Tuesday, October 25, 2016

Android ဖုန်းများတွင် {Developer Options} ကိုဖျောက်ထားနည်း

Android ဖုန်းများတွင် {Developer Options} ကိုဖျောက်ထားနည်းကို
အလိုရှိနေကြတဲ့ ညီအကိုတွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဘာရယ်မဟုတ်ဘူးဆိုပေမယ့် 2016 Device တွေအတွက် (သို့) အချို့သော
သူတွေအတွက် တစ်ခါတလေ Developer Options ကိုဖျောက်ထားဖို့လိုအပ်မယ်ထင်ပါတယ်။

2016 Device များတွင် အသုံးပြုသူ Users တွေအတွက် ဒုက္ခပေးလာတဲ့ FRP Lock ပါပဲ အဲဒီ Lock ကို
Developer Options တွင် ထားသုံးထားလည်း ဖြစ်ပါတယ်၊ အသုံးပြုသူ Users အများစုက ဒီ Lock ကို
သတိမထားပဲ ဖုန်းကို အသုံးပြုလို့ကောင်းလာအောင်ဆိုပြီး အလွယ်တကူ Factory Reset ချလေ့ရှိကြတယ်။

Factory Reset process ကလွယ်ကူပေမယ့် Developer Options မှ OEM Unlock နေရာမှာ
Enable မပြုလုပ်ထားရင်တော့ FRPL Lock ကတော့ Welocme ဆိုပြီး ပြုံးပြုံးနဲ့ ကြိုဆိုနေမလားပါပဲ...

လိုရင်းကိုပြောရရင်တော့ FRP Lock က Developer Options တွင် ရှိနေတာဆိုတော့
င်္FRP Lock မကျအောင် Developer Options တွင်ရှိတဲ့ OEM Unlock နေရာမှာ အမှန်ခြစ်ပေးရမှာပါ။

မပေးထားမိရင်တော့ ဖုန်းကို Factory Reset ချမိတာနဲ့ သေချာတယ် ဖုန်းမှာ FRP Lock ကျမှာပါ
Lock ကျနေပြီဟေ့ ဆိုတာနဲ့ ဘာလုပ်ရမှန်းမသိဘူး Bypass way ဆိုတာလည်း မလေ့ဖူးသေးရင်တော့
သေချာပြီ ဖုန်းလုပ်ပေးနေတဲ့သူများနဲ့ Service ဆိုင်တွေကို ပြေးရတော့မယ် ကျသင့်တဲ့ ပိုက်ဆံလည်း
ပေးရတော့မယ် ကံဆိုးချင်ရင်တော့ J7 & J5 Series 2016 မျိုးနဲ့သာ တိုးလို့ကတော့ မြင်ယောင်သေး
မီးလောင်ရာ လေပင့်သလို ကိုယ်သေတွင်း ကိုယ်တူးမိနေသလို မျိုးဖြစ်နေမှာပါ။

ဒီတော့ ဘာလုပ်သင့်ပါသလဲ ဆိုပြီး တွေးမိရင်တော့ ထူးခြားတဲ့ နည်းလမ်းတော့ မတွေ့မိဘူး
ဒါပေမယ့် System Software များကို Show လုပ်ရသလို Hide လုပ်လို့လည်း ရပါတယ်။

