Thursday, October 27, 2016

♪ Google Assistant ကို အရင် Nexus နဲ့ တခြား Android တွေမှာ install နည်း ♫


ဇူလိုင်လ ၉ရက် ၂၀၁၂ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Google ဟာ အခုဆိုရင် ကိုယ်ပိုင် assistant တစ်ခုကို တီထွင်နိုင်ခဲ့ပါပြီ။ Google Assistant ဟာ တစ်ဦးတစ်ယောက်ချင်းစီအတွက် ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။ natural language AI အများအပြားကိုလည်း အသုံးပြုထားပါတယ်။ အစားထိုးဝင်ရောက်လာမှုတစ်ခုလို့ ဆိုရမယ့်အစား အဆင့်မြင့်လာတဲ့ Google လို့ပြောရင် ပိုကောင်းမယ်ထင်ပါတယ်။ အခုတော့ လေယာဉ်ပျံသန်းချိန်ကအစ ဟင်းချက်နည်းအဆုံး လူသားတွေအတွက် ဖြေကြားပေးနေပါတယ်။

Google Home လို့ခေါ်တဲ့ ကျွန်တော်တို့ရဲ့အိမ်နဲ့ ပေါင်းစပ်ပြီးတော့ အံ့သြစရာတွေ ပြုလုပ်ပေးနိုင် ပါတယ်။ ဒါ့အပြင်ကို သင့်ရဲ့ Google car ကိုတောင် မောင်းပေးနိုင်ပါတယ်။

စစချင်းကတော့ အဲဒီ assistant ဟာ Android N တွေအတွက်သာ ထွက်ရှိခဲ့ပေမယ့် အခုတော့ အခြားဟာတွေမှာလည်း ထည့်နိုင်ပါပြီ။ ဒီအရာကို ဖြစ်နိုင်အောင်ကြိုးစားပေးခဲ့တဲ့ brianelv of XDA ကို ကျေးဇူးတင်လိုက်ပါ။ တခြား Android N or M တွေမှာ assistant ကို ဘယ်လိုရအောင်လုပ်သွားမလဲဆိုတာကို ပြောပြပေးသွားမှာပါ။


အတည်ပြုထားသော ပစ္စည်းများအနေနဲ့ကတော့
  • Google Nexus 6P
  • Google Nexus 5X
  • Google Nexus 6
  • Google Nexus 5
  • Google Nexus 4
  • Google Pixel C
  • Moto G 2013
  • Moto G 2015
  • OnePlus One
  • Lenovo Vibe K5 Plus
  • YU Yureka Plus
  • Samsung Galaxy S5 | CM14
  • Devices running CM13 or CM 14
Note : အပေါ်မှာပြထားတာတွေကတော့ အတည်ပြုချက်ရရှိထားတဲ့ဟာတွေ ဖြစ်ပြီး Android M or N install လုပ်ထားတဲ့ ဖုန်းတွေမှာလည်း သုံးလို့ရပါတယ်။
Google Assistant ကို Android M ပေါ်တွင် install ပြုလုပ်ခြင်း
  • သင့်ရဲ့ဖုန်းမှာ Xposed Framework install လုပ်ပါ။
  • Xposed Frameworkရဲ့ modules sectionမှ N-ify Xposed Module ကို ဒေါင်းလုတ်ဆွဲပါ။
  • ဒေါင်းလုတ်ဆွဲပြီးတဲ့အခါမှာ ဖွင့်ပြီးတော့ ဖုန်းကို reboot လုပ်ပါ။
  • အောက်မှာပြထားတဲ့နည်းနှစ်မျိုးထဲက တစ်ခုကို အသုံးပြုပါ။
ကြိုတင်လိုအပ်ချက်များ
  • Android 6.0/7.0 or higher
  • SuperSU or kernel with dm-verity disabled
  • Latest Google app (6.5.35.21 or newer)
  • BuildProp Editor (download from Google Play Store)
  • Make sure TWRP is installed (if using automatic method)
  • Download the flashable .zip files (if using automatic method)
Google Assistant ကို install လုပ်တဲ့နေရာမှာ နည်းနှစ်နည်း ရှိပါတယ်။ manual နဲ့ automatic ဖြစ်ပါတယ်။ သင်ကြိုက်နှစ်သက်ရာကို အသုံးပြုနိုင်ပါတယ်။
Manual Method
၁။ သင့်ဖုန်းရဲ့ build.prop မှာ ပြင်ရပါမယ်။ BuildProp Editor ကိုဖွင့်ပြီး ro.product.model ဆိုတဲ့စာသားလေးကိုရှာပါ။ ပြီးရင်တော့ ro.product.model=Pixel XL လို့ ပြင်ရေးလိုက်ပါ။
၂။ ro.opa.eligible_device ဆိုတဲ့စာသားလေးကိုရှာပြီး ro.opa.eligible_device=true လို့ ပြင်ရေးလိုက်ပါ။
Automatic Method
၁။ .zip ဖိုင်တွေကို သင့်ဖုန်းထဲကို ကူးလိုက်ပါ။
၂။ Recovery လုပ်လိုက်ပါ။
၃။ GoogleAssistantVelvet.zip ကို ဖြည်လိုက်ပါ။
၎။ GoogleAssistantBuildProp.zip ကို ဖြည်လိုက်ပါ။
၅။ reboot ပြန်လုပ်ပါ။
ပြီးပါပြီ။ သင့်ဖုန်းမှာ Google Assistant ကို သုံးကြည့်လိုက်ပါ။

Screenshots:
null
null

Google Assistant ကို ဘယ်လိုထင်သလဲ၊ သုံးရတာဘယ်လိုနေသလဲဆိုတာ ပြောပြပါ။ သင့်ရဲ့စကားသံတွေကို ကွန်မန့်ကနေတစ်ဆင့် စောင့်မျှော်နေပါတယ်။

Aung Phyo Oo (Myanmar Mobile App)



No comments:

Post a Comment