သင်နဲ့ Friends မဟုတ်တဲ့ လူတစ်ယောက်က သင့်ထံ Message ပေးပို့တဲ့အခါမှာ Facebook က Notification ပြသပေးခြင်း မရှိပါဘူး။ သင့်အတွက် အနှောင့်အယှက်ဖြစ်မှာ စိုးလို့ဖြစ်ပါတယ်။ အဲဒီ Messages များကို Filtered Message Folder ထဲမှာ ဖွက်ပေးထားပါတယ်။ အဲဒီဖွက်ထားတဲ့ Message များကို ဖတ်ချင်ရင် နည်းလမ်းရှိပါတယ်။ အဲဒီ ဖိုဒါထဲမှာ သင်နဲ့ Friends မဟုတ်ပေမယ့် အပြင်မှာ သိကျွမ်းတဲ့ လူများရဲ့ Message များလည်း ပါဝင်နေနိုင်ပါတယ်။ အဲဒီအတွက် Filtered Message Folder ထဲမှ Message များကို ဖတ်နည်းကို ဖော်ပြပေးလိုက်ပါတယ်။

Android Device မှာ ဖွက်ထားတဲ့ Message များကို ဖတ်နည်း
(၁) Home Screen ကနေ Messenger App ကို ဖွင့်ပါ။ ညာဘက်အပေါ်ထောင့်မှ Settings Icon ကို နှိပ်ပါ။


1
(၂) People ကဏ္ဍထဲသွားပါ။
2
(၃) Message Requests ကို နှိပ်ပါ။
3

(၄) အောက်ခြေမှ Filtered Requests ကို နှိပ်ပါ။

4

(၅) Filtered Messages များကို မှိန်ဖျော့စွာ ပြသပေးထားပါတယ်။

5

(၆) Message တစ်ခုကို နှိပ်ပြီး စာများကို ဖတ်ပါ။ အဲဒီလူ ပေးပို့တဲ့ Messages များကို သင့်ရဲ့ Inbox ထဲ တန်းရောက်စေချင်ရင် Accept ကို နှိပ်ပေးပါ။

6