ဖုန်း System များတွင် အသုံးပြုသူ Users များ ဖုန်းကို ကလစ်မှာစိုးလို့ကို အဲဒီ Features များကို
သီးသန့်ဖွက်ထားပေးနေတာကို သတိထားနေရမှာပါ၊ အဲဒါကို ဖေါ်ထုတ်ပြီး အသုံးပြုတတ်နေတယ် အန္တရာယ်ကိုလည်း သိပြီး ကာကွယ်နေ တတ်တဲ့သူတွေအတွက် အခက်ကြီးမဟုတ်ဘူးဆိုပေမယ့် ဒီအကြောင်းအရာတွေကို မလေ့လာဖူးတဲ့ သူတွေ အများစုကတော့ ဒီ FRP Lock ကိုကြုံနေကြရဦးမှာပဲဖြစ်ပါတယ်။
ဒီလောက်ဆိုရင်တော့ FRP Lock ဟာ 2016 Device များကိုအသုံးပြုနေကြတဲ့ Users တိုင်း
သတိထားပြီး ကြိုတင်ကာကွယ်ထားတာ ပြီးတော့ ဖြစ်တတ်တဲ့ သဘောတရားများကို လေ့လာ
ထားတာမျိုးလိုအပ်မယ်ထင်ပါတယ်၊ ကျနော်စမ်းပြထားပါတယ်၊ A7 ဖုန်းတစ်လုံးနဲ့ J7 ဖုန်းများမှ
ဗားရှင်း 5.1 Root မဖောက်ထားတဲ့ ဖုန်းတစ်လုံးနဲ့ J7 root ဖောက်ပြီးသား ဖုန်းတစ်လုံးကို စမ်း
သပ်ထားတာမို့ သင့်ဟာ 2016 ခုနှစ်ထုတ် Brand New များကိုအသုံးပြုနေတယ်ဆိုရင်တော့
ဖေါ်ပြနည်းလမ်းကို စမ်းသပ်ကြည့်ပြီး မလိုအပ်ပဲထွက်သွားမယ့် ယိုပေါက်ကို ကြိုတင်ကာကွယ်နိုင်ပါတယ်။
မိမိဖုန်းက 2016 Device ဖုန်းတစ်လုံးလည်ဖြစ်တယ် Developer Options လည်းပေါ်နေတယ်
အထဲကိုဝင်ကြည့်လိုက်ပြန်တော့လည်း OEM Unlock ဆိုပြီး တွေ့နေတယ်ဆိုရင်တော့ အဲဒီ
နေရာတွင် Enable သို့မဟုတ် အမှန်ခြစ်လေးကို ပေးထားပြီး Developer Options ကိုပြန်လည်
ဖျောက်ပေးထားလိုက်ရင် ဖုန်းကို ကြိုက်သလောက် Factory Reset ချ FRP Lock ကမကျတော့ဘူးပေါ့
အဲသလို Developer options နေရာမှာ OEM Unlock ကိုအမှန်ခြစ်ပေးပြီး ဖွင့်ထားခဲ့ရင်
Download Mode ၀င်ကြည့်မလား FRP Lock Off/ Fastboot Mode ၀င်ကြည့်မလား
FRP Unlock စသည်ဖြင့် မြင်နေရမှာဖြစ်ပါတယ်၊ ဒီတော့ အန္တရာယ်ကို ကြိုတင်ကာကွယ်ထားရာ
ရောက်နေပြီပေါ့ဗျာ လုပ်နည်းများကို အောက်မှာ ဆက်ပြီး လေ့လာကြည့်လိုက်ပါ။
မှတ်ချက်...။ ဖုန်းကို Root မဖောက်ပဲ Font changer apk များဖြင့် အသုံးပြုနေကြတဲ့သူတွေကတော့
ဖေါ်ပြပါနည်းလမ်းအတိုင်း Settings ကို Clear ပြုလုပ်လိုက်ရင်တော့ ထည့်သွင်းထားတဲ့ ဖောင့်က
Normal ဖြစ်သွားမှာဖြစ်လို မြန်မာစာအတွက် မိမိထည့်သွင်းခဲ့တဲ့အတိုင်း ပြန်လည်ထည့်သွင်းပေးရပါမယ်။

{Developer Options} ကိုဖျောက်ထားနည်း
========================
အခုကျနော် စမ်းသပ်ထားတဲ့ကတော့ A7 ဖုန်းတစ်လုံးနဲ့ J7 ဖုန်းများ ဖြစ်ပါတယ် A7 ဖုန်းကတော့
Root မဖောက်ရသေးတဲ့ ဖုန်းတစ်လုံးဖြစ်ပြီး၊ J7 ဖုန်းကတော့ Root ဖောက်ပြီးသားဖုန်းဖြစ်ပါတယ်။

