Saturday, October 22, 2016

HTC One A9 ဖုန်းဗားရှင်း 6.0 Marshmallow ကို TWRP Recovery ထည့်သွင်းပြီး Root လုပ်နည်း


HTC One A9 ဖုန်းကို TWRP recovery ထည့်သွင်းပြီး Root လုပ်နည်းကို
အလိုရှိနေကြတဲ့သူတွေအတွက် Update New ကိုမျှဝေပေးလိုက်ပါတယ်။

Root လုပ်မယ်ဆိုရင်တော့ Bootloader unlock & Custom Recovery များထည့်သွင်းရပါမည်၊
ပြီးရင် Supersu ဖြင့် Flash ပေးပြီး Root Access ကိုရယူနိုင်မှာပဲဖြစ်ပါတယ်။
 မှတ်ချက်
=====
#ဖေါ်ပြပါ နည်းလမ်းသည် HTC One A9 အတွက် သာသီးသန့်ဖြစ်ပြီး
တစ်ခြား Device များကိုထည့်သွင်းခြင်းမျိုးမပြုလုပ်ပါရန်။

#ဖုန်းကို Root လုပ်ခြင်းသည် ဖုန်း၏ warranty ကို ပျစ်စေနိုင်ပါတယ်။

#Root ရန်အတွက် Instruction ကိုအတိုင်းပြုလုပ်ပါရန်။

#မိမိဖုန်းမှာ Brick တစ်ခုခုဖြစ်ခဲ့သော် ဇူးနစ်(နည်းပညာ)မှ တာဝန်မယူပါ။

#ဖုန်းက erase ဖြစ်နိုင်တာမို့ Backup ပြုလုပ်ထားလိုက်ပါ။

#ဖုန်းမှာ ဘက်ထရီအား အနည်းဆုံး 50-60% charge ရှိနေရပါမည်။


Root လုပ်ခြင်း၏ ကောင်းကျိုးအချို့
===================
၁။ သင့်ဖုန်းကို Custom Rom & Kernel များထည့်သွင်းနိုင်ပါတယ်။

၂။ Ads များကို Block ပြုလုပ်ထားနိုင်ပါတယ်။

၃။ Performance နှင့် battery life အပါအ၀င်
background process များကို စိတ်ကြိုက် စီမံထားနိုင်ပါတယ်။

၎။ Titanium Backup စတဲ့ Data recovery apps များကို အသုံးပြုပြီး
apps and data များကို Backup & Restore အလွယ်ပြုလုပ်ယူနိုင်ပါတယ်။

၅။ မလိုအပ်တဲ့ apps များနဲ့ bloatware ဆော့ဝဲများကို
အလွယ်တကူ uninstall ပြုလုပ်နိုင်ပါတယ်။


လိုအပ်ချက်များ
=========
 ၁။ ဖုန်းကို Bootloader Unlock ပြုလုပ်ထားရပါမည်။
 
၂။ ADB and fastboot driver ကို
ကွန်ပျူတာတွင် Install ပြုလုပ်ထားရပါမည်။

၃။ TWRP Recovery for HTC One A9

၎။ SuperSu.zip for HTC One A9


Supporting Versions
=============
    HTC One A9 6.0 Marshmallow At&T
    HTC One A9 6.0 Marshmallow Cricket
    HTC One A9 6.0 Marshmallow Sprint
    HTC One A9 6.0 Marshmallow Boost
    HTC One A9 6.0 Marshmallow VirginMobile
    HTC One A9 6.0 Marshmallow ACG
    HTC One A9 6.0 Marshmallow C Spire
    HTC One A9 6.0 Marshmallow Unlocked



 ADB and Fastboot ကို ၁၅ စက္ကန့်ဖြင့် Install ပြုလုပ်နည်း

Download Here ADB & Fastboot Zip


TWRP Recovery For HTC One A9 6.0 Marshmallow


Download SuperSu.Zip




HTC One A9 ဖုန်းကို TWRP recovery ထည့်နည်း
============================
၁။ platform-tools ကိုဒေါင်းလော့ရယူလိုက်ပြီး
ဖုန်းမှာ OEM & USB Debugging Mode ကို Enable ပြုလုပ်ပါ။

