Tuesday, October 18, 2016

MP3 Lyrics စာတန်းထိုးထည့်နည်း



MP3 များကို စာသားထိုးခြင်း Cover ပုံထည့်ခြင်းများ လုပ်ဆောင်နည်း


>>> သတင်းစကား ။ ။ စာရေးတာ အတုံးတွေဖြစ်နေတယ် သိပ်အဆင်မပြေဘူးဆိုရင် 
ဒီမှာ ကျနော်အသစ်တင်ထားတဲ့ MusiBee ဆော့ဝဲကို သွားရောက်လေ့လာလိုက်ပါ 
ပိုပြီးလွယ်ကူသလို မြန်မာဖောင့်လဲ မြင်ရပါတယ် :)
http://myanmarmp3lyrics.blogspot.com/2014/05/musicbee-mp3.html

ကူညီပေးရန်  ။   ။  မိမိတို့ လုပ်ပြီးသော MP3 ကိုဖြစ်စေ ။ လိုချင်သော MP3 ကိုဖြစ်စေ 
Myanmar MP3 Lyrics Group မှာ လာရောက်တင်ပေးကြ တောင်းဆိုကြပေးဖို့ မေတ္တာရပ်ခံပါတယ် ။
Myanmar MP3 Lyrics Group သို့ https://www.facebook.com/groups/694937647219305/


အရမ်းကိုလွယ်ကူပါတယ် ထိုသို့လုပ်ဆောင်ဖို့ရန် မိမိကွန်ပြူတာမှာ MediaMonkey ဆိုတဲ့ ဆော့ဝဲလေးရှိထားဖို့ပဲ လိုအပ်ပါတယ် 
MediaMonkey ဆော့ဝဲကို မူရင်းလင့် ဒီမှာသွားရောက်ဒေါင်းယူပါ



ဆော့ဝဲကို အင်စတောလုပ်လို့ပြီးဆိုရင် ဖွင့်လိုက်ပါ ။ 
ပြီးရင်တော့ အောက်မှာပြထားတဲ့ ပုံအတိုင်းတစ်ဆင့်ခြင်းဝင်သွားလိုက်ပါ

File ဆိုတဲ့စာကိုနှိပ်၍ Open URL or File.... ဆိုတာကိုနှိပ်ပြီး မိမိလုပ်လိုသော MP3 သီချင်းကို သွားရွေးပေးလိုက်ပါ ။



အထဲရောက်ရှိသွားတဲ့ မိမိ MP3 သီချင်းပေါ်ကို RightClick နှိပ်လိုက်ပြီး Properties ဆိုတဲ့စာကို ဝင်လိုက်ပါ ။



ထွက်ကြလာတဲ့ ဘောက်ရဲ့အပေါ်ဘားက Lyrics ထဲကို ဝင်လိုက်ပြီး အကွက်ထဲမှာ သီချင်းစာသားကို ထည့်လိုက်ယုံပါပဲ ။
( စာသားရေးတဲ့အခါမှာ မြန်မာဖောင့်မမြင်ရပါဘူး ဒါ့ကြောင့် Text ဖိုင် တစ်ခုခုမှာရေးပြီးမှ ထိုအကွက်ထဲကို စာသွားချပေးလိုက်ပါ )


Cover ပုံထည့်ချင်သေးတယ်ဆိုရင် Artwork ထဲကိုဝင်ပြီး Add နှိပ်ကာ ပုံထည့်နိုင်ပါတယ် ။
ပြီးရင်တော့ ( OK ) နှိပ်လိုက်ပါ ။ 

ထို MP3 ၏အတွင်းထဲတွင် စာတန်းထိုးပါဝင်ပြီးသား ဖြစ်သွားပါပြီ ။
ထိုစာတန်းထိုးပြီးသား MP3 သီချင်းကို ဖုန်းတို့ ကွန်ပြူတာတို့တွင် ဖွင့်တာနှင့် စာတန်းထိုးဖော်ပြနေတာကို တွေ့ရမှာဖြစ်ပါတယ် ။




ကွန်ပြူတာမှာ စာတန်းထိုးမပေါ်ဘူးဆိုသူများ ပုံတွင်ပြထားသည့်အတိုင်း Windows Media Player ပေါ်တွင် RightClick နှိပ်၍ Lyrics ဆိုတဲ့ထဲကို ဝင်လိုက်ပြီ On ထားပေးလိုက်ပါ ပြီးရင် MP3 ကို ပြန်ဖွင့်ကြည့်လိုက်ပါ စာတန်းထိုး ပေါ်နေတာကိုတွေ့ရပါမယ် :)



xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

iOS ဖုန်းကတော့ MP3 ကို ဖွင့်နားထောင်လိုက်တာနဲ့ စာတန်းထိုးနဲ့ ပေါ်နေတာကို တွေ့ရပါမယ် ။




Android ဖုန်း MP3 Player မှာလဲ Lyrics ပေါ်ဖို့ကို ဖက်ရှင်ပါဝင်ပြီးသားဖြစ်ပါတယ် Player Settings ထဲမှာ သွားရောက် On ပေးလိုက်ရင် ပေါ်လာမှာဖြစ်ပါတယ် ။ 

မပါဝင်ဘူးဆိုရင်တော့ Android တိုင်းအတွက် MP3 အတွင်းထဲကို Lyrics ထည့်ထားပြီးသား သီချင်းများကို စာတန်းပေါ်ပေးတဲ့ Rocket Player ကို မားကပ်မှာ သွားရောက်ဒေါင်းယူလိုက်ပါ ။
https://play.google.com/store/apps/details?id=com.jrtstudio.AnotherMusicPlayer

သီချင်းကိုဖွင့်လိုက်ပြီးရင် Settings ထဲကိုဝင်လိုက်ပြီး Show Embedded Lyrics ကို နှိပ်ပေးလိုက်ပါ စာသားပေါ်လာပါလိမ့်မယ် :)

 
Ref: Myanmarmp3lyrics

No comments:

Post a Comment