
မြင်နေရရင်တော့ သင့်ဖုန်းက Unlock Device ဖြစ်နေပါပြီ။



Sony Xperia C4 Dual E5363 ဖုန်း ဗားရှင်း 6.0.Marshmallow Root လုပ်နည်း
==========================================
ဖုန်းကို Bootloader Unlock ပြုလုပ်ပြီးရင်တော့ Custom Recovery & Boot.img ဖိုင်
များကိုထည့်သွင်းပြီး Root Access ကိုရယူနိုင်ပါပြီ၊ ဒီအတွက် လိုအပ်ချက်များကို လေ့လာပါ။


လိုအပ်ချက်များ
=========
၁။ ADB and fastboot နဲ့ driver ကို ကွန်ပျူတာတွင် 
Install ပြုလုပ်ထားရပါမည်။

၂။ ဖုန်းကို Bootloader Unlock ပြုလုပ်ထားရမည်။

၃။ TWRP Recovery for Sony Xperia M5 E5603




၁။ ဖုန်းမှာ OEM & USB Debugging Mode ကို Enable ပြုလုပ်ပါ။

၂။ TWRP Recovery File ကို ဒေါင်းလော့ရယူလိုက်ပြီး
C:\Program Files (x86)\Minimal ADB and Fastboot\Recovery File & boot image) ဆိုပြီး
သွားထည့်ထားလိုက်ပါ အောက်ပါပုံကို လေ့လာကြည့်လိုက်ပါ။


၃။ ကွန်ပျူတာတွင်လိုအပ်မယ့် ADB & Fastboot Driver ကိုသေချာအောင်လုပ်ပါ။

၎။ Minimal ADB and Fastboot Folder ကိုဖွင့်လိုက်ပြီး
Shift key and right-click တစ်ချက်ထောက်ပြီး
“open a new command window here” ဆိုတာကိုနှိပ်လိုက်ပါ။
၅။ ဖုန်းကို ပါဝါပိတ်ပါ၊  ပြီးရင် Volume up ကီးကိုနှိပ်ထားပြီး (၅စက္ကန့်လောက်)
ဖုန်းနဲ့ ကွန်ပျူတာကို ချိတ်ဆက်လိုက်ပါ၊ Fastboot Mode လို့ခေါ်ပါတယ်။
၆။ ဖုန်းမှာ Fastboot mode သို့ရောက်သွားတဲ့အခါ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်မှု 
အဆင်ပြေ မပြေ အောက်ပါ Command ကို ရိုက်ထည့်ပြီး Enter ခေါက်ပါ။

fastboot devices
၇။ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်မှု အဆင်ပြေတာနဲ့ အောက်ပါ
Command ကို ထပ်ရိုက်ထည့်ပေးပြီး Enter ကိုထပ်ခေါက်ပေးလိုက်ပါ။

fastboot flash recovery recovery.img
  


ပုံပါတိုင်း OKAY & Finished ဆိုပြီးပြနေရင်တော့ recovery file ကိုထည့်သွင်းပြီးပါပြီ။
၈။ Recovery.img ဖိုင်ကို ထည့်သွင်းခြင်း အောင်မြင်ပြီးဆုံးသွားတဲ့အခါ
ဖုန်းကို အောက်ပါ Command ကိုရိုက်ထည့်ပေးပြီး Reboot ချလိုက်ပါ။

“fastboot reboot”

၁၁။ ဖုန်းမှာ Recovery .img ဖိုင်များကို ထည့်သွင်းခြင်းအောင်မြင်ပါပြီ။






SuperSU-update.zip ဖြင့် Root ပြုလုပ်နည်း
===========================
၁။ ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ။

၂။ SuperSU-update.zip ဖိုင်အား SD card ထဲသို့ ထည့်ပါ။

၃။ ဖုန်းမှာ Volume Down key + Power Key များကိုတွဲနှိပ်ပြီး
 Custom Recovery mode သို့ဝင်လိုက်ပါ။

၎။ Custom Recovery mode တွင် Nandroid Backup ပြုလုပ်ထားလိုက်ပါ။

(ဒီအတွက် Backup ဆိုတာကို နှိပ်ပေးပြီး Backup လုပ်ထားရုံပါပဲ၊ ဖုန်းမှာ အကြောင်းကြောင့်
တစ်ခုခုဖြစ်ခဲ့ရင်တော့ နဂိုမူလ Stock Rom နဲ့ Custom Recovery ထည့်သွင်းထားပြီးသား
အနေအထားအားလုံးကို အလွယ်တကူ Restore ပြုလုပ်ယူနိုင်ပါတယ်)

၅။ Custom Recovery mode တွင် Install ကို တစ်ချက်နှိပ်လိုက်ပါ။

၆။ SuperSU-update.zip အား install လုပ်ပြီး Reboot ချပေးလိုက်ပါ။



အားလုံးကိုကျေးဇူးတင်ပါတယ်


ဇူးနစ်(နည်းပညာ)



No comments:

Post a Comment