Tuesday, October 18, 2016

♪ အလုပ်အကိုင်ရှာဖွေသူပေါင်း ၆၀၀၀ ကျော်လာရောက်ခဲ့သည့် Yangon Job Fair 2016 ♫


infografik_myanmar-myanmar-version
Work.com.mmYangon Job Fair 2016 ကို ပြည်လမ်း အင်းယားကန်ဘောင်အနီး International Business Center(IBC) တွင် မနက် ၉ နာရီမှ ညနေ ၄ နာရီ အထိ စည်ကားစွာ သိုက်မြိုက်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရှိရသည်။ Yangon Job Fair 2016 ကြီးတွင် အလုပ်အကိုင် ရှာဖွေနေသူပေါင်း  ၆၀၀၀ကျော် လာရောက်လေ့လာခဲ့ပြီး ကုမ္ပဏီပေါင်း ၁၂ ခုအထိပါဝင်ခဲ့ကြောင်းကိုလည်း သိရသည်။

Work.com.mm ၏ ပထမဆုံးအလုပ်အကိုင် အခွင့်အလမ်းပြပွဲကြီးကို မေလ ၂၀၁၅ ခုနှစ်တွင် ၂ ရက် ကျင်းပခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်းရှာဖွေသူပေါင်း ၄၀၀၀၀ ကျော်အား ကုမ္ပဏီများနှင့် ချိတ်ဆက်ပေးနိုင်ခဲ့သည်။ ထိုပထမဆုံး အလုပ်အကိုင်ပြပွဲကြီးတွင်လည်း ကုမ္ပဏီပေါင်း ၂၆ ခုထိ ပါဝင် ခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ပထမဆုံးနှင့် လူဦးရေအများဆုံးတက်ရောက်သော ပွဲကြီးအဖြစ်မှတ်တမ်းတင်နိုင်ခဲ့ပါသည်။

ယခုကျင်းပသော  Yangon Job Fair 2016 မှာ  ယခင်ကျင်းပခဲ့သော အလုပ်အကိုင်ပြပွဲများနှင့် မတူပဲ အတွေ့အကြုံ အရည်အချင်းပြည့်မှီသော လုပ်သက်ရင့်အလုပ်အကိုင်ရှာဖွေသူများအတွက် အဓိကထား ပြုလုပ်ပေးခဲ့သော ပွဲတစ်ပွဲဖြစ်ပါသည်။ ပြပွဲတွင် ပါဝင်ခဲ့သော ကုမ္ပဏီများအနေနှင့်လည်း စိတ်ကျေနပ်မှုရရှိခဲ့ပြီး အလုပ်ရှင်နှင့် အလုပ်အကိုင်အခွင့်အလမ်းသစ်ကိုရှာဖွေနေသော လုပ်သက်ရင့်အလုပ်အကိုင်ရှာဖွေနေသူများ ကြားတွင် ပေါင်းကူးပေးနိုင်သော ပွဲတစ်ပွဲဖြစ်ခဲ့ပါသည်။

ယခု ကျင်းပသော Yangon Job Fair 2016 တွင် ပါဝင်ခဲ့သောကုမ္ပဏီများမှာ Sale, marketing, finance, HR, engineering, logistics, medical related position (Nursing, etc) စသည့် နယ်ပယ်များမှ အလုပ်အကိုင်များကို အဓိက ခေါ်ယူခဲ့သည်။၎င်းအလုပ်အကိုင်ပြပွဲကြီးတွင် တိုက်ရိုက်အင်တာဗျူးများအား ကုမ္ပဏီများမှ ပြုလုပ်ခဲ့ကြပြီး  အလုပ်အကိုင်ပြပွဲသို့ လာရောက်ခဲ့သော အလုပ်အကိုင် ရှာဖွေသူများမှ မအိအိဖူးနှင့် မသက်ထားဆွေ တို့နှစ်ဦးမှာ အလုပ်အကိုင်ပြပွဲနေ့တွင် တိုက်ရိုက် အင်တာဗျူး ဖြေဆို၍ Kobe Kobe Co., Ltd တွင် Accountant ရာထူးဖြင့် အလုပ်အကိုင်များကို ရရှိခဲ့ကြသည်ဟုလည်း သိရှိရသည်။
Yangon Job Fair 2016 သည် အလုပ်အကိုင်ရှာဖွေသူပေါင်း ၆၀၀၀ ကျော်လာရောက် ခဲ့ပြီး အောင်မြင်သော အလုပ်အကိုင် ပြပွဲတစ်ပွဲဖြစ်ခဲ့ကြောင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး မန်နေဂျာ မကေခိုင်မှ သတင်းထုတ်ပြန်သွားပါသည်။

