Thursday, October 27, 2016

♪ ဘောလုံးဝါသနာရှင်များအထူကြိုက်နှစ်သက်မယ်လို့ အာမခံပါတယ် - New Star Soccer v4.09 ♫


Cover art
NSS ကတော့ တဖြည်းဖြည်းနဲ့ Version အသစ်တွေထွက်လာတဲ့အတွက် ကစားရတာလည်း Function တွေလည်းအတော်လေးစုံလာပါပြီ။ ရုပ်ထွက်ကအစကောင်းလာပြီး ဘောလုံးကစားရတာလည်း ပိုပြီးစိတ်ဝင်စားစရာကောင်းလာပါပြီဗျာ။

New Star Soccer ဆိုတာကတော့ ကျွန်တော့်အကြိုက်ဆုံးဘောလုံး Game တွေထဲမှာတစ်ခုအပါအ၀င်ပါပဲ ဗျာ။ ကျွန်တော့်ပတ်ဝန်းကျင်ကဘော်ဒါတွေကိုကစားခိုင်းလည်းအကုန်လုံး ကြိုက်ကြတယ်ဗျာ။ သူ့ရဲ့ Game ပုံစံလေးကတော့ ပထမဆုံးစကစားတော့မယ်ဆိုရင် Training ဆင်ရတယ်ဗျာ။ ပြီးသွားရင်တော့ League တစ်ခုကိုရွေးရတာပေါ့ အစပိုင်းမှာတော့ ဟိုးးးးးအောက်ဆုံးက အသင်းတွေကိုပဲရွေးခွင့်ပေးပါတယ်။ ဥပမာ England ထဲက League တစ်ခုကိုရွေးမယ်ဆိုရင်တော့ ပုံမှန်အမှတ်ပေးပြိုင်ပွဲအပြင် FA Cap တို့ ကားလင်း ဖလားတို့တော့ ၀င်ကန်ရတာပေါ့ဗျာ။ ရာသီကုန်လို့ အမှတ်ပေးဇယားရဲ့ အဆင့်လေးအတွင်းဝင်ရင်တော့ ရာသီအသစ်မှာ နောက်ထပ်တစ်ဆင့်ထပ်တက်လို့ရတာပေါ့ ဒါမှမဟုတ်လည်း ရာသီမကုန်ခင်မှာ ကစား တာအရမ်းကောင်းနေရင်တော့ Premier League ကလှမ်းခေါ်ရင်လည်းတစ်ခါတည်းတန်းရောက်သွားတာ မျိုးပါ။ ကြားထဲမှာလည်း Europe Cup တွေ World Cup တွေကိုလည်း ၀င်ကန်ရပါသေးတယ်။ အပြင်မှာ တကယ်ကန်နေရတယ့် ပွဲစဉ်တွေအတိုင်းကိုရေးဆွဲပေးထားတာဖြစ်ပါတယ်ဗျာ။ ဘောလုံးကန်နေရင်းနဲ့ ပျင်းသွားရင်လည်း လောင်းကစားသွားကစားလို့ရသေးတယ်ဗျာ။ ဖဲရိုက်လို့ရတယ် ၊ ကာစီနိုလောင်းလို့ရ တယ် ၊ မြင်းလောင်းလို့လည်းရပါသေးတယ်။  အခုတင်ပေးထားတာ ကတော့ Hack ထားပြီးသား Game ပေါ့ဗျာ။ အောင်မြင်ပြီးသားအသင်းအနေနဲ့စပြီးကစားရ မှာဖြစ် ပြီးငွေတွေကလည်း Unlimited ပါပဲ။ ဒါမှမဟုတ်လည်းမိမိကိုယ်တိုင်အသစ်ကစားချင်လည်း New Game ကနေ၀င်ပြီးကစားနိုင်ပါတယ်ဗျာ။ ကစားကြည့်ပါဗျာ တကယ့် ကိုအကြိုက်တွေ့စေမယ့် Game တစ်ခုဖြစ်မယ်လို့အာမခံပါတယ်။





   New Star Soccer- screenshot         New Star Soccer- screenshot


   New Star Soccer- screenshot         New Star Soccer- screenshot


   New Star Soccer- screenshot         New Star Soccer- screenshot


   New Star Soccer- screenshot


   New Star Soccer- screenshot         New Star Soccer- screenshot




Download




www.pyaephyo.com
 
 

No comments:

Post a Comment