Sunday, October 16, 2016

♪ Facebook Messenger မှာ စစ်တုရင် ကစားမယ် ♫


3
Facebook Messenger မှာ လျှို့ဝှက်ချက်များစွာကို ထည့်သွင်းပေးထားပါတယ်။ Messenger မှာ စကားပြောဖို့ သာမကဘဲ ပျင်းနေတဲ့အချိန်မှာ သူငယ်ချင်းများနဲ့ ဂိမ်းကစားလို့လည်း ရပါတယ်။ ဒီ Tutorial မှာ Messenger ကနေ သူငယ်ချင်းနှစ်ယောက် စစ်တုရင် ကစားနိုင်မယ့် လျှို့ဝှက်နည်းလမ်းကို ဖော်ပြပေးလိုက်ပါတယ်။ Messenger Mobile App ကနေသာမက PC များကနေလည်း ကစားနိုင်ပါတယ်။ အောက်ပါ ဓါတ်ပုံများကတော့ ပီစီကနေ ကစားထားတာကို Screenshot ရိုက်ထားတာဖြစ်ပါတယ်။

(၁) သင် ကစားချင်တဲ့ သူငယ်ချင်းကို ရွေးချယ်ပါ။

1

(၂) @fbchess play လို့ ရိုက်ပို့ပေးပါ။

2

(၃) Chess Game ပွဲ တစ်ခုစပြီလို့ Messenger က ပြောမှာပါ။ အဖြူနဲ့အနက် အသင်းထဲမှ တစ်ခုကို သင့်အတွက် ကျပန်း ရွေးချယ်ပေးမှာပါ။ ပြီးရင်တော့ စစ်တုရင်ခုံကို မြင်တွေ့ရမှာဖြစ်ပါတယ်။

3

(၄) အရုပ်များကို ရွှေ့ဖို့အတွက် စစ်တုရင်ခုံမှ အက္ခရာနဲ့ နံပါတ်အတွဲအဖက်ကို ရိုက်ပေးရမှာပါ။ ဥပမာအားဖြင့် ပွန်းကို D3 နေရာကို ရွှေ့ချင်ရင် @fbchess PD3 သို့မဟုတ် @fbchess D3 လို့ ရိုက်ပို့ပေးပါ။

4

(၅) ပွဲကို ရပ်တန့်ဖို့အတွက် @fbchess resign လို့ ရိုက်ပါ။ @fbchess stats လို့ ရိုက်ရင်တော့ ပွဲ အနိုင် ၊ အရှုံးရလဒ်များကို သိနိုင်ပါတယ်။ ကစားနည်းများနဲ့ အခြား သတင်းအချက်အလက်များကို သိချင်ရင်တော့ @fbchess help လို့ ရိုက်နိုင်ပါတယ်။

5

No comments:

Post a Comment