Monday, October 31, 2016

♪ " Samsung Galaxy J3 (2016) " ♫


ဈေးနှုန်းသက်သက်သာသာနဲ့ အရည်အသွေးမြင့်ဖုန်းကို လိုချင်တဲ့သူတွေအတွက် Samsung Galaxy J3 က အသင့်တော်ဆုံးဖုန်းတစ်လုံးပါပဲ။ ၎င်းမှာဘက်ထရီစွမ်းအားကောင်းမွန်ပြီး ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံတွေကိုလည်း ရိုက်ယူပေးနိုင်တဲ့ အားသာချက်တွေရှိပါတယ်။ အားနည်းချက်အနေနဲ့ကတော့ ကင်မရာလုပ်ဆောင်ချက်က အနည်းငယ်နှေးတာကြောင့် လျှပ်တစ်ပြတ်ဓာတ်ပုံတွေကို အရေးပေါ်ရိုက်ယူတဲ့အခါမှာ အနည်းငယ်အခက်တွေ့နိုင်ပါတယ်။

GSM, HSPA နဲ့ LTE networks တွေကို ထောက်ပံ့ပေးထားပြီး Single SIM နဲ့ Dual SIM version ၂ မျိုးကို ထုတ်လုပ်ထားပါတယ်။ ထည့်သုံးနိုင်တဲ့ SIM card အမျိုးအစားကတော့ Micro SIM ပါ။ ၎င်းမှာ HD Voice technology ကိုအသုံးပြုထားတဲ့အတွက် ဖုန်းထဲက အသံတွေကို ပြတ်သားစွာ ကြားနိုင်ပြီး နောက်ခံအသံဆူညံမှုတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ DIRECTV စနစ်ကြောင့် တီဗီတွေကို ဖုန်းနဲ့ထိန်းချုပ်နိုင်ပြီး ဘယ်အချိန်မှာဆို live TV တွေ stream လုပ်နိုင်ပါတယ်။ ဒါ့အပြင် Removable Li-Ion 2600mAh battery ပါတဲ့အတွက် ဘက်ထရီပိုင်းကိုလည်း စိတ်ပူစရာမလိုပါဘူး။

* Design & Build *

Samsung Galaxy J3 (2016) ရဲ့ ပါးလွှာပြီး ဆွဲဆောင်မှုတဲ့ဒီဇိုင်းပုံစံကြောင့် လူကြိုက်များပြီး တည်ဆောက်ပုံကောင်းမွန်တဲ့အတွက် ကိုင်တွယ်အသုံးပြုရတာလည်း အလွန်အဆင်ပြေပါတယ်။ ဖုန်းအရွယ်အစားက 142.3 x 71 x 7.9 mm ရှိပြီး အလေးချိန် 138 g သာ ရှိတာကြောင့် ပါးလွှာပေါ့ပါးတဲ့ ဖုန်းအမျိုးအစားထဲမှာ ပါဝင်ပါတယ်။ Samsung ရဲ့ မူရင်းစတိုင်ဒီဇိုင်းပုံစံကို မပျောက်အောင် တီထွင်ဖန်တီးပေးထားပြီး အနောက်ဘက်ရဲ့ အပေါ်ပိုင်းအလယ်ဘက်မှာ ကင်မရာနဲ့ LED flash မီးလုံးတို့ကို တွေ့ရမှာပါ။

အရှေ့မျက်နှာပြင်အပေါ်ဘက်မှာ Samsung ဆိုတဲ့စာလုံးကို ထင်ထင်ရှားရှားဖော်ပြပေးထားပြီး အောက်ဘက်မှာတော့ ထုံးစံအတိုင်း Home buttom, back buttom တို့ကို ထည့်သွင်းပေးထားပါတယ်။ ဘေးဘောင်ဘယ်ဘက်မှာ အသံအတိုးအလျှော့ခလုတ်နဲ့ ညာဘက်မှာ power buttom တို့ တည်ရှိပါတယ်။ စပီကာကို အနောက်ဘက်ကင်မရာဘေးနားမှာ ထားသိုပေးထားတာကြောင့် သီချင်းနားထောင်တဲ့အခါမှာ ဖုန်းကိုမှောက်လျက်အနေအထားနဲ့ထားပြီး နားထောင်ရင် ပိုမိုအဆင်ပြေမှာပါ။ ၎င်းရဲ့ခန့်ညားထည်ဝါတဲ့ဒီဇိုင်းလေးနဲ့ လိုက်ဖက်ညီတဲ့ အဖြူရောင်၊ အမဲရောင်နဲ့ ရွှေရောင်ဆိုတဲ့ အရောင် ၃ မျိုးကို ထုတ်လုပ်ပေးထားတာကြောင့် စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။