၂။ TWRP Recovery File ကိုဒေါင်းလော့ရယူလိုက်ပြီး
နာမည်ပြောင်း platform-tools Folder မှာထည့်ထားပါ။

၃။ ကွန်ပျူတာတွင်လိုအပ်မယ့် Driver ကိုသေချာအောင်လုပ်ပါ။

၎။ platform-tools ကိုဖွင့်လိုက်ပါ(အောက်ပါပုံအတိုင်း)

၅။ Shift key and right-click တစ်ချက်ထောက်ပြီး
“open a new command window here” ဆိုတာကိုနှိပ်လိုက်ပါ။

၆။ ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ဆက်မှု အဆင်ပြေ မပြေ အောက်ပါ
Command ကို ရိုက်ထည့်ပြီး Enter ခေါက်ပါ။

fastboot devices
အောက်ပါပုံအတိုင်း ချိတ်ဆက်မှု အဆင်ပြေကြောင်း
တွေ့နေရရင်တော့ Fastboot Devices သိနေပါပြီ။


မှတ်ချက်...။ Fastboot Devices မသိသေးကြောင်း Error တက်နေခဲ့ရင်တော့
ကွန်ပျူတာတွင် ADB Driver များကို ပြန်လည် Install ပြုလုပ်ပေးလိုက်ပါ။

၇။ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်မှု အဆင်ပြေတာနဲ့ အောက်ပါ
Command ကို ထပ်ရိုက်ထည့်ပေးပြီး Enter ကိုထပ်ခေါက်ပေးလိုက်ပါ။


fastboot flash recovery recovery name.img
  
၈။ ဖုန်းကို TWRP recovery ထည့်သွင်းခြင်းအောင်မြင်ကြောင်း
အထက်ပါပုံအတိုင်း ပြနေခဲ့ရင်တော့ အဆင်ပြေပါပြီ။

 ၉။  ဖုန်းကို Recovery Mode သို့ ဝင်ကြည့်လိုက်ပါ၊ ဒီအတွက်
 အောက်ပါ command ကို ရိုက်ထည့်ပြီး ၀င်ကြည့်လိုက်ပါ။

fastboot boot recovery.img
၉။ သို့တည်းမဟုတ် Hard ware Button များကို အသုံးပြုပြီး ပုံမှန်အတိုင်း
“Volume down + Power” များကို တွဲနှိပ်ပြီးတော့လည်း ၀င်နိုင်ပါတယ်။

၁၀။ သင့်ဖုန်းမှာ TWRP Recovery ဖြင့်မြင်နေရရင်တော့
ဖုန်းကို Custom Recovery ထည့်သွင်းခြင်းအောင်မြင်ပါပြီ။


  SuperSU-update.zip ဖြင့် Root ပြုလုပ်နည်း
===========================
၁။ ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ။

၂။ SuperSU-update.zip ဖိုင်အား SD card ထဲသို့ ထည့်ပါ။

၃။ ဖုန်းမှာ Volume Down key + Power Key များကိုတွဲနှိပ်ပြီး
 Custom Recovery mode သို့ဝင်လိုက်ပါ။

၎။ Custom Recovery mode တွင် Nandroid Backup ပြုလုပ်ထားလိုက်ပါ။

(ဒီအတွက် Backup ဆိုတာကို နှိပ်ပေးပြီး Backup လုပ်ထားရုံပါပဲ၊ ဖုန်းမှာ အကြောင်းကြောင့်
တစ်ခုခုဖြစ်ခဲ့ရင်တော့ နဂိုမူလ Stock Rom နဲ့ Custom Recovery ထည့်သွင်းထားပြီးသား
အနေအထားအားလုံးကို အလွယ်တကူ Restore ပြုလုပ်ယူနိုင်ပါတယ်)

၅။ Custom Recovery mode တွင် Install ကို တစ်ချက်နှိပ်လိုက်ပါ။

၆။ SuperSU-update.zip အား install လုပ်ပြီး Reboot ချပေးလိုက်ပါ။


၇။ ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root Access ရရှိနေပါပြီ။

၈။ RootChecker ဖြင့်စမ်းသပ်ကြည့်လိုက်ပါ။
ဇူးနစ်(နည်းပညာ)


No comments:

Post a Comment