အမျိုးသာဝန်ထမ်းဦးရေ အချိုးထက် အမျိုးသမီးဝန်ထမ်း အချိုး မှာ သိသိသာသာ ကျဆင်းလာ
အလုပ်အကိုင် ရှာဖွေလျှောက်ထားမှု အချိုးအစားအရ ဇွန်လမှ သြဂုတ်လအတွင်း အမျိုးသမီးဦးရေအချိုးသည် သိသိသာသာ ထပ်မံမြင့်တက်ခဲ့သော်လည်း ယခုလ စစ်တမ်းတွင် အမျိုးသမီးဦးရေ အချိုးမှာ ၄၉.၂၀% နှင့် အမျိုးသားဦးရေ အချိုးမှာ ၅၀.၈၀% ဖြစ်လာသည်။ စက်တင်ဘာလ အမျိုးသမီးဦးရေ အချိုးထက် ၇ ရာခိုင်နှုန်းနီးပါးကျဆင်းသွားသည်။ ဤသို့ ကျဆင်းလာရခြင်းသည် အမျိုးသမီးဝန်ထမ်းဦးရေမှာ ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း ဈေးကွက်တွင်း ကျဆင်းနေလာခြင်းကြောင့် ဖြစ်သည်ဟု သုသေသန ရှာဖွေချက် များမှ သိရှိရသည်။

မြန်မာနိုင်ငံ၏ အဓိက တိုးတက်ဖွံ့ဖြိုးသော ရန်ကုန်တိုင်းဒေသကြီးနှင့် သွားလာရန် လွယ်ကူသော ပဲခူးတိုင်း သည် အလုပ်အကိုင် အခွင့်အလမ်း အလစ်လပ်ဆုံး နေရာအဖြစ် ပထမဆုံး ပါဝင်လာခဲ့သည်။ စက်တင်ဘာလ အတွင်း အလုပ်အကိုင် အခွင့်အလမ်း အလစ်လပ်ဆုံး နေရာများမှ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနှင့် နေပြည်တော် တို့မှ ၀န်ထမ်းခေါ်ယူမှုများ များနေပြီး၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာသည့် ဧရာဝတီတိုင်းဒေသများတွင် အလုပ်အကိုင် အခွင့်အလမ်း အများဆုံး ပေးအပ်နေသော မြို့ကြီးများအဖြစ် ပါဝင်လျက်ရှိသည်။

အွန်လိုင်း အလုပ်အကိုင်ရှာဖွေမှုနှင့် ဝန်ဆောင်မှုပေးသော အလုပ်အကိုင်ရှာဖွေရေး portal များကို အလုပ်အကိုင် ရှာဖွေသူများသာမက အလုပ်အကိုင် ခေါ်ယူမှုများ အတွက်ပါ ကုမ္ပဏီများကပါ အရှိန်အဟုန်မြင့် သုံးစွဲလာကြသည်။ လိုအပ်ချက်များပြားလာသော ဈေးကွက်လိုအပ်ချက်များကို ပိုမိုသိရှိလာစေရန်အတွက် work.com.mm မှ လစဉ်စစ်တမ်းများအား ထုတ်ပြန်ပေးနေသည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးနှင့် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများမှာ ကြီးမား ကျယ်ပြန့် လာသည့် အလျှောက် လိုအပ်လာသော ဝန်ဆောင်မှုများကို ပေးနိုင်ရန် ဝန်ထမ်းခေါ်ယူမှုမှာ  အမြဲမပြတ် ရှိနေသည်။ စက်တင်ဘာလ ၀န်ထမ်း ခန့်အပ်မှုအများဆုံး လုပ်ငန်းခွင်မှာ ဆက်သွယ်ရေးနှင့် ဆက်သွယ်ရေး ဝန်ဆောင်မှု ဆိုင်ရာ လုပ်ငန်းများ ဖြစ်ပြီး ဒုတိယခေါ်ယူမှု အများဆုံးလုပ်ငန်းခွင်မှာ ဖြန့်ဖြူးပို့ဆောင်ရေ လုပ်ငန်းများ၊ တတိယနေရာတွင် အိုင်တီ၊ ကွန်ပျူတာ ဆက်စပ်မှုဆိုင်ရာ လုပ်ငန်းများ စတုတ္ထနှင့် ပဉ္စမနေရာများတွင် ပို့ကုန် သွင်းကုန်နှင့် ကုန်သွယ်ရေးလုပ်ငန်းများ နှင့် ကုန်ပစ္စည်း ထုတ်လုပ်မှု လုပ်ငန်းများ၊ နှင့် ဖြစ်ကြောင်း လည်းသိရသည်။