* Display *

Display က ၅ လက်မအကျယ်ရှိပြီး Super AMOLED capacitive touch-screen နဲ့ ပြုလုပ်ပေးထားတာ တွေ့ရပါတယ်။ ၎င်းက 720 x 1280 pixels ရှိတဲ့ မြင်ကွင်းတွေကိုပေးစွမ်းနိုင်ပြီး ၁ လက်မမှာတော့ ~294 ppi pixels သိပ်သည်းဆပမာဏကိုရရှိနိုင်ပါတယ်။ မျက်နှာပြင်ပေါ်မှာ multitouch စနစ်ကို ထည့်သွင်းပေးထားပြီး အကြမ်းခံနိုင်အောင် Asahi Dragontrail Glass နဲ့ ဖုံးအုပ်ကာကွယ်ပေးထားပါတယ်။

* Operating System and Camera *

အတွင်းထဲမှာ run ပေးထားတဲ့ OS က Android OS, v 5.1.1 (lollipop) ပါ။ ကင်မရာပိုင်းအနေနဲ့ အနောက်ကင်မရာက 5 MP resolution ကို ထောက်ပံ့ပေးနိုင်ပြီး 30fps မှာ 1080p အရည်အသွေးရှိ ဗီဒီယိုတွေ ရိုက်ကူးပေးနိုင်ပါတယ်။ ဒါပေမဲ့ အရှေ့ကင်မရာက 2MP သာပါရှိတဲ့အတွက် Selfie ဓာတ်ပုံရိုက်ဝါသနာရှင်တွေကတော့ သိပ်အဆင်မပြေနိုင်မှာ မဟုတ်သလို လုပ်ဆောင်ချက်တွေကလည်း အနည်းငယ်နှေးပါတယ်။

* Performance *

စွမ်းဆောင်ရည်ပိုင်းကိုလည်း အရမ်းကြီးမျှော်လင့်ထားလို့မရပေမယ့် သူ့ဈေးနှုန်းနဲ့ထိုက်တန်တဲ့ လုပ်ဆောင်ချက်တွေကိုတော့ အပြည့်အ၀ပေးစွမ်းနိုင်ပါတယ်။ လုပ်ဆောင်နိုင်စွမ်းတွေကောင်းမွန်ဖို့ Quad-Core 1.3 GHz Cortex-A7 processor နဲ့ Exynos 3475 Quad ဆိုတဲ့ chipset အမျိုးအစားကို ထည့်သွင်းပေးထားပြီး ၎င်းတို့ရဲ့လုပ်ဆောင်ချက်တွေကို Mali-T720 graphic card က အထောက်အပံ့ပေးထားတာကို တွေ့ရပါတယ်။ ထည့်သွင်းအသုံးပြုထားတဲ့ RAM ကတော့ 1.5GB ဖြစ်ပါတယ်။ ဒါကြောင့် အလယ်အလတ်တန်းစားအဆင့်ရှိတဲ့ လုပ်ဆောင်ချက်စွမ်းအားတွေကိုတော့ အပြည့်အ၀ရရှိနိုင်မှာပဲဖြစ်ပါတယ်။

Specification
Display : 5.0 inch, Super AMOLED capacitive touchscreen
Memory : 8/16GB, 1.5GB RAM, micro SD, up to 256GB
Camera : 8MP / 5MP, f/2.2, autofocus, LED flash
OS : Android OS,v 5.1.1 (Lollipop)

Phone - 01-224502 (CTM)

Price - 179,000 Ks

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal

No comments:

Post a Comment