Monday, October 3, 2016

♪ Skype for iOS နောက်ဆုံး update မှာ Siri နဲ့ ဖုန်းခေါ်ဆိုခိုင်းနိုင်ပြီ ♫


iOS အသုံးပြုသူတွေအတွက်ကတော့ အမိုက်စား feature တွေ တစ်ခုပြီးတစ်ခုလာနေပြီဖြစ်ပါတယ်။ Microsoft ကနေ မနေ့ကထုတ်ပေးလိုက်တဲ့ Skype update v6.25 မှာ Siri နဲ့ ချိတ်ဆက်ပေးလိုက်ပြီဖြစ်ပြီး၊ Skype ဖုန်းခေါ်ဆိုချင်တာ၊ မက်ဆေ့ပို့ချင်တာမျိုးမှာ Skype app ဖွင့်နေစရာမလိုဘဲ Siri နဲ့တင် လှမ်းခေါ်ခိုင်းလို့ရပြီ ဖြစ်ပါတယ်။

Siri နဲ့ Skype ချိတ်ဆက်ထားမှုကို လောလောဆည် သာမန် Skype app မှာပဲ ရရှိဦးမှာဖြစ်ပြီး၊ Skype for Business အတွက်တော့ အောက်တိုဘာလမှ ထုတ်ပေးသွားမှာဖြစ်တယ်လို့ Microsoft က ဆိုပါတယ်။

ဒီ့အပြင် ယခု Skype update မှာ ‘CallKit’ ပါဝင်လာတာကြောင့် ကိုယ့်မိတ်ဆွေ၊အပေါင်းအသင်း၊ လုပ်ဖော်ကိုင်ဖက်တွေရဲ့ Skype အချက်အလက်တွေကို contacts app မှာတင် သိမ်းထားနိုင်ပြီဖြစ်ပြီး Skype အဝင်ကော ဝင်လာရင် သာမန်ဖုန်းကောအတိုင်း interface အတူတူပြပေးမှာ ဖြစ်ပါတယ်။

skypecall-0

ယခုနှစ် WWDC 2016 ပွဲမှာ Siri ကို ပြင်ပ Developer တွေအတွက် Apple ကနေ ပထမဆုံးအကြိမ် ဖွင့်ပေးလိုက်ပြီးနောက်မှာ Siri ရဲ့ လုပ်ဆောင်မှုတွေ ပေါင်းထည့်ထားတဲ့ app တော်တော်များများ ထပ်မံ ထွက်ပေါ်လာဖို့ ရှိနေပါတယ်။

Credit to ==> Digital Times

No comments:

Post a Comment