A7 ဖုန်း ဗားရှင်းကတော့ 5.1 ဖြစ်ပြီး J7 ဖုန်း ဗားရှင်းကတော့ 6.0.1 ဖြစ်ပါတယ်၊ A7 ဖုန်းမှာတော့
Developer Options တွင် OEM Unlock မပါဝင်သေးပါ၊ ဒီတော့ အဲဒီဖုန်းအတွက် FRP Lock မရှိသေးပါ။

ဒါပေမယ့်လည်း Root ဖောက်ထားတဲ့ ဖုန်းတစ်လုံး မဟုတ်တာကြောင့် သတိထားပြီး လုပ်စေချင်လို့
တကူးတက ရှာဖွေပြီး လက်တွေ့စမ်းသပ်ထားတာမို့ Knowledge တစ်ခုအနေဖြင့် လေ့လာကြည့်ပါ။

2016 Devices 6.0.1 (FRP LOck ပါသည့် ဖုန်းများအတွက်
=================================
၁။ ဖုန်းမှ Settings ဆိုတာကိုနှိပ်ပါ။
၂။ Developer options ဆိုတာကို တွေ့ပါလိမ့်မယ်။

၃။ အနီရောင်ဖြင့် ၀ိုင်းပြထားတဲ့ Applications ကိုနှိပ်ပါ။

၎။ Application manager ကိုထပ်နှိပ်လိုက်ပါ။

၅။ အနီရောင်ဖြင့်ဝိုင်းပြထားသည့် More ကိုနှိပ်ပါ။
၆။ Show system apps ကိုထပ်နှိပ်လိုက်ပါ။

၇။ Settings ကိုလိုက်ရှာပြီး တစ်ချက်နှိပ်လိုက်ပါ။

၈။ Storage ကိုထပ်နှိပ်ပေးလိုက်ပါ။

၉။ Clear Data ကိုထပ်နှိပ်ပါ။

၁၀။ အောက်ပုံအတိုင်း Delete ကိုနှိပ်ပါ။
၁၁။ Process ပြီးသွားရင် Settings ကိုဝင်လိုက်ပါ။
၁၂။ ပုံတွင် မြင်ရသည့်အတိုင်း Developer Options က
သင့်ဖုန်း System settings ထဲတွင်မရှိနေတော့ပါဘူး။

၁၃။ ပြန်ဖေါ်ချင်တယ်ဆိုရင်တော့ Settings>>About device >>နှိပ်သွားလိုက်ပြီး
Build number ကို ခုနှစ်ချက်လိုက်ပါ၊ You are a developer စသည်ဖြင့်ပေါ်လာခဲ့ရင်တော့
 ပုံမှန်အတိုင်း Settings တွင် Developer Options ပေါ်လာပါလိမ့်မယ်။
Android Devices (FRP Lock မပါသည့် ဖုန်းများအတွက်
=================================
၁။ ဖုန်းမှ Settings ဆိုတာကိုနှိပ်ပါ။

၂။ Developer options ဆိုတာကို တွေ့ပါလိမ့်မယ်။

၃။ Application manager ကိုထပ်နှိပ်လိုက်ပါ။

၅။ Application Manager မှ All သို့သွားပါ
 Settings ကိုလိုက်ရှာပြီး တစ်ချက်နှိပ်လိုက်ပါ။

၉။ Clear Data ကိုထပ်နှိပ်ပါ။

၁၀။ အောက်ပုံအတိုင်း OK ကိုနှိပ်ပါ။
၁၁။ Process ပြီးသွားရင် Settings ကိုဝင်လိုက်ပါ။
၁၂။ ပုံတွင် မြင်ရသည့်အတိုင်း Developer Options က
သင့်ဖုန်း System settings ထဲတွင်မရှိနေတော့ပါဘူး။
၁၃။ ပြန်ဖေါ်ချင်တယ်ဆိုရင်တော့ Settings>>About device >>နှိပ်သွားလိုက်ပြီး
Build number ကို ခုနှစ်ချက်လိုက်ပါ၊ You are a developer စသည်ဖြင့်
ပေါ်လာခဲ့ရင်တော့ ပုံမှန်အတိုင်း Settings တွင် Developer Options ပေါ်လာပါလိမ့်မယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်
ဇူးနစ်(နည်းပညာ)



No comments:

Post a Comment