အလုပ်အကိုင် အခွင့်အလမ်း အများဆုံးဖန်တီးပေးသည့် ကုမ္ပဏီများမှာ အော်ရီဒူး မြန်မာမှ ထိပ်ဆုံးတွင် ရပ်တည်နေပြီး ဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီတစ်ခုဖြစ်သည့် အော်ရီဒူး မြန်မာ မှ လည်း Yangon Job Fair 2016 တွင် ပါဝင်ခဲ့၍ အလုပ်အကိုင်ပေါင်း ၂၀ ကျော်အားလည်း ခေါ်ယူသွားသည်။ Peachtree Networks၊ Pun Hlaing Siloam Hospitals၊ Max Myanmar Holdings Co.,Ltd နှင့် Business Optimized Data Technology Co.,Ltd တို့မှာလည်း စက်တင်ဘာလအတွင်း အလုပ်အကိုင် အခွင့်အလမ်း အများဆုံး ဖန်တီးပေးသည့် ကုမ္ပဏီများ အဖြစ် စစ်တမ်းတွင်ပါဝင်သည်။

Work.com.mm  ၀က်ဘ်ဆိုဒ်မှ လစဉ် အလုပ်အကိုင်ရှာဖွေရေး စစ်တမ်းကို ထုတ်ပြန်ပေးလျက်ရှိရာတွင် အရောင်းမြှင့်တင်ရေး ဝန်ထမ်းများ လိုအပ်ချက်မှာ ငါးလဆက်တိုက် ဆက်လက်မြင့်တက်လျက်ရှိပြီး ဒုတိယနှင့် တတိယမှာ ဈေးကွက် မြှင့်တင်ရေး (Marketing)၊ အိုင်တီနှင့် နည်းပညာ ပညာရှင်များဖြစ်ကြသည်။ အင်ဂျင် နီယာများနှင့် စာရင်းကိုင်နှင့် ဘဏ္ဍာရေး အလုပ်များသည်လည်း အလစ်လပ်ဆုံး အလုပ် အကိုင်များ အဖြစ် စက်တင်ဘာလ အွန်လိုင်းအလုပ်အကိုင် ရှာဖွေရေးဈေးကွက်မှတ်တမ်းတွင် ပါဝင်လျက်ရှိကြောင်း သိရသည်။

လွန်ခဲ့သော ဧပြီလမှ  ယခုလတိုင် အလုပ်ရှာဖွေသူများသည် စာရင်းကိုင်နှင့် အိုင်တီ အလုပ်များအား အများဆုံး လျှောက်ထားလျက်ရှိသည်။ လစဉ်ထုတ်ပြန်သောစစ်တမ်းများမှ အွန်လိုင်း အလုပ်အကိုင် ရှာဖွေရေး portal ပေါ်တွင် အလုပ်အကိုင် ရှာဖွေသူများဘက်မှ အများဆုံး ရှာဖွေကြသည့် အလုပ်အကိုင်များမှာ စာရင်းကိုင် ဝန်ထမ်းနေရာ၊ အိုင်တီ ပိုင်းဆိုင်ရာအလုပ်များနှင့် လူ့စွမ်းအားရင်းအမြစ်ဆိုင်ရာ အလုပ်များမှာ ဒုတိယနှင့် တတိယနေရာများတွင် အသီးသီးရှိကြသည်။ အင်ဂျင်နီယာအလုပ်များနှင့် ယဉ်မောင်းအလုပ်များ သည်လည်း အလုပ်အကိုင် ရှာဖွေမှု အများဆုံးများ ထဲတွင် ပါဝင်လာသည်။

အဆိုပါစစ်တမ်းကို အလုပ်ရှာဖွေသူများ နှင့်ဘွဲ့ ကြို၊ဘွဲ့ ရပြီးစလူငယ် များအတွက် ပြည်တွင်း အလုပ်အကိုင် ဈေးကွက်အခြေအနေများ အပေါ် သုံးသပ်လေ့လာ ပြီး မိမိ၏ ပညာရေးနောက်ခံ၊ ခေတ်စနစ်နှင့် ကိုက်ညီသော အသက်မွေးဝမ်းကြောင်းများကို ရွေးချယ် လျှောက်ထား နိုင်စေရန် ရည်ရွယ်၍ လစဉ်ထုတ်ပြန် ပေးနေခြင်း ဖြစ်သည်ဟု work.com.mm မှ Public Relations Manager မကေခိုင်မှ ပြောကြားသွားသည်။



No comments:

Post a Comment